ထူးဆန်းခန္ဓာ အဖြေရှာစာအုပ်

ကိုယ့်ခန္ဓာကိုယ်အကြောင်း သေသေချာချာ ဂဃနဏသိထားပါမှ ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်နိုင်မှာပါ။ ဒါကြောင့် ဒီ “ထူးဆန်းခန္ဓာ အဖြေရှာ” စာအုပ်မှာ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး… အခြေခံအားဖြင့် သိသင့်တာတွေ၊ အားလုံး သိချင်နေကြတာတွေ၊ ထူးဆန်းတာတွေ၊ ပေါက်ပေါက်ရှာရှာမေးခွန်းတွေ၊ အယူအဆအမှားတွေကို သိပ္ပံနည်းကျ ဖြေရှင်းပြထားပါတယ်။ ခေါင်းအစခြေအဆုံး ကိုယ်တွင်းအင်္ဂါနဲ့ခန္ဓာကိုယ်စနစ်တွေပါမကျန် မေးခွန်းပေါင်း (၂၆၄) ခုကို အပိုင်း (၂၀) ခွဲပြီး စီစဉ်ထားတာပဲ ဖြစ်ပါတယ်။ ဒီ “ထူးဆန်းခန္ဓာအဖြေရှာ” စာအုပ်ဟာ ကလေးလူကြီးမရွေး ဗဟုသုတရှာလိုသူမှန်သမျှ ဖတ်သင့်တဲ့စာအုပ်ပါ။ အိမ်တိုင်းမှာသာမက စာကြည့်တိုက်တွေမှာပါ ဆောင်ထားသင့်ပါတယ်။ တချို့အကြောင်းအရာတွေဆိုရင် လူငယ်တွေသာမက လူကြီးတွေပါ သတိမထားမိတတ်တဲ့အရာတွေဖြစ်လို့ ဒီစာအုပ်ကနေ မိမိခန္ဓာကိုယ်နဲ့ပတ်သက်ပြီး အသိပညာ ဗဟုသုတ တိုးပွါးကြမှာပါ။ စာအုပ်အမည် – “ထူးဆန်းခန္ဓာ အဖြေရှာ” စာရေးသူ – ဒေါက်တာနုမြတ်သိင်္ဂီဦး … More ထူးဆန်းခန္ဓာ အဖြေရှာစာအုပ်