HOW MUCH DO YOU KNOW ABOUT EXERCISE?

HOW MUCH DO YOU KNOW ABOUT EXERCISE? ===================================== ‪#‎လေ့ကျင့်ခန်းအကြောင်းဘယ်လောက်သိသလဲ‬ ♣ ဒေါက်တာနုမြတ်သိင်္ဂီဦး အဆင့်မြင့်အားကစားခန်းမတွေ Gym တွေ၊ Fitness Center တွေပေါ်လာပြီးနောက် Exercise တွေ Wor­kout တွေလုပ်နေပေမယ့် ကိုယ်လုပ်တာတွေ တကယ် ကော ထိရောက်ရဲ့လား ဗဟုသုတကောလုံလုံလောက် လောက်ရှိရဲ့လား ဆန်းစစ်ကြည့်ကြပါစို့။ ▄▄ 1 ▄▄ အနာမခံ အသာမစံဆိုတာ အမြဲမှန်လား ♣ မှန် ♣ မှား အဖြေ – မှား နာကျင်မှုခံစားရပါက လုပ်နေတာတွေရပ်လိုက်ပါ။ နောက် တစ်ခါထပ်မလုပ်ခင် ဆရာဝန်နဲ့ပြသတိုင်ပင်ပါ။ ကြွက်သားနာကျင်ရုံ သက်သက်ဆိုရင်တော့ တစ်မျိုးပေါ့။ ခုမှ လေ့ကျင့်ခန်းစလုပ်သူတွေ၊ မလုပ်ဘဲအကြာကြီးနေပြီးမှ ပြန်လုပ်သူတွေဆို ကြွက်သားတွေ တစ်ပတ် … More HOW MUCH DO YOU KNOW ABOUT EXERCISE?

သင့်ခြေလှမ်းမှပြောသော သင့်အကြောင်း

သင့်ခြေလှမ်းမှပြောသော သင့်အကြောင်း ————————————————————————– ဒေါက်တာနုမြတ်   လမ်းလျှောက်တဲ့အခါ ခပ်မြန်မြန်လှမ်းလေ့ရှိလား ဒါမှမဟုတ် ခြေလှမ်းစိပ်စိပ်လှမ်းတတ်သလား။ သင်ရဲ့ လမ်းလျှောက်ပုံ၊ ခြေလှမ်းလှမ်းပုံပေါ် မူတည်ပြီး သင့်ကျန်းမာရေးကို ခန့်မှန်းလို့ ရပါတယ်။ ဒါ့အပြင် လမ်းလျှောက်တဲ့အခါ လက်ကို များများလွှဲသလား၊ အလေးမ,ထားသလို ဒီအတိုင်းပဲ တွဲလောင်းထားပြီး လျှောက်တတ်သလားဆိုတာကလည်း ကျန်းမာရေးနဲ့ဆက်စပ်နေပါတယ်။ ဒီဆောင်းပါးကနေပြီး သင်ရဲ့ လမ်းလျှောက်ပုံလမ်း လျှောက်နည်းက သင့်ကျန်းမာရေး အကြောင်း၊ သင့်အကြောင်း ဘယ်လိုဖော်ပြနေသလဲဆိုတာ လေ့လာကြည့်ကြရအောင်… …………………………………………………………………………………………………………………………………………………….. ခြေလှမ်းစိပ်စိပ် လှမ်းတတ်ရင် … ခြေလှမ်းခပ်စိပ်စိပ်လှမ်းကာ လမ်းလျှောက်ခြင်းက တင်ပါးနဲ့ ပေါင်ရှိ ကြွက်သားတွေ တင်းရင်းနေတာကို ဖော်ပြနေပြီး ဒူးခေါင်းပေါ် အားပြုကာ လျှောက်နေရတာကြောင့် ကြာလာပါက ဒူးခေါင်း ပြဿနာတွေ ကြုံတွေ့လာနိုင်ပါတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ခြေလှမ်းစိပ်ခြင်းက … More သင့်ခြေလှမ်းမှပြောသော သင့်အကြောင်း

ရင်သားအကြောင်းဘယ်လောက်သိသလဲ

ရင်သားအကြောင်းဘယ်လောက်သိသလဲ •••••••••••••••••••••••••••••••••••••••••• ♥ ဒေါက်တာနုမြတ်သိင်္ဂီဦး ဒီမေးခွန်းလေးတွေဖြေကြည့်ရင်း အမျိုးသမီးတိုင်းအတွက် အရေးပါလှတဲ့ ရင်သားအကြောင်း သင်ဘယ်လောက်သိလဲ ဆန်းစစ်ကြည့်ကြရအောင်။ #ရင်သားနှစ်ဖက် အရွယ်အစားတူညီသင့်တယ် ◘ မှန် ◘ မှား အဖြေ – မှား အမျိုးသမီးတစ်ယောက်ရဲ့ ရင်သား တစ် ဖက်နဲ့တစ်ဖက် အရွယ်အစားမတူညီတာ ရှက်စရာ မဟုတ်ပါဘူး။ လေ့လာချက်အရ အမျိုးသမီး ၄၄ရာ ခိုင်နှုန်းဟာ သူတို့ရဲ့ ရင်သားတစ်ဖက်က တစ်ဖက် ထက်ပိုပြီးသေးနေတယ်လို့ ထင်တတ်ကြပါတယ်။ ဒါက ရင်သား အရွယ်အစားပဲရှိပါသေးတယ်။ နို့သီး ခေါင်းအရွယ်အစားနဲ့ရင်သားပုံစံကိုပါ ထည့်တွက် မယ်ဆိုရင် ၈၈ ရာခိုင်နှုန်းက မတူညီဘူးလို့ဖြေကြ မှာပါ။ #နို့သီးခေါင်းအပိုတွေဟာ ◘ ဘယ်နေရာမဆိုထွက်နိုင်တယ်။ မျက်နှာပေါ်တောင် ရှိနေတတ်တယ်။ ◘ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုရှိတတ် … More ရင်သားအကြောင်းဘယ်လောက်သိသလဲ

My Blogs and My Pages

Follow me on Facebook Personal Facebook Account : Nu Myat Theingi Oo https://www.facebook.com/numyat Facebook Page : Dr Nu Myat Theingi Oo https://www.facebook.com/drnumyat Facebook Travel Page : Nu Myat Around the World https://www.facebook.com/numyataroundtheworld/   WordPress Article Blog : Dr Nu Myat Theingi Oo https://numyattheingioo.wordpress.com/ Travel Blog : Nu Myat around the World https://numyataroundtheworld.wordpress.com/

ကျန်းမာရွှင်လန်းစေနိုင်တဲ့ အသက်ရှူနည်းအမျိုးမျိုး

အသက်ရှူလေ့ကျင့်ခန်းတွေဟာ ရင်ကြပ်ရောဂါရှိသူတွေကို ရင်ကြပ်သက်သာတဲ့ ရှူဆေး(Inhaler)တွေ သုံးစွဲရနှုန်း လျော့နည်းစေပါတယ်။ ဒါ့အပြင် တချို့အသက်ရှူနည်းတွေဟာ စိတ်ပူပန်မှုတွေကို လျော့နည်းသက်သာစေရုံမျှမက လုပ်ဆောင်မှုတွေကိုပါ ကောင်းမွန်စေတာကို တွေ့ရပါတယ်။  ♥ အိပ်ပျော်စေဖို့ ( အသံထွက်အသက်ရှူနည်း ) အသံထွက်ခြင်းဟာ အသက်ရှူထုတ်ရာမှာ ပိုမိုလွယ်ကူချောမွေ့စေပါတယ်။ အသက်ပြင်းပြင်းရှူသွင်းကာ အသက် ရှူထုတ်တဲ့အခါ “အွမ်း”(mmm)ဆိုတဲ့အသံနဲ့ ရှူထုတ်ပြီး စိတ်ပြေလျှော့အနားရတဲ့အထိ ပြုလုပ်ပါ။ ဘေးပတ်ဝန်းကျင်မှာ လူတွေရှိလို့ အသံထွက်ရခက်ခဲနေရင်တော့ အသက်ပြင်းပြင်ရှူသွင်း၊ ရှူထုတ်ကာ ခဏရပ်ပြီးမှ နောက်ထပ်တစ်ခါထပ်ရှူ သွင်း၊ ရှူလုပ်ပါ။ ♥ လုပ်ဆောင်မှုတွေကောင်းမွန်စေဖို့ ( နှာခေါင်းပေါက်တစ်ဖက်စီအလှည့်ကျအသက်ရှူပါ ) ဒီလိုမျိုးအသက်ရှူနည်းဟာ စိတ်တွေကို အာရုံစိုက်စေတဲ့အတွက် အသိဥာဏ်ပညာကောင်းမွန်စေပြီး အားကစား လုပ်ဆောင်မှုတွေကိုပါ ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ ညာဘက်နှာခေါင်းပေါက်ကို ညာဘက်လက်မဖြင့် ပိတ်ကာ အသက်ရှူ ထုတ်ပါ။ ပြီးရင် … More ကျန်းမာရွှင်လန်းစေနိုင်တဲ့ အသက်ရှူနည်းအမျိုးမျိုး

ကိုယ်ရေးအကျဉ်း မိတ်ဆက်

ဒေါက်တာနုမြတ်သိင်္ဂိဦးသည်လက်ရှိတွင် လစဉ်ထုတ် ဖက်ရှင်၊ အလှအပနှင့် လူနေမှုဘ၀မဂ္ဂဇင်းဖြစ်သော The Chic Magazine ဧ။် အယ်ဒီတာချုပ် နှင့် အပတ်စဉ်ထုတ် ကျန်းမာရေးနှင့်အလှအပဂျာနယ်ဖြစ်သော  Good Health Journal ဧ။် အယ်ဒီတာတစ်ဦး ဖြစ်ပါသည်။ ၂၀၀၁ ခုနှစ်ခန့်မှစပြီး ဂျာနယ် မဂ္ဂဇင်းတို့တွင် အပတ်စဉ်လစဉ် ဆောင်းပါးများရေးသားလျှက်ရှိရာ ကျန်းမာရေး၊ အလှအပ၊ ဖက်ရှင်၊ ပေါင်းသင်းဆက်ဆံရေး၊ ခ၇ီးသွားဆောင်းပါး အစရှိသည့် အမျိုးအစားစုံ ဆောင်းပါးပေါင်း ၆၀၀ ခန့်ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။ ကလောင်ခွဲများမှာ ဒေါက်တာနုမြတ်၊ နုမြတ်(ဆေး-၁)၊ ပန်းဆီ၊ Shell၊ NM၊ ဂျူးလိယက် စသည်တို့ဖြစ်သည်။ လုံးချင်းအနေဖြင့် ပြည်မြန်မာဂျာနယ်တွင် အပတ်စဉ်ဖော်ပြခဲ့သော “ဂျင်ဆင်းမြေရောက် ကမ်ချီနေ့ရက်များ”ကိုယ်တွေ့ ကိုရီးယား ခရီးသွားဆောင်းပါး စာအုပ်ကို ရေးသားထုတ်ဝေဖြန့်ချိခဲ့ပါသည်။ ဂျာနယ် မဂ္ဂဇင်းတို့တွင်ေ၇းသားဖော်ပြဖူးခဲ့သော … More ကိုယ်ရေးအကျဉ်း မိတ်ဆက်