အခွံမာသီးများကို စားသင့်တဲ့ အကြောင်းပြချက် ၁၄ ချက်

အခွံမာသီးများကို စားသင့်တဲ့ အကြောင်းပြချက် ၁၄ ချက် Dr Nu Myat Theingi Oo သုတေသနပြုချက်များအရ အခွံမာသီးများကို မကြာခဏစားပေးပါက နှလုံးကိုအကာအကွယ်ပေးနိုင်တယ်လို့ သိရပါ တယ်။ တစ်ပတ်ကို ငါးကြိမ်နဲ့အထက် အခွံမာသီးစားသူတွေဟာ တစ်ပတ်ကို နှစ်ကြိမ်နဲ့အောက် စားသူတွေထက် နှလုံးသွေး ကြောကျဉ်းရောဂါဖြစ်နိုင်ချေ ၅၀ ရာခိုင်နှုန်းလျော့နည်းတာ တွေ့ရပါတယ်။ သီဟိုဠ်စေ့၊ ဗန်ဒါစေ့၊ Pecan နဲ့ Pistachio လို့ခေါ်တဲ့ အစေ့တွေမှာ ကိုလက်စထရောစုပ်ယူမှုလျော့ကျစေပြီး နှလုံး ရောဂါဖြစ်နိုင်ချေလျော့ကျစေတဲ့ အပင်စတီရောဓာတ်တွေ အမြောက်အမြားပါရှိပါတယ်။ အခွံမာသီးတွေမှာ သန်မာတဲ့ ဆဲလ်တွေဖြစ်ပွားထိန်းသိမ်းနိုင်ဖို့ လိုအပ်တဲ့ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတချို့ဖြစ်နိုင် ချေကို လျှော့ချရာမှာ အရေးကြီးတဲ့ ကျန်းမာသန်စွမ်းတဲ့ဆံပင်နဲ့ စိုပြေလှပတဲ့ အသားအရေဖြစ်ပေါ်စေနိုင်တဲ့ အလွန် အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant)တစ်မျိုးဖြစ်တဲ့ … More အခွံမာသီးများကို စားသင့်တဲ့ အကြောင်းပြချက် ၁၄ ချက်

မျက်နှာလေး နုပျိုဖို့ ယောဂကျင့်ကြစို့

မျက်နှာလေး နုပျိုဖို့ ယောဂကျင့်ကြစို့ မျက်နှာယောဂကျင့်စဉ်ဟာ မျက်နှာအသားအရေကို အရေးအကြောင်းကင်းပြီး တင်းရင်းလှပစေတဲ့အတွက် ကမ္ဘာတစ်ဝန်းမှာ ခေတ်စားနေပြီဖြစ်ပါတယ်။ မျက်နှာကို လေ့ကျင့်ခန်းမလုပ်တဲ့အခါ ဖြေလျော့မှုမရှိတဲ့ တင်းအားတွေဟာ မေးရိုးဆီကို ရောက်ရှိသွားပြီး မျက်နှာတွဲကျကာ အတွန့်အခေါက်တွေဖြစ်ပေါ်လာနိုင်ပါတယ်။ မျက်နှာကို ယောဂလေ့ကျင့် ခန်းတွေ လုပ်ပေးတဲ့အခါ မျက်နှာကြွက်သားတင်းအားတွေ လျော့နည်းသွားတဲ့အတွက် အရေးအကြောင်းတွေဖြစ်ပေါ် မလာနိုင်တဲ့အပြင် မျက်နှာကြွက်သားတွေကို ဆွဲဆန့်လိုက်တဲ့အခါမှာလည်း မျက်နှာအသားအရေ တင်းရင်းသွားနိုင်ပါသေးတယ်။ ဒါပေမဲ့ ဘယ်အရာပဲလုပ်လုပ် မဇ္ဇိမပဋိပဋာ ဆိုတဲ့အတိုင်း အလယ်အလတ် လုပ်တာပဲ ကောင်းပါတယ်။ မျက်နှာကို ခဏ ခဏ အရမ်းကြီး တွန့်လိမ်ရှုံ့ခေါက်နေရင်တော့ အကြောဆွဲသွားနိုင်ပြီး ပြန်ပြင်လို့ မရနိုင်တော့တဲ့အတွက် သတိထားပါ။ အနည်းငယ် လုပ်ရင်တော့ စိုးရိမ်စရာမလိုဘဲ သင်စိတ်ပူထိတ်လန့်နေတဲ့ အရေးအကြောင်းတွေလည်း ပေါ်လာတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပုံပါအတိုင်း မျက်နှာယောဂတွေ … More မျက်နှာလေး နုပျိုဖို့ ယောဂကျင့်ကြစို့