ပန်းတိုင်ဆီအရောက်လှမ်းနိုင်မယ့်နည်းလမ်းများ

ပန်းတိုင်ဆီအရောက်လှမ်းနိုင်မယ့်နည်းလမ်းများ Written by Dr.Nu Myat Theingi Oo ကိုယ်ရဲ့စိုက်ထူထားတဲ့ပန်းတိုင်ကို အောင်မြင်မှုတွေနဲ့ အရောက်လှမ်းနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက် ပါတယ်။ ၁။ အတိအကျသတ်မှတ်ပါ။ သင်ဘာကို လိုချင်တာလဲဆိုတာ သေချာသိအောင်လုပ်ပါ။ “အားကစားလေ့ကျင့်ခန်း ပိုလုပ်ချင်တယ်”ဆိုတာမျိုး ဟာ ဝိုးတိုးဝါးတားနဲ့မရေရာပါဘူး။ “တစ်နေ့ကို မိနစ် ၃၀လောက် လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ချင်တယ်”ဆို တာမျိုးကတော့ ပိုတိကျသေချာပါတယ်။ ၂။ ရေးမှတ်ထားပါ။ သင်ရောက်ချင်တဲ့ ပန်းတိုင်တွေကို ရေးချထားတာဟာ သင့်ရဲ့ဦးနှောက်ထဲ ပိုစွဲမြဲစေပြီး သင့်ကိုယ်သင် ကတိပြု ထားရာလည်း ရောက်ပါတယ်။ သင်နေ့စဉ် မြင်နိုင်တဲ့နေရာမှာ ထားသင့်ပါတယ်။ ၃။ အလွယ်ကနေ စလုပ်ပါ။ သင့်ရဲ့ ရည်မှန်းချက်က တစ်နေ့ကို မိနစ်၃၀ကြာ လမ်းလျှောက်မယ်လို့ မှန်းထားပါက စစချင်းတစ်နေ့ကို ၁၀မိနစ်စာလောက်သာ လမ်းလျှောက်ပေးပါက ပိုသဘာဝကျပြီး … More ပန်းတိုင်ဆီအရောက်လှမ်းနိုင်မယ့်နည်းလမ်းများ

ခွင့်လွှတ်ခြင်း အဆင့်(၁၀)ဆင့်

ခွင့်လွှတ်ခြင်း အဆင့်(၁၀)ဆင့် Written by – Dr.Nu Myat Theingi Oo တစ်စုံတစ်ယောက်ရဲ့ အမှားတွေအတွက် အဲဒီလူကို ခွင့်လွှတ်လိုက်ခြင်းဟာ ကျွန်မတို့ရဲ့ စိတ်ကို အံ့သြစရာကောင်း လောက်အောင် ပေါ့ပါးလွတ်လပ်စေတဲ့အတွက် ခွင့်လွှတ်ခြင်းဟာ ဘဝနေထိုင်မှု အနုပညာတစ်ရပ်လို့ပဲ ဆိုချင်ပါတယ်။ လူတိုင်းလူတိုင်းကတော့ တစ်ချိန်မဟုတ် တစ်ချိန် ကိုယ့်ရဲ့ဆွေမျိုးသားချင်း၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းတစ်ယောက် လောက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာ၊ စိတ်ပျက်စရာတွေကိုကြုံဆုံဖူးမှာပါ။ အဲဒီလိုကြုံဆုံလာတဲ့အခါတိုင်း သည်းခံ ခွှင့်လွှတ်ခြင်းဟာ နှစ်ဖက်စလုံးအတွက် အကျိုးရှိစေပြီး စိတ်ကိုသက်သာရာရစေကာ နှစ်ဦးနှစ်ဖက် ပေါင်းသင်းဆက်ဆံရေး ကိုလည်း ပိုပြီး အဆင်ပြေလာစေနိုင်ပါတယ်။ ခွင့်မလွှတ်နိုင်ခြင်းကြောင့် ဘဝမှာ နာကြည်းမှုတွေ၊ နာကျင်မှုတွေနဲ့ အသက်ဆက်နေရင် ဘဝဟာ အဓိပ္ပာယ်မှ မရှိ တော့မှန်းကို လူအတော်များများက သတိမထားမိကြပါဘူး။ လေ့လာမှုတွေအရ ဘဝနေထိုင်မှုပုံစံမှာ … More ခွင့်လွှတ်ခြင်း အဆင့်(၁၀)ဆင့်