ကမ္ဘာကျော်ရေမွှေး Brand တွေထက် ဈေး ဆယ်ဆလောက် သက်သာတဲ့ Cara Perfume

ဈေးသိန်းချီပေးဝယ်ရပေမဲ့ နောက်ပိုင်း ဈေး ဆယ်ဆလောက် သက်သာတဲ့ Inspired Perfume တွေ ပေါ်လာတော့ တော်တော်အဆင်ပြေတယ်။ နှမြောနေစရာမလိုတော့ဘူး။ စိတ်တိုင်းကျ အမုန်းစွတ်ပဲ။ Inspired Perfume ဆိုတာ ကမ္ဘာကျော် နာမည်ကြီးရေမွှေးတွေရဲ့ ရနံ့ကို Inspired ယူထားတာပါ။ ကမ္ဘာကျော်ရေမွှေးတွေရဲ့ အနံ့အတိုင်း ထပ်တူနီးပါးကျအောင် ထုတ်လုပ်ထားတာပါ။ ဗူးဒီဇိုင်းတွေ၊ Brand နာမည်တွေတော့ ကွာသွားတာပေါ့လေ။ နိုင်ငံတကာမှာ Inspired Perfume ဆိုပြီး ဈေးကွက်ရှိပါတယ်။ မြန်မာမှာလည်း Inspired Perfume Brand တွေပေါ်လာတာ Budget အရ တော်တော်အဆင်ပြေပါတယ်။ ပုံမှန် ၂ သိန်း ၃ သိန်းလောက်ပေးဝယ်ရတဲ့ ရေမွှေးတွေနဲ့ အနံ့တူကို ၂ သောင်း ဝန်းကျင်လောက်ပဲ ပေးရတော့ တော်တော်အဆင်ပြေပါတယ်။ Inspired … More ကမ္ဘာကျော်ရေမွှေး Brand တွေထက် ဈေး ဆယ်ဆလောက် သက်သာတဲ့ Cara Perfume

ဓမ္မတာလာတုန်း ခရီးသွားရတဲ့အခါ အသုံးဝင်မယ့် အချက်တွေ

How to travel confidently on your period ဓမ္မတာလာတုန်း ခရီးသွားရတဲ့အခါ အသုံးဝင်မယ့် အချက်တွေကို ပြောပြထားပါတယ် Nu Myat around the World Channel ကို Subscribe လုပ်ရန် https://youtube.com/c/NuMyataroundtheWorld?sub_confirmation=1

ကင်ဆာကိုရင်ဆိုင်နိုင်ခဲ့ပုံ How I survived Thyroid Cancer

Popular Journal ရဲ့ Beyond the Women အစီအစဉ်မှာ လွန်ခဲ့တဲ့ ၇နှစ်က ကင်ဆာရောဂါကို ရင်ဆိုင်ခဲ့ရတဲ့အကြောင်းတွေ ပြောပြထားတာပါ Nu Myat around the World Channel ကို Subscribe လုပ်ရန် https://youtube.com/c/NuMyataroundtheWorld?sub_confirmation=1

နှာချေခြင်းအကြောင်း သင် ဘယ်လောက်သိပါသလဲ

ဒေါက်တာနုမြတ်သိင်္ဂ ီဦးမိုးတွင်းရောက်ပြီဆိုတော့ အအေးမိတုပ်ကွေးနဲ့အတူ နှာရည်ယို၊ နှာချေတာတွေပါ တွဲဖြစ်လာတတ်ပါတယ်။ ဒါကြောင့် နှာချေတာနဲ့ပတ်သက်ပြီး သိသင့်တာတွေကို ဒီ Quiz လေးဖြေကြည့်ရင်း အဖြေရှာကြည့်ကြရအောင်။ ၁။ အောက်ပါတို့အနက် ဘယ်အရာက နှာမချေစေဘူးလဲ။(က) အလင်းရောင်စူးစူးကိုကြည့်ခြင်း(ခ) အစာများများစားခြင်း(ဂ) အိပ်မက်ဆိုးမက်ခြင်း(ဃ) နှာခေါင်းမွှေးနှုတ်ခြင်း ၁။ (ဂ) အိပ်မက်ဆိုးမက်ခြင်းနှာခေါင်းအတွင်း ယားယံစေတဲ့အရာတစ်ခုခုရှိပါက နှာခေါင်းယားကာ နှာချေနိုင်ပါတယ်။ နှာချေစေနိုင်တဲ့အရာတွေက အအေးမိတုပ်ကွေးရောဂါပိုးမွှားတွေအပြင် ငရုတ်ကောင်း၊ လေအေး၊ ငှက်မွှေး၊ တိရစ္ဆာန်အမွှေး၊ ဖုန်မှုန့်၊ ပန်းဝတ်မှုန်လိုအရာတွေကနေ တခြားအရာများစွာရှိပါတယ်။ လူဦးရေရဲ့ သုံးပုံတစ်ပုံလောက်က နေရောင်လို အလင်းရောင်စူးစူး ကြည့်မိတဲ့အခါမှာလည်း နှာချေတတ်ကြပါတယ်။ အစပ်စာစားခြင်း၊ အစာများများစားခြင်း၊ မျက်ခုံးမွှေးနှုတ်ခြင်း၊ ကြောက်တာလိုမျိုး ပြင်းထန်တဲ့စိတ်ခံစားမှု၊ လိင်ဆက်ဆံခြင်း၊ အားကစားလုပ်ခြင်းတို့ကလည်း နှာချေစေပါတယ်။ ဒါပေမဲ့ အိပ်မက်ဆိုးမက်တာကတော့ နှာမချေစေနိုင်ပါဘူး။ အိပ်ပျော်နေတုန်း နှာခေါင်းရှိ … More နှာချေခြင်းအကြောင်း သင် ဘယ်လောက်သိပါသလဲ

နိုင်ငံခြားဘာသာစကား သင်သင့်သော အကြောင်းရင်း ၉ ခု – 9 reasons to learn foreign Language

နိုင်ငံခြားဘာသာစကား သင်သင့်သော အကြောင်းရင်း ၉ ခု 9 reasons to learn foreign Language Nu Myat around the World Channel ကို Subscribe လုပ်ရန် https://youtube.com/c/NuMyataroundtheWorld?sub_confirmation=1

အမြင်အာရုံအကြောင်း သင်ဘယ်လောက်သိပါသလဲ

အမြင်အာရုံအကြောင်း သင်ဘယ်လောက်သိပါသလဲဒေါက်တာနုမြတ်သိင်္ဂီဦး အာရုံငါးပါးမှာ အမြင်အာရုံက အလွန်အရေးကြီးပါတယ်။ အမြင်အာရုံချို့တဲ့တာနဲ့ နေထိုင်သွားလာရခက်ခဲပါတယ်။ အရေးကြီးတဲ့အမြင်အာရုံနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိသလဲ လေ့လာကြည့်ကြရအောင်။ ၁။ ကွန်ပြူတာမျက်နှာပြင်၊ ဖုန်းမျက်နှာပြင်ကို တစ်နေကုန်ကြည့်ပါက အမြင်အာရုံကို ပျက်စီးစေနိုင်ပါတယ်။(က) မှန်(ခ) မှား ၁။ (ခ) မှားဖုန်း၊ ကွန်ပြူတာ၊ တီဗီတို့ကို တစ်နေကုန်ကြည့်ပါက မျက်လုံးတွေကို ပင်ပန်းစေ၊ ညောင်းညာစေနိုင်ပြီး ခေါင်းကိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ မျက်လုံးကိုတော့ မပျက်စီးစေနိုင်ပါဘူး။ မပျက်စီးစေနိုင်ပေမဲ့ ဆက်တိုက်အသုံးမပြုသင့်ပါဘူး။ မကြာခဏ အနားပေးရပါမယ်။ ကွန်ပြူတာအသုံးပြုလို့ မိနစ် ၂၀ ကြာတဲ့အခါ ခဏနားပါ။ ပေ ၂၀ အကွာက အရာတစ်ခုခုကို စက္ကန့် ၂၀ ကြာ စိုက်ကြည့်ပေးပါ။ ၂။ စာဖတ်လို့၊ ကားမောင်းလို့အဆင်ပြေနေရင် မျက်လုံး စမ်းသပ်စစ်ဆေးဖို့ မလိုအပ်သေးပါဘူး။(က) မှန်(ခ) … More အမြင်အာရုံအကြောင်း သင်ဘယ်လောက်သိပါသလဲ

ခလုတ်အစုံပါတဲ့ ဘိုထိုင်အိမ်သာတပ် Toto Washlet Review

ဂျပန်သွားတုန်းက ကြုံခဲ့ရတဲ့ ဘိုထိုင်အိမ်သာဆန်းဆန်းလေးအကြောင်း ပြောပြမယ်… ခလုတ်အစုံပါတဲ့ ဘိုထိုင်အိမ်သာတပ် Toto Washlet Review Nu Myat around the World Channel ကို Subscribe လုပ်ရန် https://youtube.com/c/NuMyataroundtheWorld?sub_confirmation=1

ခါးအဆီနဲ့ ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ

ခါးအဆီနဲ့ ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲဒေါက်တာနုမြတ်သိင်္ဂဦး ခါးတုတ်ဗိုက်ပူတာက ကြည့်ရဆိုးသလို ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ခါးကအဆီပိုတွေက ကျန်းမာရေးကို ဘယ်လိုထိခိုက်စေသလဲဆိုတာ လေ့လာကြည့်ကြရအောင်။ ၁။ ခါးအတိုင်းပေါ်မူတည်ပြီး ကျန်းမာရေးကို ခြုံငုံဖော်ပြနိုင်တယ်။(က) မှန်(ခ) မှား ၁။ (က) မှန်ခါးအတိုင်း ၃၅ လက်မအထက်ရှိသူ အမျိုးသမီးတွေနဲ့ ခါးအတိုင်း ၄၀ လက်မအထက်ရှိသူ အမျိုးသားတွေမှာ အဝလွန်ခြင်းဆိုင်ရာရောဂါတွေ ဖြစ်နိုင်ချေများပါတယ်။ အမျိုးအစား ၂ ဆီးချိုရောဂါ၊ သွေးတိုးရောဂါဖြစ်နိုင်သလို ကိုလက်စထရောလည်း များတတ်ပါတယ်။ ၂။ လူအများစုမှာ ခါးသေးဖို့ဆိုရင် အဆီလျှော့ဖို့ အဓိကအရေးကြီးပါတယ်။(က) မှန်(ခ) မှား ၂။ (က) မှန်လူအများစုမှာ အဆီတွေများနေလို့သာ ခါးတုတ် ဗိုက်ပူကြတာပါ။ အဆီပိုတွေလျှော့ကျဖို့ဆိုရင် ကယ်လိုရီပမာဏကို ကိုယ်စားတာထက် ပိုလောင်ကျွမ်းစေရမှာပဲဖြစ်ပါတယ်။ အစာလျှော့တာ၊ အဝစာရှောင်တာက စားတဲ့ … More ခါးအဆီနဲ့ ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ

စားရင်းသောက်ရင်း ဝိတ်ချနည်း Effortless Weight Loss Tips

Effortless Weight Loss Tips in “Let Me Share” TV Program of “Cherry for You” Channel စားရင်းသောက်ရင်း ဝိတ်ချနည်းကို ဒေါက်တာနုမြတ်သိင်္ဂီဦးကနေ Cherry For you ပရိသတ်များအတွက် ပြောခဲ့စဉ်ကပါ Nu Myat around the World Channel ကို Subscribe လုပ်ရန် https://youtube.com/c/NuMyataroundtheWorld?sub_confirmation=1

ခန္ဓာကိုယ်ကအသံများအကြောင်း သင်ဘယ်လောက်သိပါသလဲ

ခန္ဓာကိုယ်ကအသံများအကြောင်း သင်ဘယ်လောက်သိပါသလဲဒေါက်တာနုမြတ်သိင်္ဂဦး ခန္ဓာကိုယ်ကထွက်လာတဲ့ အသံတွေအကြောင်း ပိုပြီး သိရှိရအောင် ဒီ Quiz လေး ဖြေကြည့်လိုက်ပါ။၁။ အသက်ရှူတိုင်း နှာခေါင်းမှာ တရွှီးရွှီးနဲ့အသံမြည်တာက ဘာကြောင့်ဖြစ်နိုင်လဲ။(က) လေ့ကျင့်ခန်းကြောင့်ဖြစ်လေ့ရှိတဲ့ ရင်ကြပ်ရောဂါကြောင့်(ခ) ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေကြောင့်(ဂ) နှာခေါင်းထဲ အပေါက်ရှိနေလို့၁။ (ဂ) နှာခေါင်းထဲ အပေါက်ရှိနေလို့အသက်ရှူတိုင်း နှာခေါင်းမှာ တရွှီးရွှီးနဲ့အသံမြည်တာက နှာခေါင်းထဲ အပေါက်ရှိနေလို့ ဖြစ်နိုင်ပါတယ်။ နှာခေါင်းပေါက်နှစ်ဘက်ကို ခြားထားတဲ့ နံရံက ပုံမှန်ဆို မာနေရပါမယ်။ အဲဒီနံရံမှာ အပေါက်အပြဲရှိနေပါက အသက်ရှူသွင်းရှူထုတ်တိုင်း တရွှီးရွှီးနဲ့ လေတိုးသံကြားနေရမှာပါ။ ဒီလိုအသံတွေကြားနေရရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။ အပေါက်ကြီးရင် ကြီးသလို ခွဲစိတ်ကုသမှုခံယူသင့်ယူရမှာပါ။ ၂။ လက်ဆစ်ချိုးတာက အရိုးအဆစ်ရောင်ရောဂါ ဖြစ်စေနိုင်ပါသလား။(က) ဖြစ်စေနိုင်တယ်(ခ) မဖြစ်စေနိုင်ဘူး၂။ (ခ) မဖြစ်စေနိုင်ဘူးလက်ဆစ်ချိုးပါက လက်ဆစ်ပတ်လည်က ချောဆီတွေထဲ နိုင်ထရိုဂျင်ဓာတ်ငွေ့ပူစီဖောင်းလေးတွေပေါက်ပြီး အသံထွက်တတ်ပါတယ်။ … More ခန္ဓာကိုယ်ကအသံများအကြောင်း သင်ဘယ်လောက်သိပါသလဲ