ဆွဲကြိုးနှင့်ဘယက်များဝတ်ဆင်ရာမှာ
ဆွဲကြိုးနှင့်ဘယက်များဝတ်ဆင်ရာမှာ ဆွဲကြိုး၊ ဘယက်ဝတ်ဆင်တဲ့အခါ သတိထားရမှာကတော့ လည်ပင်းတိုသူတွေ၊ လေးထောင့်မျက်နှာကျ ရှိသူတွေ၊ ရင်သားကြီးသူတွေအနေနဲ့ ဆွဲကြိုးတွေသိပ်မဝတ်သင့်ဘူးဆိုတာကိုပါပဲ။ စိတ်မကောင်းစရာက လည် ပင်တိုသူတွေ အထူးသဖြင့် မေးနှစ်ထပ်၊ သုံးထပ်ဖြစ်နေသူတွေအနေနဲ့ ဘယက်တွေ ဆွဲတဲ့အခါ ကြည့်ရဆိုးပါ တယ်။ ♦ လည်ပင်းရှည်သူတွေဟာ ကံကောင်းထောက်မစွာဖြင့် ဘယ်ဆွဲကြိုးနဲ့မဆို လိုက်ဖက်နေတာတွေ့ရပါ တယ်။ လည်ပင်းနဲ့ ကပ်နေတဲ့ ဘယက်၊ ဆွဲကြိုးတွေအပြင် ဆွဲကြိုးခပ်ရှည်ရှည်နဲ့ပါ လိုက်ပါတယ်။ ♦ ဒါပေမဲ့ လည်ပင်းရှည်သူတွေအနေနဲ့ လည်ပင်းနဲ့ကပ်နေတဲ့ ဆွဲကြိုးသေးသေးမျှင်မျှင်ဆွဲပါက သစ်ကု လားအုပ်နဲ့တူကာ အလှပျက်သွားနိုင်ပါတယ်။ အဲဒီဆွဲကြိုးအစား တခြားဆွဲကြိုးပုံစံဆွဲပါက အများကြီး ပိုကြည့် ကောင်းသွားမှာပါ။ ♦ လည်ပင်းရှည်သူတွေဟာ လည်ပင်းအဝိုင်းပုံစံအင်္ကျီကို ညှပ်ရိုးအရှည်လောက်ရှိတဲ့ ဆွဲကြိုးခပ်ကြီးကြီးနဲ့ တွဲဖက်ဝတ်ဆင်ပါက အလွန်လိုက်ဖက်လှပါတယ်။ ♦ လည်ပင်းတိုသူတွေအနေနဲ့ ဆွဲကြိုးတွေနဲ့ မလိုက်ဖက်ဘူးဆိုပေမယ့် … More ဆွဲကြိုးနှင့်ဘယက်များဝတ်ဆင်ရာမှာ