လက်ဆောင်ထုပ်မှာ ဖဲပြားလှလှချည်နည်း

လက်ဆောင်ထုပ်မှာ ဖဲပြားလှလှချည်နည်း ၁။ သင့်ရဲ့ လက်ဆောင်ထုပ်ရဲ့ အရွယ်ပမာဏကို တိုင်းပါ။ အနံ(အကျယ်)ဟာ ၆လက်မနဲ့အောက်အရွယ်မှာ ရှိတယ်ဆိုရင် ဖဲပြားအရှည်ကို ဗူးရဲ့အနံလောက်ပဲ ထားပါ။ ဗူးက ၆လက်မထက် ပိုကျယ်တယ်ဆိုရင်တော့ ဖဲပြားကို ၆လက်မလောက်သာ ထားပါ။ ၂။ ဖဲကြိုးတစ်ချောင်းကို ဗူးပတ်လည်ချည်ကာ ဗူးအလယ်တည့်တည့်နေရာမှာ ထုံး ၁၂လက်မအရှည်စာ ဖဲကြိုးကို ဖဲပြားချည်ဖို့ ချန်ထားပါ။ ၃။ ဖဲပြားလှလှချည်ဖို့ ရာထားတဲ့ ဖဲကြိုးကို သင့် ဖဲပြားဖြစ်ချင်တဲ့ အရှည်ရဲ့ ခုနှစ်ဆအရှည်အတိုင်းဖြတ်ပါ။ ဥပမာ-၆လက်မ အရှည် ဖဲပြားလိုချင်တယ်ဆိုရင် ဖဲကြိုးကို ၄၂လက်မ အရှည်ညှပ်ပါ။ ၆လက်မအရှည် ကွင်၃ကွင်းရတဲ့အထိ တွန့်ခေါက်ပါ။ ကွင်း ၃ကွင်းနဲ့ တစ်ဘက်စီမှာ အမြီး တစ်ခုစီကျန်ပါလိမ့်မယ်။ ကွင်း၃ကွင်းရဲ့ အလယ်တည့်တည့်မှာ အရာပေးပြီး ဝိုင်ယာ ကြိုးသေသေးလေးနဲ့ … More လက်ဆောင်ထုပ်မှာ ဖဲပြားလှလှချည်နည်း

ကိုယ်ကထွက်တဲ့ အနံ့တွေအကြောင်း သင်ဘယ်လောက်သိပါသလဲ

ကိုယ်ကထွက်တဲ့ အနံ့တွေအကြောင်း သင်ဘယ်လောက်သိပါသလဲ ဒေါက်တာနုမြတ်သိင်္ဂီဦး ခန္ဓာကိုယ်ကနေ နေ့စဉ်နဲ့အမျှ အနံ့အမျိုးမျိုးထွက်ရှိနေတတ်ပါတယ်။ ချွေးနံ့၊ ကိုယ်သင်းနံ့၊ ခံတွင်းနံ့၊ လေလည်နံ့ စသဖြင့်ပေါ့။ ဒီအနံ့တွေနဲ့ ပတ်သက်ပြီး သင်ဘယ်လောက်သိသလဲ လေ့လာကြည့်ကြရအောင်။ ၁။ ဘယ်ချွေးနံ့က အဆိုးဆုံးလဲ။ (က) လေ့ကျင့်ခန်းလုပ်တဲ့အခါထွက်တဲ့ ချွေး (ခ) စိတ်ဖိစီးမှုကြောင့်ထွက်တဲ့ချွေး (ဂ) အပူကြောင့်ထွက်တဲ့ချွေး ၂။ ဘရာစီယာအတွင်းခံကို ဘယ်လောက်တစ်ခါလျှော်ပေးသင့်လဲ (က) တစ်ခါဝတ်ပြီးတိုင်း (ခ) ၂ကြိမ်၃ကြိမ် ဝတ်ပြီးတိုင်း (ဂ) တစ်ပတ်တစ်ခါ ၃။ လူ့ကိုယ်ကနေ ငါးပုတ်နံ့ထွက်တဲ့ ရောဂါဆိုတာတကယ်ရှိတာလား။ (က) ရှိတယ် (ခ) မရှိဘူး ဒီလိုအနံ့မထွက်ဖို့ဆိုရင် ပင်လယ်စာတွေ သိပ်မစားပါနဲ့။ ရေချိုးတဲ့အခါ အက်ဆစ်ဓာတ်ပါတဲ့ ဆပ်ပြာနဲ့ချိုးပါ။ အဝတ်အစားတွေ မကြာခဏလျှော်ဖွပ်ပေးပါ။ ၄။ ဘယ်အရာက ခံတွင်းနံ့ … More ကိုယ်ကထွက်တဲ့ အနံ့တွေအကြောင်း သင်ဘယ်လောက်သိပါသလဲ

ယုံကြည်ချက်ပြည့်ဝနေစေဖို့

ယုံကြည်ချက်ပြည့်ဝနေစေဖို့ ၁။ သင့်ကိုယ်သင့် ယုံကြည်မှု အပြည့်အဝရှိသူကဲ့သို့ ပြုမူနေထိုင်ပါ။ ဒီလိုပြုမူနေထိုင်ခြင်းဖြင့် အမှန်တကယ် ယုံကြည်မှု ပြည့်ဝလာပါလိမ့်မယ်။ ၂။ တခြားသူတွေ ပြောတာကို ဂရုတစိုက်နဲ့ စိတ်ဝင်စားတဲ့ ပုံစံပြကာ နားထောင်ပြီး မေးခွန်းတွေ အများကြီးမေးလိုက်ပါ။ အဲဒီလူတွေက သင့်ကို အထင်ကြီးကာ ခင်မင်နှစ်လိုသွားမှာ သေချာပါတယ်။ ၃။ ပြုံးပါ။ ဘဝမှာ ပျော်ရွှင်နေတဲ့သူတွေလောက် ဘယ်သူကမှ ပိုပြီးထင်ပေါ်နေမှာမဟုတ်ပါဘူး။ ၄။ ပစ္စုပ္ပန်မှာပဲ နေထိုင်ပါ။ အနာဂတ် ဒါမှမဟုတ် အတိတ်နဲ့ပတ်သက်ပြီး စိတ်ပူ နောင်တရနေမယ့်အစား မျက်မှောက်ကာလ မှာပဲ နေထိုင်ပါ။ ၅။ မကောင်းမြင်စိတ်မထားပါနဲ့။ Dr. Nu Myat