အောက်ဆီဂျင်တက်စေနိုင်တဲ့ မှောက်လျှက်အိပ် အသက်ရှူနည်

အောက်ဆီဂျင်တက်စေနိုင်တဲ့ မှောက်လျှက်အိပ် အသက်ရှူနည်း အခုတလော အောက်ဆီဂျင်အိုးတွေ ၀ယ်ရသိပ်ခက်တာကြောင့်အောက်ဆီဂျင် ကျတဲ့ ကိုဗစ်လူနာတွေ အောက်ဆီဂျင် ရှုဖို့လိုတဲ့အခါ ဒုက္ခရောက်ရပါတယ်။ ဒါကြောင့် အောက်ဆီဂျင်ကျတဲ့အခါ အောက်ဆီဂျင် ပြန်တက်အောင်လုပ်လို့ရတဲ့ သဘာဝနည်းကို ပြောပြပါမယ်။ အဲ့ဒါကတော့ #မှောက်လျှက်အိပ်ပြီးအသက်ရှူ တာပါ။ ဆေးပညာအရဆိုရင်တော့ #Proning လို့ ခေါ်ပါတယ်။ ဒီနည်းက အိမ်မှာရော၊ ဆေးရုံမှာရော ပိုက်ဆံမကုန်ဘဲ အောက်ဆီဂျင်တက်အောင်လုပ်တဲ့နည်းပဲ ဖြစ်ပါတယ်။ Proning ကို ဘာကြောင့်လုပ်သင့်လဲ ကိုဗစ်လူနာတွေမှာ အောက်ဆီဂျင်ကျမကျ Oximeter နဲ့ မကြာခဏ စစ်ပေးသင့်ပါတယ်။ အောက်ဆီဂျင်ပမာဏ ၉၄ အောက်ရောက်နေပြီဆိုရင် အောက်ဆီဂျင်ပြန်တက်လာအောင် မှောက်လျှက် အိပ်ပေးရပါမယ်။ Oximeter မရှိလို့ အောက်ဆီဂျင်တိုင်းမရဘူးဆိုရင်လည်း ကိုဗစ်သံသယဖြစ်နေပြီ၊ ကိုဗစ်ကူးစက်ခံနေရပြီဆိုရင် မှောက်လျှက် အသက်ရှူပေးတာ မမှားပါဘူး။မှောက်အိပ်တဲ့အခါ အဆုတ်တွင်းရှိ လေအိတ်တွေဆီကို … More အောက်ဆီဂျင်တက်စေနိုင်တဲ့ မှောက်လျှက်အိပ် အသက်ရှူနည်

Covid Antibody Test Kit ဆိုတာ

ကိုဗစ်ဖြစ်အပြီး ၂၁ ရက်မြောက်နေ့မှာတော့ Covid Antibody ထွက်လို့လာပါပြီ။ IgG Antibody ထွက်ရင် ကိုယ်ထဲမှာ ကိုဗစ်ပိုးတွေမရှိတော့သလို နောက်သုံးလကနေ ခြောက်လအထိလည်း တော်ရုံနဲ့ ကိုဗစ်မကူးနိုင်တော့ပါဘူး။ Antibody ထွက်မထွက်ကို Rapid Antibody Test Kit လေးနဲ့ စစ်လို့ရပါတယ်။ ကိုဗစ်ဖြစ်ပြီးသူများ Antibody ထွက်မထွက်စစ်သင့်ပါတယ်။ ဈေးက ၁၅၀၀၀ ဝန်းကျင်ဖြစ်ပြီး အိမ်မှာတင် အလွယ်တကူစစ်လို့ရပါတယ်။ • Antigen Test Kit နဲ့ မတူတာက Antigen Test က နှာခေါင်းတို့ဖတ်ယူစစ်ရတာဖြစ်ပြီး ကိုဗစ်ပိုးရှိမရှိ စစ်တာပါ။ Test kit မှာ နှစ်ကြောင်းပဲပါပြီး တစ်ကြောင်းပဲပေါ်ရင် -ve (ကိုဗစ်မရှိ)၊ နှစ်ကြောင်းပေါ်ရင် +ve (ကိုဗစ်ရှိ) ပါ။ • … More Covid Antibody Test Kit ဆိုတာ