ဘာကြောင့်နှာခေါင်းသွေးလျှံရသလဲ

ဘာကြောင့်နှာခေါင်းသွေးလျှံရသလဲ နှာခေါင်းပေါက် အတွင်း မျက်နှာပြင်မှာ သွေးကြောငယ် ပေါင်းများစွာရှိပြီး ဒီသွေးကြော ငယ်တွေဟာ တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး ပျက်စီးဖို့ လွယ်ကာ နှာခေါင်းကနေ သွေးတွေထွက် လာတတ်ကြပါတယ်။ တစ်ခါတလေ နှာခေါင်းကို တစ်ခုခုက အရှိန်ပြင်းပြင်းနဲ့ တိုက်မိတဲ့အခါ နှာခေါင်း သွေးလျှံတတ်ပါတယ်။ အအေးမိခြင်း၊ ရောဂါပိုးဝင်ခြင်း ကလည်း နှာခေါင်းမျက်နှာပြင်ကို ထိခိုက် ပျက်စီးစေတာကြောင့် နှာခေါင်း သွေးလျှံစေတတ်တဲ့ အဓိက အကြောင်းရင်း တွေပဲဖြစ်ပါတယ်။ တစ် ခါတလေ ဆောင်းတွင်းမှာတိုက်တဲ့ လေအေးတွေက နှာခေါင်းတွေကို ခြောက်သွေ့စေတာကြောင့် နှာခေါင်း သွေးလျှံတတ်ပါတယ်။ ရာသီဥတု ပူလွန်း၊ စိတ်လှုပ်ရှား လွန်းရင်လည်း နှာခေါင်း သွေးလျှံတတ်ပါတယ်။ ဘာအကြောင်းပြချက်မှ မရှိဘဲ နှာခေါင်း သွေးလျှံတာမျိုးလည်း ဖြစ်တတ်ပါတယ်။ နှာခေါင်းကနေ သွေးအများကြီး … More ဘာကြောင့်နှာခေါင်းသွေးလျှံရသလဲ

Shopping ထွက်ရာမှာ သိသင့်သောအချက်များ

Shopping ထွက်ရာမှာ သိသင့်သောအချက်များ ဒီဇင်ဘာလထဲမှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးအထူးလျှော့ဈေးတွေနဲ့ ဆိုင်တွေက အပြိုင်အဆိုင်ရောင်းချနေကြ တဲ့အတွက် နိုင်ငံခြားကိုပဲဖြစ်ဖြစ်၊ ကိုယ့်နိုင်ငံထဲမှာပဲဖြစ်ဖြစ် ဈေးဝယ်ထွက်လို့ကောင်းတဲ့ရာသီပဲဖြစ်ပါတယ်။ ဈေးဝယ်လို့ကောင်းကောင်းနဲ့ဝယ်ပြီးမှ ကိုယ်နဲ့မတော်လို့ ၊ အသုံးမလိုလို့ ၊ မကြိုက်တော့လို့၊ ဝတ်စရာနေရာ မရှိလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ စိတ်ညစ်တတ်ကြတဲ့အတွက် အဲဒီလိုနောင်တရခြင်းမှ ကင်းဝေးစေဖို့ ဈေးဝယ်ထွက်တဲ့အခါ အောက်ပါအချက်တွေကို ခေါင်းထဲထည့်ထားသင့်ပါတယ်။ ဈေးဝယ်မထွက်ခင် ကိုယ့်မှာ ဘာတွေရှိနေသလဲ။ ဘာတွေလိုအပ်နေသလဲဆိုတာကြိုပြီး ကြည့်ထား ပေးပါ။ ဒါမှ ကိုယ့်မှာရှိပြီးသားပုံစံတွေနဲ့ အရောင်ဆင်တူပုံစံဆင်တူတွေမဝယ်မိမှာပါ။ တစ်ခုခုဝယ်တော့မယ်ဆိုရင် ဘယ်မှာဝတ်ရမလဲဆိုတာကိုပါ စဉ်းစားပါ။ ကိုယ်ဝယ်မယ့်အဝတ်အ စားဒီဇိုင်းက အရမ်းကို ဆန်းသစ်နေပြီး ကြိုက်လွန်းလှပေမယ့် ဘယ်လိုအခြေအနေမျိုး၊ အချိန်အခါ မျိုးမှာ ဝတ်ရမလဲစဉ်းစားရခက်နေပါက ဝတ်ရမှာရှက်နေပါက မဝယ်ပါနဲ့။ ဝယ်ထားပြီး တစ်ခါ၊ နှစ်ခါ လောက်သာဝတ်ရရင် … More Shopping ထွက်ရာမှာ သိသင့်သောအချက်များ

ဆွဲကြိုးနှင့်ဘယက်များဝတ်ဆင်ရာမှာ

ဆွဲကြိုးနှင့်ဘယက်များဝတ်ဆင်ရာမှာ ဆွဲကြိုး၊ ဘယက်ဝတ်ဆင်တဲ့အခါ သတိထားရမှာကတော့ လည်ပင်းတိုသူတွေ၊ လေးထောင့်မျက်နှာကျ ရှိသူတွေ၊ ရင်သားကြီးသူတွေအနေနဲ့ ဆွဲကြိုးတွေသိပ်မဝတ်သင့်ဘူးဆိုတာကိုပါပဲ။ စိတ်မကောင်းစရာက လည် ပင်တိုသူတွေ အထူးသဖြင့် မေးနှစ်ထပ်၊ သုံးထပ်ဖြစ်နေသူတွေအနေနဲ့ ဘယက်တွေ ဆွဲတဲ့အခါ ကြည့်ရဆိုးပါ တယ်။ ♦        လည်ပင်းရှည်သူတွေဟာ ကံကောင်းထောက်မစွာဖြင့် ဘယ်ဆွဲကြိုးနဲ့မဆို လိုက်ဖက်နေတာတွေ့ရပါ တယ်။ လည်ပင်းနဲ့ ကပ်နေတဲ့ ဘယက်၊ ဆွဲကြိုးတွေအပြင် ဆွဲကြိုးခပ်ရှည်ရှည်နဲ့ပါ လိုက်ပါတယ်။ ♦        ဒါပေမဲ့ လည်ပင်းရှည်သူတွေအနေနဲ့ လည်ပင်းနဲ့ကပ်နေတဲ့ ဆွဲကြိုးသေးသေးမျှင်မျှင်ဆွဲပါက သစ်ကု လားအုပ်နဲ့တူကာ အလှပျက်သွားနိုင်ပါတယ်။ အဲဒီဆွဲကြိုးအစား တခြားဆွဲကြိုးပုံစံဆွဲပါက အများကြီး ပိုကြည့် ကောင်းသွားမှာပါ။ ♦        လည်ပင်းရှည်သူတွေဟာ လည်ပင်းအဝိုင်းပုံစံအင်္ကျီကို ညှပ်ရိုးအရှည်လောက်ရှိတဲ့ ဆွဲကြိုးခပ်ကြီးကြီးနဲ့ တွဲဖက်ဝတ်ဆင်ပါက အလွန်လိုက်ဖက်လှပါတယ်။ ♦        လည်ပင်းတိုသူတွေအနေနဲ့ ဆွဲကြိုးတွေနဲ့ မလိုက်ဖက်ဘူးဆိုပေမယ့် … More ဆွဲကြိုးနှင့်ဘယက်များဝတ်ဆင်ရာမှာ

ခေါင်းကိုက်၊ ခေါင်းမူးမဖြစ်ပေါ်မီ ကြိုတင်ကာကွယ်ရအောင်

ခေါင်းကိုက်၊ ခေါင်းမူးမဖြစ်ပေါ်မီ ကြိုတင်ကာကွယ်ရအောင် မနက်မိုးလင်းအိပ်ယာထကတည်းက အောက်ပါနည်းအတိုင်း ပြုမူကျင့်ကြံသွားမယ်ဆိုရင် နေ့စဉ်နေ့တိုင်းဆေးဝါး အကူအညီမလိုဘဲ ကိုက်ခဲနာကျင်မှုတွေမှ ကင်းဝေးနိုင်မှာပါ။ မနက် (၇) နာရီ နှိုးစက်အကူအညီမယူပါနဲ့ တတ်နိုင်ရင် နှိုးစက်မပေးထားဘဲ သသာဝအတိုင်း နိုးထလာနိုင်အောင် ကြိုးစားပါ။ နေ့စဉ်နေ့တိုင်း ရုံးပိတ်ရက်တွေပါ မကျန် အချိန်မှန်အိပ်၊ အချိန်မှန်ထ လုပ်ပေးပါက မနက်မနက်ကျရင် အချိန်မှန် အိပ်ယာကနေ အလိုလို နိုးထလာမှာဖြစ်ပါ တယ်။ နှိုးစက်ပိတ်လိုက်ပြီး တစ်နာရီကျော်ကြာတဲ့အထိ ပြန်မှေးအိပ်နေတာမျိုးကလည်း သင်ရဲ့ အိပ်ချိန်စက်ဝန်းကို အနှောင့် အယှက်ဖြစ်စေပါတယ်။ သင့်ခန္ဓာကိုယ်ရဲ့ ပုံမှန်စည်းဝါးမကိုက်ညီတော့တဲ့အခါမှာ ကိုက်ခဲနာကျင်မှုတွေ ပိုမိုဖြစ်ပေါ်လာနိုင်ပါ တယ်။ မနက် ၈ နာရီ ကော်ဖီ၊ လက်ဖက်ရည်သောက်ပါ မနက်ဘက်မှာ တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေအောင် ကော်ဖီဖြစ်ဖြစ်၊ လက်ဖက်ရည်ဖြစ်ဖြစ် တစ်ခွက် သောက်ပေးသင့်ပါတယ်။ အဲဒီထဲမှာပါတဲ့ … More ခေါင်းကိုက်၊ ခေါင်းမူးမဖြစ်ပေါ်မီ ကြိုတင်ကာကွယ်ရအောင်