အရေပြားဓာတ်မတည့်မှုအကြောင်း သင်ဘယ်လောက်သိပါသလဲ
ပင်လယ်စာတွေနဲ့ဓာတ်မတည့်တာ၊ အရက်တို့ အရက်ပြန်တို့နဲ့ဓာတ်မတည့်တာ၊ ပန်းဝတ်မှုန်တွေနဲ့ဓာတ်မတည့်တာ စသဖြင့် ဓာတ်မတည့်ရခြင်းအကြောင်းပေါင်းများစွာ ရှိပါတယ်။ အရေပြားမှာ ဓာတ်မတည့်တာဖြစ်လာရင်တော့ အရေပြားနီရဲယောင်ယမ်းကာ အင်ပျဉ်တွေထွက်လာတတ်ပါတယ်။ အရေပြားဓာတ်မတည့်တာနဲ့ပတ်သက်ပြီး သိသင့်တာလေးတွေကို ဒီ Quiz ကနေ အဖြေရှာကြည့်ကြရအောင်။ ၁။ အရေပြားမှာ အလာဂျီထွက်ရတဲ့အကြောင်းရင်းက(က) ဟစ်(စ်)တမင်းဟော်မုန်းအလုံအလောက်မရှိလို့(ခ) ယားယံစေနိုင်တဲ့ ပဋိပစ္စည်းတွေ ထွက်လာလို့(ဂ) ကောင်းစွာအလုပ်မလုပ်နိုင်တဲ့ ဆဲလ်တွေရှိလို့ ၁။ (ခ) ယားယံစေနိုင်တဲ့ ပဋိပစ္စည်းတွေ ထွက်လာလို့ကိုယ်နဲ့ဓာတ်မတည့်တာ တစ်ခုခုနဲ့တွေ့ထိမိပါက ဓာတ်မတည့်မှုဖြစ်တတ်ပါတယ်။ အဲဒီအခါ အရေပြားယားယံပြီး အနီရောင်အပြင်လိုက်ကြီးဖြစ်ကာ အရေပြားကြမ်းလာတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဓာတ်မတည့်တဲ့အရာတွေကို တိုက်ထုတ်ဖို့ ခန္ဓာကိုယ်ကနေပြီး ခုခံအားစနစ်ကနေ ပဋိပစ္စည်းတွေထွက်လာစေပါတယ်။ အဲဒီကနေ ဟစ်(စ်)တမင်းဓာတ်တွေကိုပါ ထွက်ရှိစေတာကြောင့် အရေပြားယားယံနီရဲလာတာပဲဖြစ်ပါတယ်။ ၂။ အောက်ပါတို့အနက်ဘယ်အရာက အရေပြားဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါသလဲ။(က) ဝတ်မှုန်(ခ) ရာဘာစေး(ဂ) အေးတဲ့ရာသီဥတု(ဃ) အပေါ်ကအချက်အားလုံး … More အရေပြားဓာတ်မတည့်မှုအကြောင်း သင်ဘယ်လောက်သိပါသလဲ