ကိုယ်ကထွက်တဲ့ အနံ့တွေအကြောင်း
သင်ဘယ်လောက်သိပါသလဲ
ဒေါက်တာနုမြတ်သိင်္ဂီဦး
ခန္ဓာကိုယ်ကနေ နေ့စဉ်နဲ့အမျှ အနံ့အမျိုးမျိုးထွက်ရှိနေတတ်ပါတယ်။ ချွေးနံ့၊ ကိုယ်သင်းနံ့၊ ခံတွင်းနံ့၊ လေလည်နံ့ စသဖြင့်ပေါ့။ ဒီအနံ့တွေနဲ့ ပတ်သက်ပြီး သင်ဘယ်လောက်သိသလဲ လေ့လာကြည့်ကြရအောင်။
၁။ ဘယ်ချွေးနံ့က အဆိုးဆုံးလဲ။
(က) လေ့ကျင့်ခန်းလုပ်တဲ့အခါထွက်တဲ့ ချွေး
(ခ) စိတ်ဖိစီးမှုကြောင့်ထွက်တဲ့ချွေး
(ဂ) အပူကြောင့်ထွက်တဲ့ချွေး
၂။ ဘရာစီယာအတွင်းခံကို ဘယ်လောက်တစ်ခါလျှော်ပေးသင့်လဲ
(က) တစ်ခါဝတ်ပြီးတိုင်း
(ခ) ၂ကြိမ်၃ကြိမ် ဝတ်ပြီးတိုင်း
(ဂ) တစ်ပတ်တစ်ခါ
၃။ လူ့ကိုယ်ကနေ ငါးပုတ်နံ့ထွက်တဲ့ ရောဂါဆိုတာတကယ်ရှိတာလား။
(က) ရှိတယ်
(ခ) မရှိဘူး
ဒီလိုအနံ့မထွက်ဖို့ဆိုရင် ပင်လယ်စာတွေ သိပ်မစားပါနဲ့။ ရေချိုးတဲ့အခါ အက်ဆစ်ဓာတ်ပါတဲ့ ဆပ်ပြာနဲ့ချိုးပါ။ အဝတ်အစားတွေ မကြာခဏလျှော်ဖွပ်ပေးပါ။
၄။ ဘယ်အရာက ခံတွင်းနံ့ နံစေနိုင်လဲ။
(က) လေ့ကျင်းခန်းပြင်းထန်စွာလုပ်ခြင်း
(ခ) သွားခဏခဏတိုက်ခြင်း
(ဂ) ကာဘိုဟိုက်ဒရိတ်ဓာတ်လျော့နည်းလွန်းတဲ့ အစာ
အဖြေ။ (ဂ)ကာဘိုဟိုက်ဒရိတ်ဓာတ်လျော့နည်းလွန်းတဲ့ အစာ
ကာဘိုဟိုက်ဒရိတ်ဓာတ်လျော့နည်းလွန်းပါက အားအင်တွေရရှိဖို့ ခန္ဓာကိုယ်ကနေ အဆီပိုတွေကို လောင်ကျွမ်းပစ်ရပါမယ်။ အဲလိုလောင်ကျွမ်းတဲ့အခါ ကီတုန်း(Ketones) လို့ခေါ်တဲ့ အက်ဆစ်များတဲ့ ဓာတ်တွေကို ထွက်ရှိစေပါတယ်။ ထိုဓာတ်တွေက အသက်ရှုသွင်းရှုထုတ်တဲ့အခါ သစ်သီးနံ့လိုလို လက်သည်းဖျက်ဆေးအနံ့လိုလို အနံ့တွေကို ထွက်ရှိစေပါတယ်။ ဒီဖြစ်စဉ်ကို Ketosis လို့ခေါ်ပြီး ကီတုန်းတွေ ခန္ဓာကိုယ်ထဲ အများကြီး စုပြုံလာပါကအန္တရာယ်ရှိပါတယ်။
၅။ သင့်ဆီးအနံ့က အမြဲလိုလို ချိုနေပါက ဆရာဝန်နဲ့ပြဖို့လိုနေပြီလား။်
(က) မှန်
(ခ) မှား
အဖြေ။ (က) မှန်
ဆီးချိုရောဂါ လက္ခဏာဖြစ်နိုင်လို့ပါ။ ခန္ဓာကိုယ်ကနေ သကြားတွေကို မချေဖျက်နိုင်တဲ့အခါ သွေးတွေထဲ စုပြုံလာပြီး ဆီးထဲပါရောက်ရှိလာတာကြောင့် ဆီးအနံ့က ခပ်ချိုချို ဖြစ်နေတာပါ။ သင့်အိမ်သာထဲ ပုရွက်ဆိတ်တွေ တွေ့ရင်လည်း သတိထားပါ။ ဆီးထဲသကြားဓာတ်တွေ ရှိနေတာမျိုး ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသ ကုသပါ။
၆။ ဘယ်လိုအခြေအနေမျိုးမှာ ဆီးလမ်းကြောင်းပိုးဝင်တတ်လဲ။
(က) ဆီးအောင့်ထားတာများရင်
(ခ) အနံ့ပါတဲ့ ဆပ်ပြာသုံးရင်
(ဂ) စက်ဘီးစီးရင်
အဖြေ။ (က)
ဆီးလမ်းကြောင်းပိုးဝင်ရောဂါဟာ ဆီးလမ်းကြောင်းထဲ ဘက်တီးရီးယားပိုးတွေ ဝင်ရောက်လာခြင်းကြောင့် ဖြစ်ရတာပါ။ အချိန်ကြာမြင့်စွာ ဆီးအောင့်ထားခြင်းက ခန္ဓာကိုယ်နဲ့ အန္တရာယ်ရှိနိုင်တဲ့ ရောဂါပိုးတွေထိတွေ့မှုအချိန်ပိုများစေတာကြောင့် ဆီးလမ်းကြောင်းထဲပါ ပိုးဝင်ရောက်သွားနိုင်ပါတယ်။ လိင်ဆက်ဆံခြင်း၊ အလေးသွားပြီးတဲ့အခါ အနောက်ကနေအရှေ့ကို သုတ်ခြင်းတို့ကလည်း ဖြစ်စေနိုင်တဲ့ အကြောင်းတေါပါ။ ဆီးအနံ့တအားဆိုးနေရင်၊ ဆီးအရောင်က ခပ်နောက်နောက်ဖြစ်နေရင်၊ ဆီးသွားတဲ့အခါ နာရင်၊ စပ်ရင် ဆီးလမ်းကြောင်းပိုးဝင်တာမျိုးဖြစ်နေတတ်ပါတယ်။ ဆရာဝန်နဲ့ အမြန်ပြပါ။ သောက်ဆေးနဲ့တင် ပျောက်နိုင်ပါတယ်။
၇။ ခြေဆီအနံ့သက်သာအောင် ခြေဖဝါးကို ရေနွေးထဲဘာနဲ့ရောပြီး စိမ်ပေးရမလဲ။
(က) သံလွင်ဆီ
(ခ) ရှာလကာရည်
(ဂ) နှမ်းဆီ
အဖြေ။ (ခ) ရှာလကာရည်
ရှာလကာရည်က အနံ့ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးပါတယ်။ တခြားအနံ့သက်သာစေနိုင်တဲ့ နည်းလမ်းတွေကတော့ ခြေချောင်းတွေ ခြေဖဝါးတွေကို ခြောက်သွေ့ သန့်ရှင်းအောင်ထားပါ။ ခြေအိတ်ကို ချည်သားသုံးပါ။ ဖိနပ်တစ်ရံထဲ နေ့စဉ်မစီးဘဲ ၂ရံ ၃ရံ အလှည့်ကျ ပြောင်းစီးပါ။
၈။ ဘယ်အစားအစာတွေက လေပိုလည်စေသလဲ။
(က) ပန်းသီး
(ခ) အသား
(ဂ) ပေါင်မုန့်
အဖြေ။ (က) ပန်းသီး
တချို့အစာတွေမှာပါတဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်တွေကို ခန္ဓာကိုယ်ကနေ စုတ်ယူ ခြေဖျက်နိုင်မှု မရှိပါဘူး။ ဒီအစာတွေကတော့ ပန်းသီး၊ ဆီးသီး၊ စပျစ်သီးခြေက်တို့ပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဂက်စ်တွေ ထွက်ရှီစေတာကြောင့် လေလည်စေတာပါ။ အခြားလေပွ လေလည်စေနိုင်တဲ့ အစာတွေကတော့ ပဲနီလေး၊ ပဲပင်ပေါက် နဲ့ artichokes တို့ပဲဖြစ်ပါတယ်။
၉။ အရက်သောက်တာများရင် အရေပြားက အနံ့ထွက်နိုင်လား။
(က) မှန်
(ခ) မှား
အဖြေ။ (က) မှန်
ဘီယာ၊ ဝိုင်၊ အရက်စတဲ့ အယ်လ်ကိုဟောဓာတ်ပါတဲ့ ဘယ်အရာကိုမဆိုသောက်တိုင်း အသည်းကနေ အယ်လ်ကိုဟောအများစုကို အက်ဆစ်အဖြစ် ချေဖျက်ပေးပါတယ်။ ဒါပေမဲ့ ဒီအယ်လ်ကိုဟောဓာတ်တွေက ချွေးနဲ့ ခံတွင်းကနေတဆင့် ခန္ဓာကိုယ် အပြင်ပြန်ထွက်တတ်ကြပါတယ်။ ဒါကြောင့် အရက်တအားသောက်ရင် ပါးစပ်က အရက်နံ့ထွက်သလို ချွေးပေါက်တွေကနေလည်း အရက်နံ့ထွက်တတ်ပါတယ်။