သွေးထွက်ဒဏ်ရာများအတွက် ရှေးဦးသူနာပြုစုနည်း

သွေးထွက်ဒဏ်ရာများအတွက် ရှေးဦးသူနာပြုစုနည်း သွေးထွက်ရာမှာ နှစ်မျိုးရှိပါတယ်။ ဒဏ်ရာ၊ အနာတရကနေ သွေးထွက်လာတဲ့ အပြင်ဘက်သွေးထွက်ခြင်း (External Bleeding)နဲ့ အပြင်ဘက်မှာ သွေးမထွက်ပေမဲ့ ကိုယ်တွင်းမှာ သွေးယိုစိမ့်နေတဲ့ ကိုယ်တွင်းသွေးထွက်ခြင်း (Internal Bleeding)ဆိုပြီး နှစ်မျိုးရှိပါတယ်။ သွေးထွက်လွန်တဲ့အခါ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီ သွေးမရောက်နိုင်တော့တာကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက အလုပ်မလုပ်နိုင်တော့ပါဘူး။ အဲ့ဒီလိုအခြေအနေရောက်လာရင် သွေးလန့် Shock ဖြစ်ကာ သတိမေ့သွားတတ်ပြီး အမြန်သွေးသွင်းကုသမှုမခံယူပါက သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်သွေးထွက်ဒဏ်ရာရပါက အနားမှာရှိသူတွေအနေနဲ့ သွေးထွက်မလွန်အောင် သွေးတိတ်အောင် အမြန်ကူညီပေးပြီး ဆေးရုံဆေးခန်းကို အမြန်ဆုံးပို့ဆောင်ပေးသင့်ပါတယ်။ ဒါကြောင့် အားလုံးသိထားရအောင် သွေးထွက်ဒဏ်ရာရနေသူကို ပြုလုပ်ပေးသင့်တဲ့ First Aid ကို ရေးပေးလိုက်ပါတယ်။ #ရင်ဘတ်သွေးထွက်ဒဏ်ရာ ရင်ဘတ်မှာ သွေးထွက်ဒဏ်ရာရပါက အဆုတ်ထိခိုက်ကာ အသက်ရှူရာမှာ အခက်အခဲဖြစ်နိုင်တာကြောင့် လူနာတင်ယာဉ်ခေါ်ပြီး ဆေးရုံကိုအမြန်ဆုံး … More သွေးထွက်ဒဏ်ရာများအတွက် ရှေးဦးသူနာပြုစုနည်း