အိမ်မွေးတိရစ္ဆာန်နှင့် ကျန်းမာရေး
အိမ်မွေးတိရစ္ဆာန်နှင့် ကျန်းမာရေး တချို့က အိမ်မွေးတိရစ္ဆာန်တွေကိုချစ်လွန်းလို့ မွေးထားတာရှိသလို တချို့ကလည်း အဖော်ရအောင်၊ အိမ်လုံခြုံ အောင် မွေးထားတာမျိုးလည်းရှိပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ မွေးထားမွေးထား၊ ကြာတော့ သံယောဇဉ်ရှိလာကာ မိသားစုဝင်တစ်ယောက်လို သတ်မှတ်ထားလာတတ်ကြပါတယ်။ တချို့ဆို မိသားစုဝင်လို၊ သားသမီးအရင်းလို သတ်မှတ် ထားကာ ခွေးတို့၊ ကြောင်တို့လို အသုံးအနှုန်းမျိုးနဲ့ ခေါ်တာမျိုးတောင် မကြိုက်ချင်ဘဲ “သားလေး”၊ “သမီးလေး”စသဖြင့် ခေါ် တတ်ကြပါတယ်။ အစားအသောက်ကို သေချာဂရုစိုက်ကျွေးမွေးကာ မွေးနေ့အထိမ်းအမှတ်တောင် ပြုလုပ်တတ်ကြပါသေး တယ်။ ကိုယ်မွေးထားတဲ့ တိရစ္ဆာန်လေးတွေ သေဆုံးသွားရင်လည်း ဝမ်းနည်းလို့မဆုံးနိုင်တော့ပါဘူး။ ကိုယ်မွေးထားတဲ့အိမ် မွေးတိရစ္ဆာန်လေးတွေကို ဘယ်လောက်ပဲချစ်ချစ်၊ ဘယ်လောက်ပဲပူးကပ်လုံးထွေးကာ နေနေ ကိုယ့်ရဲ့ ကျန်းမာရေး၊ ကိုယ့်က လေးတွေရဲ့ လုံခြုံရေးကိုတော့ ဂရုစိုက်ဖို့လိုပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေက သင့်ကျန်းမာရေးအတွက် အများကြီးအ ထောက်အကူပြုသလို သေချာဂရုမစိုက်ရင် … More အိမ်မွေးတိရစ္ဆာန်နှင့် ကျန်းမာရေး