သီချင်းကောင်းကောင်း ဆိုတတ်ချင်ရင်
သီချင်းကောင်းကောင်း ဆိုတတ်ချင်ရင် ဒေါက်တာနုမြတ် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ ကာရာအိုကေသွားဆိုတဲ့အခါ ကိုယ့်အသံမကောင်းလို့ အရှက်ကွဲမှာစိုးပြီး ဘာမှ မဆိုဘဲ ထိုင်နေရပါလား။ ဒီလိုဆိုရင်တော့ အောက်ပါနည်းလမ်းတွေက သင့်ကို အခုထက်ပိုပြီး သီချင်းဆိုတတ်အောင် ကူညီ ပါလိမ့်မယ်။ ♦ အဆိုတော်တွေလောက် အသံကောင်းစရာမလိုပါဘူး။ ကျွန်မတို့အားလုံးမှာ သီချင်းဆိုနိုင်စွမ်းရှိကြပါတယ်။ အဲဒါကို ယုံကြည်ပြီး ပျော်ပျော်ပါးပါးသီချင်းဆိုလိုက်ပါ။ အဆိုတော်တွေကို လိုက်မမီလို့ မဆိုတာမျိုးတော့ မလုပ်ပါနဲ့။ သီချင်းကောင်းတစ်ပုဒ်ဖြစ်ဖို့ အဆိုတော်တွေအနေနဲ့ အထပ်ထပ်အခါခါ လေ့ကျင့်ပြီးမှ ဆိုကြတာပါ။ ကိုယ့်အသံကောင်းကောင်း မကောင်းကောင်း အတတ်နိုင်ဆုံးကြိုးစားပြီး ဆိုကြည့်ပါ။ ♦ သီချင်းမဆိုမီ သီချင်းလိုက် ညည်းနေပါ။ ကိုယ်ဆိုမယ့် အလှည့်မရောက်မီ တခြားသူတွေ ဆိုနေတဲ့ သီချင်းတွေကို လိုက်ညည်းနေပါ။ အိမ်မှာနေရင်လည်း ရေချိုးခန်းဝင်တဲ့အခါ၊ ပန်းပင်ရေလောင်းတဲ့အခါ သီချင်းလေး ညည်းညည်းပေးပါ။ မကြာခဏ … More သီချင်းကောင်းကောင်း ဆိုတတ်ချင်ရင်