What color should you wear today?

ဒီနေ့ ဘာအရောင် သုံးသင့်သလဲ ? Dr.Nu Myat Theingi Oo အရောင်တွေဟာ ကျွန်မတို့ရဲ့ စိတ်နေစိတ်ထားနဲ့ စိတ်ခံစားမှုတို့အပေါ် အကျိုးသက်ရောက်မှုရှိစေတယ်ဆိုတာ သတိထားမိကြမှာပါ။ အရောင်တွေဟာ ကျွန်မတို့ကို အားရှိစေနိုင်တယ်။ တည်ငြိမ်စေနိုင်တယ်။ ရဲရင့်စေနိုင်တယ်။ ပျော်ရွှင်စေနိုင်တယ်။ ဒါကြောင့် အရောင်တွေရဲ့အစွမ်းနဲ့ ကျွန်မတို့ကို ဘယ်လိုအကျိုးရှိစေ နိုင်မလဲဆိုတာ စမ်းကြည့်ရအောင်။ ပထမဆုံးအောက်ဖော်ပြပါ မေးခွန်းတွေကို ဖြေကြည့်ပြီး အခုဖြစ်ပေါ်နေတဲ့ သင့် စိတ်အခြေအနေနဲ့ လိုက်ဖက်တဲ့ အရောင်တွေကို ၀တ်ဆင်အသုံးပြုကြည့်ပါ။ အောက်ပါ စာကြောင်းတွေအနက် သင်နဲ့ကိုက်ညီတဲ့ စာကြောင်းတွေကို မှတ်ထားပါ။ ၁။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ လျော့နည်းနေပြီး လူတွေဟာ တစ်ခါတစ်ရံမှာ ကိုယ့်အပေါ် အခွင့်အရေး ယူတတ်ကြသလို ခံစားနေရတယ်။ ၂။ ကိုယ့်ရဲ့ ဘ၀မှာ မေတ္တာတွေ၊ စိတ်လှုပ်ရှားမှုတွေကို … More What color should you wear today?

14 reasons to eat nuts

အခွံမာသီးများကို စားသင့်တဲ့ အကြောင်းပြချက် ၁၄ ချက် Dr Nu Myat Theingi Oo သုတေသနပြုချက်များအရ အခွံမာသီးများကို မကြာခဏစားပေးပါက နှလုံးကိုအကာအကွယ်ပေးနိုင်တယ်လို့ သိရပါ တယ်။ တစ်ပတ်ကို ငါးကြိမ်နဲ့အထက် အခွံမာသီးစားသူတွေဟာ တစ်ပတ်ကို နှစ်ကြိမ်နဲ့အောက် စားသူတွေထက် နှလုံးသွေး ကြောကျဉ်းရောဂါဖြစ်နိုင်ချေ ၅၀ ရာခိုင်နှုန်းလျော့နည်းတာ တွေ့ရပါတယ်။ သီဟိုဠ်စေ့၊ ဗန်ဒါစေ့၊ Pecan နဲ့ Pistachio လို့ခေါ်တဲ့ အစေ့တွေမှာ ကိုလက်စထရောစုပ်ယူမှုလျော့ကျစေပြီး နှလုံး ရောဂါဖြစ်နိုင်ချေလျော့ကျစေတဲ့ အပင်စတီရောဓာတ်တွေ အမြောက်အမြားပါရှိပါတယ်။ အခွံမာသီးတွေမှာ သန်မာတဲ့ ဆဲလ်တွေဖြစ်ပွားထိန်းသိမ်းနိုင်ဖို့ လိုအပ်တဲ့ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတချို့ဖြစ်နိုင် ချေကို လျှော့ချရာမှာ အရေးကြီးတဲ့ ကျန်းမာသန်စွမ်းတဲ့ဆံပင်နဲ့ စိုပြေလှပတဲ့ အသားအရေဖြစ်ပေါ်စေနိုင်တဲ့ အလွန် အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant)တစ်မျိုးဖြစ်တဲ့ … More 14 reasons to eat nuts

ခွင့်လွှတ်ခြင်း အဆင့်(၁၀)ဆင့်

ခွင့်လွှတ်ခြင်း အဆင့်(၁၀)ဆင့် Written by – Dr.Nu Myat Theingi Oo တစ်စုံတစ်ယောက်ရဲ့ အမှားတွေအတွက် အဲဒီလူကို ခွင့်လွှတ်လိုက်ခြင်းဟာ ကျွန်မတို့ရဲ့ စိတ်ကို အံ့သြစရာကောင်း လောက်အောင် ပေါ့ပါးလွတ်လပ်စေတဲ့အတွက် ခွင့်လွှတ်ခြင်းဟာ ဘ၀နေထိုင်မှု အနုပညာတစ်ရပ်လို့ပဲ ဆိုချင်ပါတယ်။ လူတိုင်းလူတိုင်းကတော့ တစ်ချိန်မဟုတ် တစ်ချိန် ကိုယ့်ရဲ့ဆွေမျိုးသားချင်း၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းတစ်ယောက် လောက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာ၊ စိတ်ပျက်စရာတွေကိုကြုံဆုံဖူးမှာပါ။ အဲဒီလိုကြုံဆုံလာတဲ့အခါတိုင်း သည်းခံ ခွှင့်လွှတ်ခြင်းဟာ နှစ်ဖက်စလုံးအတွက် အကျိုးရှိစေပြီး စိတ်ကိုသက်သာရာရစေကာ နှစ်ဦးနှစ်ဖက် ပေါင်းသင်းဆက်ဆံရေး ကိုလည်း ပိုပြီး အဆင်ပြေလာစေနိုင်ပါတယ်။ ခွင့်မလွှတ်နိုင်ခြင်းကြောင့် ဘ၀မှာ နာကြည်းမှုတွေ၊ နာကျင်မှုတွေနဲ့ အသက်ဆက်နေရင် ဘ၀ဟာ အဓိပ္ပာယ်မှ မရှိ တော့မှန်းကို လူအတော်များများက သတိမထားမိကြပါဘူး။ လေ့လာမှုတွေအရ ဘ၀နေထိုင်မှုပုံစံမှာ … More ခွင့်လွှတ်ခြင်း အဆင့်(၁၀)ဆင့်

အကြားအာရုံအကြောင်း သင်ဘယ်လောက်သိပါသလဲ

အကြားအာရုံအကြောင်း သင်ဘယ်လောက်သိပါသလဲ အသံတွေကို နေ့တိုင်းကြားနေရတယ်။ တချို့အသံတွေက သာယာနာပျော်ဖွယ် ရှိကောင်းရှိမယ်။ တချို့ကြတော့ ဌက်ဆိုးထိုးသံလို ဖြစ်ကောင်းဖြစ်မယ်။ ဒီအသ့တွေအားလုံးကို အကြားအာရုံကောင်းနေလို့သာ ကြားနေနိုင်တာပါ။ အကြားအာရုံနဲ့ ပတ်သက်ပြီးတော့ သင်ဘယ်လောက်သိရှိနားလည်သလဲဆိုတာကို အကဲခတ်လေ့လာကြည့်ကြရအောင်နော်။ ၁။ သီချင်းသံကြားတဲ့အခါ ကြက်သီးထတာ ခန္ဓာကိုယ်က သင်ဘယ်လိုခံစားရတယ်ထင်လို့ပါလဲ။ (က) သာယာလို့ (ခ) အထင်ကြီးလို့ (ဂ) ကြောက်လို့ အဖြေ။ (ဂ) ကြောက်လို့ အော်ပရာအဆိုတော်တွေဟာ အမြင့်သံကို အကြိမ်ကြိမ်ရောက်အောင် လေ့ကျင့်ထားကြရပြီး ငယ်သံပါအောင်အော်တဲ့ အမြင့်သံနဲ့ခပ်ဆင်ဆင်တူပါတယ်။ ဒီသီချင်းသံတွေကြားလို့ သင့်စိတ်ထဲ မကြောက်နေရင်တောင်မှ ခန္ဓာကိုယ်က  သင်ကြောက်သင့်တယ်လို့ ယူဆလိုက်ပါတယ်။ ဒါကြောင့်ကြက်သီး အလိုလိုထလာတာပါ။ သီချင်းသ့ကသာ ကြက်သီးထစေတာမဟုတ်ပါ။ ရိုလာကိုစတာစီးခြင်း၊ ရေနွေးနဲ့ ရေချိုးခြင်း၊ တစ်ခုခုကို ကုတ်ခြစ်လို့ ထွက်လာတဲ့ အသံ စတာတွေဟာလည်း … More အကြားအာရုံအကြောင်း သင်ဘယ်လောက်သိပါသလဲ

How much do you know about Mood?

စိတ်ခံစားမှုအကြောင်း သင်ဘယ်လောက်သိသလဲ ဒေါက်တာနုမြတ်သိင်္ဂီဦး ၁။ တေးဂီတက စိတ်ခံစားမှုကို အမြဲကောင်းမွန်စေနိုင်တယ် (က)မှန် (ခ) မှား အဖြေ  (ခ) မှား တေးဂီတက စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်တာမှန်ပေမဲ့ သင်နားထောင်တဲ့ ဂီတ အမျိုးအစားပေါ်မူတည်ပါသေးတယ်။ လေ့လာချက်အရ ဂီတပညာရှင်မိုးဇက်ရဲ့ ဂန္ထ၀င်တေးသွားနားထောင်သူတွေရဲ့ စိတ်ခံစားမှုတေါပိုမိုကောင်းမွန်နေတာမျိုးတွေ့ရပေမဲ့ တချို့တူရိယာဂီတနားထောင်နေစဉ်မှာ ပုံမှန်အတိုင်းဖြစ်နေတာမျိုးတွေ့ရပါတယ်။ ခြောက်ခြားဖွယ်ဇာတ်ကားတွေရဲ့ ဇာတ်ဝင်တေးသွားတွေ နားဆင်ရတဲ့ အခါမျိုးမှာ ပိုလို့တောင်ဆိုးရွားနေတာကိုလည်း တွေ့ရပါတယ်။ ၂။ ဒီထဲက ဘယ်အစားအစာက စိတ်ခံစားမှုကောင်းစေနိုင်သလဲ (က)သံလွင်ဆီ (ခ)ဆယ်လ်မွန်ငါး (ဂ)Walnuts (ယ)အပေါ်ကအစာအားလုံး အဖြေ (ယ) အပေါ်ကအစာအားလုံး သံလွင်ဆီများစွာစားသုံးသူတွေမှာ စိတ်ကျရောဂါဖြစ်နိုင်ချေနည်းတာမျိုးတွေ့ရပါတယ်။ ဆယ်လ်မွန်ငါးနဲ့ Walnut တွေကတော့ စိတ်ခံစားမှုကောင်းစေတဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်တွေ များစွာ ကြွယ်ဝနေပါတယ်။ တချို့လေ့လာချက်တွေအရ … More How much do you know about Mood?

သင့်နှလုံးခုန်တာနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ

သင့်နှလုံးခုန်တာနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ နေ့စဉ်အသက်ရှင်နေထိုင်နိုင်ဖို့ အရေးကြီးဆုံး အချက်ဖြစ်တဲ့ နှလုံးဘယ်လို အလုပ်လုပ်သလဲဆိုတာရယ်၊ နှလုံးခုန်နှုန်းရယ်နဲ့ ပတ်သက်ပြီး သင်ဘယ်လောက်သိသလဲ လေ့လာကြည့်ကြရအောင်။ ၁။ ပုံမှန်ဆိုရင် တစ်မိနစ်ကို ဘယ်နှကြိမ်နှုန်း နှလုံးခုန်လေ့ရှိပါသလဲ (က) ၂၀ကနေ ၆၀ (ခ) ၆၀ကနေ ၁၀၀ (ဂ) ၁၀၀ ကနေ ၁၄၀ အဖြေ။ (ခ) အသက်အရွယ်၊ ကျန်းမာဖြတ်လတ်မှု၊ လှုပ်ရှားနေလား၊ နားနေလား စတာတွေပေါ်မူတည်ပြီး နှလုံးခုန်နှုန်း အမျိုးမျိုး ကွာခြားတတ်ပါတယ်။ ဒါပေမဲ့ ပုံမှန် သွေးခုန်နှုန်းကတော့ တစ်မိနစ်ကို အကြိမ် ၆၀ကနေ ၁၀၀ကြားရှိပါတယ်။ ကိုယ့်ရဲ့ နှလုံးခုန်နှုန်းကို တိုင်းချင်ရင် ဘယ်လက်ကောက်ဝတ် လက်မအောက်နားက အကြောကို ညာဘက်လက်ချောင်း၃ချောင်းနဲ့ ဖိပြီး နာရီကြည့်ကာ တစ်မိနစ်မှာ ဘယ်နှကြိမ်ခုန်လည်း စမ်းကြည့်နိုင်ပါတယ်။ … More သင့်နှလုံးခုန်တာနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ

HOW MUCH DO YOU KNOW ABOUT EXERCISE?

HOW MUCH DO YOU KNOW ABOUT EXERCISE? ===================================== ‪#‎လေ့ကျင့်ခန်းအကြောင်းဘယ်လောက်သိသလဲ‬ ♣ ဒေါက်တာနုမြတ်သိင်္ဂီဦး အဆင့်မြင့်အားကစားခန်းမတွေ Gym တွေ၊ Fitness Center တွေပေါ်လာပြီးနောက် Exercise တွေ Wor­kout တွေလုပ်နေပေမယ့် ကိုယ်လုပ်တာတွေ တကယ် ကော ထိရောက်ရဲ့လား ဗဟုသုတကောလုံလုံလောက် လောက်ရှိရဲ့လား ဆန်းစစ်ကြည့်ကြပါစို့။ ▄▄ 1 ▄▄ အနာမခံ အသာမစံဆိုတာ အမြဲမှန်လား ♣ မှန် ♣ မှား အဖြေ – မှား နာကျင်မှုခံစားရပါက လုပ်နေတာတွေရပ်လိုက်ပါ။ နောက် တစ်ခါထပ်မလုပ်ခင် ဆရာဝန်နဲ့ပြသတိုင်ပင်ပါ။ ကြွက်သားနာကျင်ရုံ သက်သက်ဆိုရင်တော့ တစ်မျိုးပေါ့။ ခုမှ လေ့ကျင့်ခန်းစလုပ်သူတွေ၊ မလုပ်ဘဲအကြာကြီးနေပြီးမှ ပြန်လုပ်သူတွေဆို ကြွက်သားတွေ တစ်ပတ် … More HOW MUCH DO YOU KNOW ABOUT EXERCISE?

ကျန်းမာရွှင်လန်းစေနိုင်တဲ့ အသက်ရှူနည်းအမျိုးမျိုး

အသက်ရှူလေ့ကျင့်ခန်းတွေဟာ ရင်ကြပ်ရောဂါရှိသူတွေကို ရင်ကြပ်သက်သာတဲ့ ရှူဆေး(Inhaler)တွေ သုံးစွဲရနှုန်း လျော့နည်းစေပါတယ်။ ဒါ့အပြင် တချို့အသက်ရှူနည်းတွေဟာ စိတ်ပူပန်မှုတွေကို လျော့နည်းသက်သာစေရုံမျှမက လုပ်ဆောင်မှုတွေကိုပါ ကောင်းမွန်စေတာကို တွေ့ရပါတယ်။  ♥ အိပ်ပျော်စေဖို့ ( အသံထွက်အသက်ရှူနည်း ) အသံထွက်ခြင်းဟာ အသက်ရှူထုတ်ရာမှာ ပိုမိုလွယ်ကူချောမွေ့စေပါတယ်။ အသက်ပြင်းပြင်းရှူသွင်းကာ အသက် ရှူထုတ်တဲ့အခါ “အွမ်း”(mmm)ဆိုတဲ့အသံနဲ့ ရှူထုတ်ပြီး စိတ်ပြေလျှော့အနားရတဲ့အထိ ပြုလုပ်ပါ။ ဘေးပတ်ဝန်းကျင်မှာ လူတွေရှိလို့ အသံထွက်ရခက်ခဲနေရင်တော့ အသက်ပြင်းပြင်ရှူသွင်း၊ ရှူထုတ်ကာ ခဏရပ်ပြီးမှ နောက်ထပ်တစ်ခါထပ်ရှူ သွင်း၊ ရှူလုပ်ပါ။ ♥ လုပ်ဆောင်မှုတွေကောင်းမွန်စေဖို့ ( နှာခေါင်းပေါက်တစ်ဖက်စီအလှည့်ကျအသက်ရှူပါ ) ဒီလိုမျိုးအသက်ရှူနည်းဟာ စိတ်တွေကို အာရုံစိုက်စေတဲ့အတွက် အသိဥာဏ်ပညာကောင်းမွန်စေပြီး အားကစား လုပ်ဆောင်မှုတွေကိုပါ ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ ညာဘက်နှာခေါင်းပေါက်ကို ညာဘက်လက်မဖြင့် ပိတ်ကာ အသက်ရှူ ထုတ်ပါ။ ပြီးရင် … More ကျန်းမာရွှင်လန်းစေနိုင်တဲ့ အသက်ရှူနည်းအမျိုးမျိုး