ကျန်းမာဖို့ မတ်တတ်ရပ်ကြစို့

“ကျန်းမာဖို့ မတ်တတ်ရပ်ကြစို့” သတိပေးချက် ဒီစာကိုဖတ်နေစဉ် သင်ထိုင်နေတဲ့ ထိုင်ခုံဟာ သင့်ရဲ့ကျန်းမာရေးကို ထိခိုက်ကောင်း ထိခိုက်နိုင်ပါတယ်။ ကျန်းမာရေးအတွက် သတ်မှတ်ထားတဲ့ ကိုယ်လက်လူပ်ရှားမူဖြစ်တဲ့ တစ်နေ့ကို မိနစ် ၃၀စာ အနည်းဆုံး တစ်ပတ်ငါးရက် အလယ်အလတ်ကနေ ပြင်းပြင်းထန်ထန်ပြုလုပ်ရတဲ့ ကိုယ်လက် လူပ်ရှားမူကို ပြုလုပ်နေရင်တောင် တစ်နေ့တာရဲ့ ကျန်တဲ့အချိန် ၂၃နာရီခွဲကို ဘယ်လို အချိန်ဖြုန်းသလဲ ဆိုတာလည်း အရေးကြီးပါတယ်။ တစ်နေ့လုံး လူပ်ရှားမူ ကောင်းစွာမရှိဘဲ ထိုင်ပြီးသာ အလုပ်လုပ်နေရရင်တော့ မဟုတ်သေးပါဘူး။ တစ်နေ့တာမှာ အချိန်အကြာကြီးထိုင်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေ များစွာရှိနေတာကြောင့် ထိုဆိုးကျိုးတွေမဖြစ်အောင် ကာကွယ်သင့်ပါတယ်။ အကြာကြီးထိုင်ခြင်း၏ ဆိုးကျိုးများ လေ့လာချက်တွေအရ သွေးထဲက အဆီတွေကို အပြင်ထုတ်ပေးတဲ့ ခြေထောက်ရှိ အရေးကြီးအင်ဇိုင်းတွေဟာ ထိုင်နေတဲ့အခါမှာ ထွက်မလာတော့ဘဲ ဖြစ်တတ်ပါတယ်။ သွေကြေားတွင်းအဆီပိုတွေ မျောပါနေခြင်းကြောင့် ကိုလက်စထရောပမာဏ … More ကျန်းမာဖို့ မတ်တတ်ရပ်ကြစို့