ဆွဲကြိုးနှင့်ဘယက်များဝတ်ဆင်ရာမှာ

ဆွဲကြိုးနှင့်ဘယက်များဝတ်ဆင်ရာမှာ ဆွဲကြိုး၊ ဘယက်ဝတ်ဆင်တဲ့အခါ သတိထားရမှာကတော့ လည်ပင်းတိုသူတွေ၊ လေးထောင့်မျက်နှာကျ ရှိသူတွေ၊ ရင်သားကြီးသူတွေအနေနဲ့ ဆွဲကြိုးတွေသိပ်မဝတ်သင့်ဘူးဆိုတာကိုပါပဲ။ စိတ်မကောင်းစရာက လည် ပင်တိုသူတွေ အထူးသဖြင့် မေးနှစ်ထပ်၊ သုံးထပ်ဖြစ်နေသူတွေအနေနဲ့ ဘယက်တွေ ဆွဲတဲ့အခါ ကြည့်ရဆိုးပါ တယ်။ ♦        လည်ပင်းရှည်သူတွေဟာ ကံကောင်းထောက်မစွာဖြင့် ဘယ်ဆွဲကြိုးနဲ့မဆို လိုက်ဖက်နေတာတွေ့ရပါ တယ်။ လည်ပင်းနဲ့ ကပ်နေတဲ့ ဘယက်၊ ဆွဲကြိုးတွေအပြင် ဆွဲကြိုးခပ်ရှည်ရှည်နဲ့ပါ လိုက်ပါတယ်။ ♦        ဒါပေမဲ့ လည်ပင်းရှည်သူတွေအနေနဲ့ လည်ပင်းနဲ့ကပ်နေတဲ့ ဆွဲကြိုးသေးသေးမျှင်မျှင်ဆွဲပါက သစ်ကု လားအုပ်နဲ့တူကာ အလှပျက်သွားနိုင်ပါတယ်။ အဲဒီဆွဲကြိုးအစား တခြားဆွဲကြိုးပုံစံဆွဲပါက အများကြီး ပိုကြည့် ကောင်းသွားမှာပါ။ ♦        လည်ပင်းရှည်သူတွေဟာ လည်ပင်းအဝိုင်းပုံစံအင်္ကျီကို ညှပ်ရိုးအရှည်လောက်ရှိတဲ့ ဆွဲကြိုးခပ်ကြီးကြီးနဲ့ တွဲဖက်ဝတ်ဆင်ပါက အလွန်လိုက်ဖက်လှပါတယ်။ ♦        လည်ပင်းတိုသူတွေအနေနဲ့ ဆွဲကြိုးတွေနဲ့ မလိုက်ဖက်ဘူးဆိုပေမယ့် … More ဆွဲကြိုးနှင့်ဘယက်များဝတ်ဆင်ရာမှာ

ဒီနေ့ ဘာအရောင် သုံးသင့်သလဲ ?

ဒီနေ့ ဘာအရောင် သုံးသင့်သလဲ ? Dr.Nu Myat Theingi Oo အရောင်တွေဟာ ကျွန်မတို့ရဲ့ စိတ်နေစိတ်ထားနဲ့ စိတ်ခံစားမှုတို့အပေါ် အကျိုးသက်ရောက်မှုရှိစေတယ်ဆိုတာ သတိထားမိကြမှာပါ။ အရောင်တွေဟာ ကျွန်မတို့ကို အားရှိစေနိုင်တယ်။ တည်ငြိမ်စေနိုင်တယ်။ ရဲရင့်စေနိုင်တယ်။ ပျော်ရွှင်စေနိုင်တယ်။ ဒါကြောင့် အရောင်တွေရဲ့အစွမ်းနဲ့ ကျွန်မတို့ကို ဘယ်လိုအကျိုးရှိစေ နိုင်မလဲဆိုတာ စမ်းကြည့်ရအောင်။ ပထမဆုံးအောက်ဖော်ပြပါ မေးခွန်းတွေကို ဖြေကြည့်ပြီး အခုဖြစ်ပေါ်နေတဲ့ သင့် စိတ်အခြေအနေနဲ့ လိုက်ဖက်တဲ့ အရောင်တွေကို ဝတ်ဆင်အသုံးပြုကြည့်ပါ။ အောက်ပါ စာကြောင်းတွေအနက် သင်နဲ့ကိုက်ညီတဲ့ စာကြောင်းတွေကို မှတ်ထားပါ။ ၁။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ လျော့နည်းနေပြီး လူတွေဟာ တစ်ခါတစ်ရံမှာ ကိုယ့်အပေါ် အခွင့်အရေး ယူတတ်ကြသလို ခံစားနေရတယ်။ ၂။ ကိုယ့်ရဲ့ ဘဝမှာ မေတ္တာတွေ၊ စိတ်လှုပ်ရှားမှုတွေကို … More ဒီနေ့ ဘာအရောင် သုံးသင့်သလဲ ?