အကြားအာရုံအကြောင်း သင်ဘယ်လောက်သိပါသလဲ
အကြားအာရုံအကြောင်း သင်ဘယ်လောက်သိပါသလဲ အသံတွေကို နေ့တိုင်းကြားနေရတယ်။ တချို့အသံတွေက သာယာနာပျော်ဖွယ် ရှိကောင်းရှိမယ်။ တချို့ကြတော့ ဌက်ဆိုးထိုးသံလို ဖြစ်ကောင်းဖြစ်မယ်။ ဒီအသ့တွေအားလုံးကို အကြားအာရုံကောင်းနေလို့သာ ကြားနေနိုင်တာပါ။ အကြားအာရုံနဲ့ ပတ်သက်ပြီးတော့ သင်ဘယ်လောက်သိရှိနားလည်သလဲဆိုတာကို အကဲခတ်လေ့လာကြည့်ကြရအောင်နော်။ ၁။ သီချင်းသံကြားတဲ့အခါ ကြက်သီးထတာ ခန္ဓာကိုယ်က သင်ဘယ်လိုခံစားရတယ်ထင်လို့ပါလဲ။ (က) သာယာလို့ (ခ) အထင်ကြီးလို့ (ဂ) ကြောက်လို့ အဖြေ။ (ဂ) ကြောက်လို့ အော်ပရာအဆိုတော်တွေဟာ အမြင့်သံကို အကြိမ်ကြိမ်ရောက်အောင် လေ့ကျင့်ထားကြရပြီး ငယ်သံပါအောင်အော်တဲ့ အမြင့်သံနဲ့ခပ်ဆင်ဆင်တူပါတယ်။ ဒီသီချင်းသံတွေကြားလို့ သင့်စိတ်ထဲ မကြောက်နေရင်တောင်မှ ခန္ဓာကိုယ်က သင်ကြောက်သင့်တယ်လို့ ယူဆလိုက်ပါတယ်။ ဒါကြောင့်ကြက်သီး အလိုလိုထလာတာပါ။ သီချင်းသ့ကသာ ကြက်သီးထစေတာမဟုတ်ပါ။ ရိုလာကိုစတာစီးခြင်း၊ ရေနွေးနဲ့ ရေချိုးခြင်း၊ တစ်ခုခုကို ကုတ်ခြစ်လို့ ထွက်လာတဲ့ အသံ စတာတွေဟာလည်း … More အကြားအာရုံအကြောင်း သင်ဘယ်လောက်သိပါသလဲ