ရင်သားအကြောင်းဘယ်လောက်သိသလဲ

13177117_1162898473752826_7113040755824076817_n

ရင်သားအကြောင်းဘယ်လောက်သိသလဲ
••••••••••••••••••••••••••••••••••••••••••

♥ ဒေါက်တာနုမြတ်သိင်္ဂီဦး

ဒီမေးခွန်းလေးတွေဖြေကြည့်ရင်း အမျိုးသမီးတိုင်းအတွက် အရေးပါလှတဲ့ ရင်သားအကြောင်း သင်ဘယ်လောက်သိလဲ ဆန်းစစ်ကြည့်ကြရအောင်။

#ရင်သားနှစ်ဖက် အရွယ်အစားတူညီသင့်တယ်

◘ မှန်
◘ မှား

အဖြေ – မှား

အမျိုးသမီးတစ်ယောက်ရဲ့ ရင်သား တစ် ဖက်နဲ့တစ်ဖက် အရွယ်အစားမတူညီတာ ရှက်စရာ မဟုတ်ပါဘူး။ လေ့လာချက်အရ အမျိုးသမီး ၄၄ရာ ခိုင်နှုန်းဟာ သူတို့ရဲ့ ရင်သားတစ်ဖက်က တစ်ဖက် ထက်ပိုပြီးသေးနေတယ်လို့ ထင်တတ်ကြပါတယ်။ ဒါက ရင်သား အရွယ်အစားပဲရှိပါသေးတယ်။ နို့သီး ခေါင်းအရွယ်အစားနဲ့ရင်သားပုံစံကိုပါ ထည့်တွက် မယ်ဆိုရင် ၈၈ ရာခိုင်နှုန်းက မတူညီဘူးလို့ဖြေကြ မှာပါ။

#နို့သီးခေါင်းအပိုတွေဟာ

◘ ဘယ်နေရာမဆိုထွက်နိုင်တယ်။ မျက်နှာပေါ်တောင်
ရှိနေတတ်တယ်။
◘ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုရှိတတ်
တယ်။
◘ အပေါ်ကအချက်နှစ်မျိုးလုံး မှန်တယ်။

အဖြေ – အပေါ်က အချက်နှစ်မျိုးလုံးမှန်တယ်

ဟုတ်ပါတယ်။ တချို့လူတွေမှာ နို့သီးခေါင်းအပိုတွေ ပါတတ်ပါတယ်။ အမျိုးသမီး တစ်ရာခိုင်နှုန်းနဲ့ အမျိုးသား ၂ရာ ခိုင်နှုန်းအလိုက် ပါတတ်ကြပါတယ်။ ဒါပေမဲ့ နို့သီးခေါင်းအပို တွေက နို့သီးခေါင်းအစစ်ထက် သေးငယ်လေ့ရှိပါတယ်။ မွေး ရာပါဖြစ်ပြီး ပခုံးနဲ့ခြေထောက်ကြားက ကိုယ်ပေါ်မှာ ပါလာလေ့ ရှိပါတယ်။ ရှားတော့ရှားပေမယ့် နဖူးပေါ်တို့ ခြေထောက်ပေါ် တို့မှာ ပါလာတာမျိုးလည်းရှိဖူးပါတယ်။

#နို့သီးခေါင်းနားမှာ အမွေးပေါက်နေတာက

◘ ပုံမှန်မဟုတ်
◘ ဖြစ်လေ့ရှိ
◘ ရောဂါလက်္ခဏာတစ်ခု

အဖြေ – ဖြစ်လေ့ရှိ

နို့သီးခေါင်းပတ်လည်က အညိုရောင် အသားလေးတွေပေါ် အမွေး အမျင်အနည်းငယ်ထွက်နေတာပုံမှန်ပါ။ အမွေးရှိတာကိုမကြိုက်ရင် ကတ်ကြေး အသေးနဲ့ ညှပ်ပေးနိုင်ပါတယ်။ အမွေးနုတ်ခြင်း၊ ရိတ်ခြင်းက ရောဂါပိုးတွေဝင် ရောက်လာသလို ပြန်ပေါက်တဲ့ အမွေးမြုပ်နေတာမျိုးလည်းဖြစ်လို့ ညှပ်တာက အကောင်းဆုံးပါ။

#နို့သီးခေါင်းကို ကစားပေးရုံနဲ့ ခံစားမှုအထွတ်အထိပ်ရောက်စေနိုင်သလား

◘ မှန်
◘ မှား

အဖြေ – မှန်

ဖြစ်နိုင်ပါတယ်။ နို့သီးခေါင်းမှာအာရုံကြောတွေများစွာပါရှိနေတာ ကြောင့်ပါ။ သုတေသနလေ့လာချက်အရ နို့သီးခေါင်းကို ထိတွေ့ ကိုင်တွယ်ခြင်းက လိင်အင်္ဂါနဲ့ဆက်နေတဲ့ ဦးနှောက်အစိတ်အပိုင်းတွေကို သွားလှုံ့ဆော်ပေး စေနိုင်တယ်လို့ သိရပါတယ်။

#ရင်သားဆိုတာ

◘ ကြွက်သား
◘ အင်္ဂါအစိတ်အပိုင်း

အဖြေ – အင်္ဂါအစိတ်အပိုင်း

ကိုယ်အင်္ဂါအစိတ်အပိုင်းမှန်သမျှ အလုပ်ရှိပါတယ်။ ရင်သားရဲ့အလုပ်
ကတော့ နို့ထွက်ဖို့ပါ။ ရင်သားအတွင်းရှိ အမြွှာငယ်လေးတွေမှာ နို့ဖြစ်ပေါ်ပြီး ပြွန်လေးတွေက တစ်ဆင့် နို့သီးခေါင်းက ထွက်ရှိလာတာပဲဖြစ်ပါတယ်။ အမျိုး
သားတွေမှာတော့ ရင်သားအတွင်း အမြွှာငယ်လေးတွေမရှိတာကြောင့် နို့မထွက်တာပါ။

#ရင်သားထဲမှာ နို့ရည်ဘယ်လောက်အလေးချိန်ရှိလဲ

◘ တစ်ပေါင်
◘ ပေါင်တစ်ဝက်
◘ ၁/၄ပေါင်

အဖြေ – ပေါင်တစ်ဝက်

ရင်သားထဲမှာ ပျှမ်းမျှအားဖြင့် ပေါင်တစ်ဝက် ဒါမှမဟုတ် ၅ ဒသမ ၃ကနေ ၇ အောင်စ နို့ရည်အလေးချိန်ရှိပါတယ်။ ကလေး အတွက် နို့ရည်ပြည့်ဝနေတဲ့ ရင်သားတစ်စုံဟာ ၁၇အောင်စအထိ တောင် လေးနေတတ်တာကြောင့် နို့မပြတ်သေးတဲ့ကလေးအမေတွေ ခါးနာတတ်တာပါ။

#ကလေးနို့တိုက်ခြင်းက ရင်သားကို တွဲကျစေနိုင်လား

◘ မှန်
◘ မှား

အဖြေ – မှား

ကလေးနို့တိုက်ခြင်းကြောင့် ရင်သားတွဲတာမဟုတ်ပါ။ အသက်အရွယ်ရလာတာကြောင့် တွဲလာရတာပါ။ ရင်သားတစ် သျှူးတွေဟာ အသက်ကြီးလာတာနဲ့အမျှ တင်းရင်းမှုကျုံ့နိုင်ဆန့် နိုင်မှုလျော့ကျလာတတ်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ ကိုယ်ဝန် မကြာခဏဆောင်ခြင်းနဲ့ ခန်္ဓာကိုယ်အလေးချိန်အတက်အကျရှိ ခြင်းတို့ကလည်း ရင်သားကို တွဲကျစေနိုင်ပါတယ်။

#နို့သီးခေါင်းကနေအရည်ထွက်တာပုံမှန်လား

◘ မှန်
◘ မှား
◘ နို့စို့ကလေးရှိရင် ပုံမှန်

အဖြေ – နို့စို့ကလေးရှိရင် ပုံမှန်

ကိုယ်ဝန်ရင့်လာချိန်၊ ကလေးမွေးပြီးချိန်၊ ကလေး နို့မပြတ်သေးချိန်မျိုးမှာ နို့သီးခေါင်းကနေ အရည်တွေ ထွက် လာတတ်ပါတယ်။ ကျန်တဲ့အချိန်မျိုးမှာထွက်လာရင်တော့ ရောဂါလက်္ခဏာ တစ်ခုခုရှိလို့ပါ။ သိုင်းရွိုက်နဲ့ တခြားဟော် မုန်းပြဿနာတွေကနေ ကင်ဆာရောဂါအထိဖြစ်နိုင်ခြေရှိ လို့ ဆရာဝန်နဲ့ အမြန်ပြသတိုင်ပင်တာ
အကောင်းဆုံးပါ။

#အမျိုးသမီးဘယ်လောက်က တကယ်တော်တဲ့အတွင်းခံကို ဝတ်လေ့ရှိလဲ

◘ လေးယောက်မှာတစ်ယောက်နှုန်းထက်လျော့
◘ တစ်ဝက်လောက်
◘ သုံးယောက်မှာ နှစ်ယောက်နှုန်း

အဖြေ – လေးယောက်မှာတစ်ယောက် နှုန်းထက်လျော့

ဟုတ်ပါတယ်။ အမျိုးသမီး ၈၅ရာခိုင်နှုန်းလောက်ဟာ ကိုယ်နဲ့ မတော်တဲ့အတွင်းခံတွေကို ဝတ်ထားတတ်ကြပါတယ်။ ဒါဟာ မကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ ရင်သားတွေကို ကောင်း ကောင်းပင့်ထားခြင်းမရှိပါက ကိုယ်ဟန်အမူအရာ ချို့ယွင်းခြင်း၊ လည်ပင်းနဲ့ ခါးနာခြင်း၊ လက်မောင်းနဲ့ ပုခုံးတွေမှာ အာရုံကြော ပြဿနာရှိခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

#အမျိုးသမီးတွေဟာ သူတို့ရဲ့ရင်သားတွေအပေါ်ကျေနပ်မှုရှိကြတယ်

◘ မှန်
◘ မှား

အဖြေ – မှား
တစ်ဖက်ရွာကမြက် ပိုစိမ်းတယ်ဆိုသလို ပါပဲ။ အသက် ၈၅နှစ်မှ ၆၅နှစ်အရွယ်ကြား အမျိုး သမီး သုံးပုံနှစ်ပုံကျော်က ကိုယ့်ရင်သားအပေါ် ကျေ နပ်မှုမရှိကြပါဘူး။ ဒါကြောင့်လည်း ရင်သားကြီးထွား အောင် ခွဲစိတ်တဲ့ကုသမှုတွေ အခုထက်ထိ အလှ ပြုပြင်ခွဲစိတ်မှုတွေမှာ ထိပ်ဆုံးက ရပ်တည်နေကြတာ ပဲဖြစ်ပါတယ်။

(THE CHIC MAGAZINE – MAY 2016 Issue)
The Chic Magazine Facebook Page တွင် ယခုကဲ့သို့ ဖက်ရှင်၊ အလှအပ၊ ကျန်းမာရေး၊ လူမှုရေး ဆောင်းပါးများကို ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/thechicmagazinemyanmar/


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s