Shopping ထွက်ရာမှာ သိသင့်သောအချက်များ

Shopping ထွက်ရာမှာ သိသင့်သောအချက်များ

shopping-bags

ဒီဇင်ဘာလထဲမှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးအထူးလျှော့ဈေးတွေနဲ့ ဆိုင်တွေက အပြိုင်အဆိုင်ရောင်းချနေကြ တဲ့အတွက် နိုင်ငံခြားကိုပဲဖြစ်ဖြစ်၊ ကိုယ့်နိုင်ငံထဲမှာပဲဖြစ်ဖြစ် ဈေးဝယ်ထွက်လို့ကောင်းတဲ့ရာသီပဲဖြစ်ပါတယ်။ ဈေးဝယ်လို့ကောင်းကောင်းနဲ့ဝယ်ပြီးမှ ကိုယ်နဲ့မတော်လို့ ၊ အသုံးမလိုလို့ ၊ မကြိုက်တော့လို့၊ ဝတ်စရာနေရာ မရှိလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ စိတ်ညစ်တတ်ကြတဲ့အတွက် အဲဒီလိုနောင်တရခြင်းမှ ကင်းဝေးစေဖို့ ဈေးဝယ်ထွက်တဲ့အခါ အောက်ပါအချက်တွေကို ခေါင်းထဲထည့်ထားသင့်ပါတယ်။

ဈေးဝယ်မထွက်ခင် ကိုယ့်မှာ ဘာတွေရှိနေသလဲ။ ဘာတွေလိုအပ်နေသလဲဆိုတာကြိုပြီး ကြည့်ထား ပေးပါ။ ဒါမှ ကိုယ့်မှာရှိပြီးသားပုံစံတွေနဲ့ အရောင်ဆင်တူပုံစံဆင်တူတွေမဝယ်မိမှာပါ။
တစ်ခုခုဝယ်တော့မယ်ဆိုရင် ဘယ်မှာဝတ်ရမလဲဆိုတာကိုပါ စဉ်းစားပါ။ ကိုယ်ဝယ်မယ့်အဝတ်အ စားဒီဇိုင်းက အရမ်းကို ဆန်းသစ်နေပြီး ကြိုက်လွန်းလှပေမယ့် ဘယ်လိုအခြေအနေမျိုး၊ အချိန်အခါ မျိုးမှာ ဝတ်ရမလဲစဉ်းစားရခက်နေပါက ဝတ်ရမှာရှက်နေပါက မဝယ်ပါနဲ့။ ဝယ်ထားပြီး တစ်ခါ၊ နှစ်ခါ လောက်သာဝတ်ရရင် ဘယ်တန်လိမ့်မလဲ။
ကိုယ်နဲ့တော်တဲ့ဆိုဒ်သာဝယ်ပါ။ ကိုယ့်ကိုယ်ကိုယ် မလှည့်စားပါနဲ့။ တချို့က ဝလာပြီး ဆိုဒ်ကြီးပြောင်း ဝတ်လာရတာကို လက်မခံချင်ဘဲ ဟိုအရင်တုန်းက ဝတ်ခဲ့တဲ့ ဆိုဒ်သေးလေးကိုသာ အတင်းကောက် စွပ်ကာ ကိုယ့်ကိုယ်ကို လှည့်စားတတ်ကြပါတယ်။ ကိုယ်နဲ့မတော်တဲ့ဆိုဒ်ဝတ်တာ ကြည့်ရဆိုးတဲ့အ တွက် ကိုယ်နဲ့ fitting ကျတဲ့ ဆိုဒ်သာဝယ်ပါ။ တချို့ကလည်း ပိန်သွားရင်ဝတ်လို့ရနိုင်လောက်တယ် ဆိုပြီး ဆိုဒ်သေးဝယ်ထားတတ်ကြပါတယ်။ ဒါပေမဲ့ သင်ဟာ ပိန်သွားမလား မပိန်သွားမလားဆိုတာ ကိုလည်း မပြောနိုင်တဲ့အပြင် အကယ်၍ ပိန်သွားခဲ့ရင်လည်း အဲဒီပိန်သွားတဲ့အချိန်ကျရင် သင်ဝယ် ထားတဲ့ အဝတ်အစားဒီဇိုင်းက ဒိတ်အောက်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။
မဝယ်ခင်ဝတ်ကြည့်ပါ။ ကိုယ်ဝယ်တော့မယ့်အဝတ်အစား၊ ဖိနပ်တို့ကို စမ်းဝတ်ကြည့်ဖို့ ဘယ်တော့မှ အပျင်းမထူပါနဲ့ တချို့ဒီဇိုင်းတွေ ဘယ်လောက်လှလှ ကိုယ်နဲ့ လိုက်ချင်မှလိုက်မှာပါ။ တော်ချင်မှလည်း တော်မှာပါ။ ဒါကြောင့် သေချာဝတ်ကြည့်ပြီး စိတ်တိုင်းကျမှဝယ်ပါ။ အားမနာပါနဲ့။
အရောင်းဝန်ထမ်းတွေကို မယုံကြည်ပါနဲ့။ ဆိုင်အများစုက အရောင်းဝန်ထမ်းအများစုဟာ အရောင်း ထွက်အောင် ကိုယ့်ပစ္စည်းကိုယ် အကောင်းပဲပြောတတ်ကြပါတယ်။ “နောက်ဆုံးပေါ် ဒီဇိုင်း၊ အခုမှဝင် တာ”။ “ဘယ်နိုင်ငံကဝင်တဲ့ ပစ္စည်းအကောင်းစား”စတဲ့ စကားတွေဟာ သူတို့ပြောနေကြစကားတွေပါ။ မှန်ကောင်းမှန်နိုင်ပေမယ့် ချင့်ချိန်ပြီးမှယုံပါ။ သင်ဝတ်ကြည့်လို့ရှိရင်လည်း သင်နဲ့လိုက်တယ်ပဲ ပြောမှာ ဖြစ်တဲ့အတွက် ကိုယ်ဟာ ကိုယ်ကြိုက်မှဝယ်ပါ။ နားမယောင်မိပါစေနဲ့။
အကြံပေးနိုင်မယ့် ယုံကြည်ရတဲ့သုကို အဖော်ခေါ်သွားပါ။ အသင့်တော်ဆုံးကတော့ သင့်အမေပါပဲ။ အသက်အရွယ်ကွာခြားတဲ့အတွက် အမြင်ချင်းတူကောင်းချင်မှ တူနိုင်ပေမယ့် သင်ဝယ်မာ့် အဝတ် အစား သင်နဲ့လိုက်ဖက်မှုရှိမရှိကိုတော့ စိတ်ရင်းအမှန်နဲ့ ကြည့်ပေးမှာသေချာပါတယ်။ ဈေးဝယ်တာကို စိတ်ရှည်ရှည်နဲ့ လိုက်ပေးနိုင်တဲ့ ခင်ပွန်းသည်၊ ချစ်သူရည်းစား(တကယ်တမ်း စိတ်ရှည်တဲ့သူတွေရှား ပါတယ်)ရှိရင်တော့ သင့်အတွက် ကံကောင်းတာပါပဲ။ သူတို့ကလည်း သင်နဲ့ဝယ်မယ့်အဝတ်အစား တွေ သင်နဲ့လှမလှကြည့်ပေးတတ်ကြပါတယ်။ သင့်အရင်းနှီးဆုံးသူငယ်ချင်းနဲ့ ဈေးဝယ်ထွက်ရင်လည်း ကိုယ်နဲ့ သက်တူရွယ်တူအကြိုက်တူတွေဖြစ်တဲ့အတွက် ဈေးကြိုက်သလောက် ပတ်လို့ရကာ တစ် ယောက်နဲ့တစ်ယောက် အားနာစရာလည်းမလိုတော့ပါဘူး။ ကိုယ်နဲ့ ဆိုက်တူဂိုက်တူပါဆိုရင်တော့ ပိုကောင်းပါတယ်။ ကိုယ့်ထက်သေးသွယ်တဲ့သူနဲ့ ယှဉ်ပြီး စိတ်ဓာတ်ကျစရာမလိုတော့ဘူးပေါ့။
ဈေးကြီးတိုင်းလည်းမကောင်းတတ်ပါ။ ဈေးကြီးပြီး Brand မြင့်လို့ လူအထင်ကြီးခံရအောင် ဝယ်တာမျိုး လည်းမလုပ်ပါနဲ့။ ဈေးကြီးတိုင်းလည်း အသားကောင်းချင်မှ ကောင်းမှာပါ။ ဒီကြားထဲ ကိုယ်နဲ့ မလိုက် ရင် ပိုတောင်ဆိုးပါသေးတယ်။
လျှော့ဈေးရတိုင်းလည်း မဝယ်ပါနဲ့ ဈေးတွေ မတန်တဆကြီးချတဲ့အခါ အရမ်းတန်တယ်ဆိုပြီး တစ်ခုခု တော့ ဝယ်ကိုဝယ်မှဖြစ်မယ်ဆိုကာ ဝယ်လိုက်ပြီးမှ ကိုယ်အသုံးမလိုတာတွေ၊ မကြိုက်တာတွေဖြစ်နေ တတ်ပါတယ်။ ဈေးအရမ်းချတယ်ဆိုကတည်းက စဉ်းစားကြည့်ပါ။ ဒီဇိုင်းတွေအရမ်းအောက်နေပြီလား၊ အရမ်းပူတဲ့အသားမျိုးကြီးလား၊ ဆိုက်သေးလွန်းကြီးလွန်နေလား။ လျော်ရဖွတ်ရခက်ခဲနိုင်လား သေ ချာစဉ်းစားပါ။ လူကြိုက်အရမ်းများတဲ့ အဝတ်အထည်တွေကိုတော့ ဘယ်သူမှ ဈေးချရောင်းမှာမဟုတ် ပါဘူး။ Discount ပေးတဲ့အထဲမှာ ကိုယ်နဲ့အသုံးတည့်မယ့်၊ ကိုယ်လိုချင်တဲ့အရာရှိမှဝယ်ပါ။ ဈေးပေါ တိုင်းတန်တယ်ဆိုပြီး လျှောက်မဝယ်ပါနဲ့။

♥ ဒေါက်တာနုမြတ်


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s