How to reach your goals?

ပန်းတိုင်ဆီအရောက်လှမ်းနိုင်မယ့်နည်းလမ်းများ Written by Dr.Nu Myat Theingi Oo ကိုယ်ရဲ့စိုက်ထူထားတဲ့ပန်းတိုင်ကို အောင်မြင်မှုတွေနဲ့ အရောက်လှမ်းနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက် ပါတယ်။ ၁။ အတိအကျသတ်မှတ်ပါ။ သင်ဘာကို လိုချင်တာလဲဆိုတာ သေချာသိအောင်လုပ်ပါ။ “အားကစားလေ့ကျင့်ခန်း ပိုလုပ်ချင်တယ်”ဆိုတာမျိုး ဟာ ၀ိုးတိုးဝါးတားနဲ့မရေရာပါဘူး။ “တစ်နေ့ကို မိနစ် ၃၀လောက် လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ချင်တယ်”ဆို တာမျိုးကတော့ ပိုတိကျသေချာပါတယ်။ ၂။ ရေးမှတ်ထားပါ။ သင်ရောက်ချင်တဲ့ ပန်းတိုင်တွေကို ရေးချထားတာဟာ သင့်ရဲ့ဦးနှောက်ထဲ ပိုစွဲမြဲစေပြီး သင့်ကိုယ်သင် ကတိပြု ထားရာလည်း ရောက်ပါတယ်။ သင်နေ့စဉ် မြင်နိုင်တဲ့နေရာမှာ ထားသင့်ပါတယ်။ ၃။ အလွယ်ကနေ စလုပ်ပါ။ သင့်ရဲ့ ရည်မှန်းချက်က တစ်နေ့ကို မိနစ်၃၀ကြာ လမ်းလျှောက်မယ်လို့ မှန်းထားပါက စစချင်းတစ်နေ့ကို ၁၀မိနစ်စာလောက်သာ လမ်းလျှောက်ပေးပါက ပိုသဘာဝကျပြီး … More How to reach your goals?

What color should you wear today?

ဒီနေ့ ဘာအရောင် သုံးသင့်သလဲ ? Dr.Nu Myat Theingi Oo အရောင်တွေဟာ ကျွန်မတို့ရဲ့ စိတ်နေစိတ်ထားနဲ့ စိတ်ခံစားမှုတို့အပေါ် အကျိုးသက်ရောက်မှုရှိစေတယ်ဆိုတာ သတိထားမိကြမှာပါ။ အရောင်တွေဟာ ကျွန်မတို့ကို အားရှိစေနိုင်တယ်။ တည်ငြိမ်စေနိုင်တယ်။ ရဲရင့်စေနိုင်တယ်။ ပျော်ရွှင်စေနိုင်တယ်။ ဒါကြောင့် အရောင်တွေရဲ့အစွမ်းနဲ့ ကျွန်မတို့ကို ဘယ်လိုအကျိုးရှိစေ နိုင်မလဲဆိုတာ စမ်းကြည့်ရအောင်။ ပထမဆုံးအောက်ဖော်ပြပါ မေးခွန်းတွေကို ဖြေကြည့်ပြီး အခုဖြစ်ပေါ်နေတဲ့ သင့် စိတ်အခြေအနေနဲ့ လိုက်ဖက်တဲ့ အရောင်တွေကို ၀တ်ဆင်အသုံးပြုကြည့်ပါ။ အောက်ပါ စာကြောင်းတွေအနက် သင်နဲ့ကိုက်ညီတဲ့ စာကြောင်းတွေကို မှတ်ထားပါ။ ၁။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ လျော့နည်းနေပြီး လူတွေဟာ တစ်ခါတစ်ရံမှာ ကိုယ့်အပေါ် အခွင့်အရေး ယူတတ်ကြသလို ခံစားနေရတယ်။ ၂။ ကိုယ့်ရဲ့ ဘ၀မှာ မေတ္တာတွေ၊ စိတ်လှုပ်ရှားမှုတွေကို … More What color should you wear today?

14 reasons to eat nuts

အခွံမာသီးများကို စားသင့်တဲ့ အကြောင်းပြချက် ၁၄ ချက် Dr Nu Myat Theingi Oo သုတေသနပြုချက်များအရ အခွံမာသီးများကို မကြာခဏစားပေးပါက နှလုံးကိုအကာအကွယ်ပေးနိုင်တယ်လို့ သိရပါ တယ်။ တစ်ပတ်ကို ငါးကြိမ်နဲ့အထက် အခွံမာသီးစားသူတွေဟာ တစ်ပတ်ကို နှစ်ကြိမ်နဲ့အောက် စားသူတွေထက် နှလုံးသွေး ကြောကျဉ်းရောဂါဖြစ်နိုင်ချေ ၅၀ ရာခိုင်နှုန်းလျော့နည်းတာ တွေ့ရပါတယ်။ သီဟိုဠ်စေ့၊ ဗန်ဒါစေ့၊ Pecan နဲ့ Pistachio လို့ခေါ်တဲ့ အစေ့တွေမှာ ကိုလက်စထရောစုပ်ယူမှုလျော့ကျစေပြီး နှလုံး ရောဂါဖြစ်နိုင်ချေလျော့ကျစေတဲ့ အပင်စတီရောဓာတ်တွေ အမြောက်အမြားပါရှိပါတယ်။ အခွံမာသီးတွေမှာ သန်မာတဲ့ ဆဲလ်တွေဖြစ်ပွားထိန်းသိမ်းနိုင်ဖို့ လိုအပ်တဲ့ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတချို့ဖြစ်နိုင် ချေကို လျှော့ချရာမှာ အရေးကြီးတဲ့ ကျန်းမာသန်စွမ်းတဲ့ဆံပင်နဲ့ စိုပြေလှပတဲ့ အသားအရေဖြစ်ပေါ်စေနိုင်တဲ့ အလွန် အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant)တစ်မျိုးဖြစ်တဲ့ … More 14 reasons to eat nuts

ခွင့်လွှတ်ခြင်း အဆင့်(၁၀)ဆင့်

ခွင့်လွှတ်ခြင်း အဆင့်(၁၀)ဆင့် Written by – Dr.Nu Myat Theingi Oo တစ်စုံတစ်ယောက်ရဲ့ အမှားတွေအတွက် အဲဒီလူကို ခွင့်လွှတ်လိုက်ခြင်းဟာ ကျွန်မတို့ရဲ့ စိတ်ကို အံ့သြစရာကောင်း လောက်အောင် ပေါ့ပါးလွတ်လပ်စေတဲ့အတွက် ခွင့်လွှတ်ခြင်းဟာ ဘ၀နေထိုင်မှု အနုပညာတစ်ရပ်လို့ပဲ ဆိုချင်ပါတယ်။ လူတိုင်းလူတိုင်းကတော့ တစ်ချိန်မဟုတ် တစ်ချိန် ကိုယ့်ရဲ့ဆွေမျိုးသားချင်း၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းတစ်ယောက် လောက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာ၊ စိတ်ပျက်စရာတွေကိုကြုံဆုံဖူးမှာပါ။ အဲဒီလိုကြုံဆုံလာတဲ့အခါတိုင်း သည်းခံ ခွှင့်လွှတ်ခြင်းဟာ နှစ်ဖက်စလုံးအတွက် အကျိုးရှိစေပြီး စိတ်ကိုသက်သာရာရစေကာ နှစ်ဦးနှစ်ဖက် ပေါင်းသင်းဆက်ဆံရေး ကိုလည်း ပိုပြီး အဆင်ပြေလာစေနိုင်ပါတယ်။ ခွင့်မလွှတ်နိုင်ခြင်းကြောင့် ဘ၀မှာ နာကြည်းမှုတွေ၊ နာကျင်မှုတွေနဲ့ အသက်ဆက်နေရင် ဘ၀ဟာ အဓိပ္ပာယ်မှ မရှိ တော့မှန်းကို လူအတော်များများက သတိမထားမိကြပါဘူး။ လေ့လာမှုတွေအရ ဘ၀နေထိုင်မှုပုံစံမှာ … More ခွင့်လွှတ်ခြင်း အဆင့်(၁၀)ဆင့်

How much do you know about Mood?

စိတ်ခံစားမှုအကြောင်း သင်ဘယ်လောက်သိသလဲ ဒေါက်တာနုမြတ်သိင်္ဂီဦး ၁။ တေးဂီတက စိတ်ခံစားမှုကို အမြဲကောင်းမွန်စေနိုင်တယ် (က)မှန် (ခ) မှား အဖြေ  (ခ) မှား တေးဂီတက စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်တာမှန်ပေမဲ့ သင်နားထောင်တဲ့ ဂီတ အမျိုးအစားပေါ်မူတည်ပါသေးတယ်။ လေ့လာချက်အရ ဂီတပညာရှင်မိုးဇက်ရဲ့ ဂန္ထ၀င်တေးသွားနားထောင်သူတွေရဲ့ စိတ်ခံစားမှုတေါပိုမိုကောင်းမွန်နေတာမျိုးတွေ့ရပေမဲ့ တချို့တူရိယာဂီတနားထောင်နေစဉ်မှာ ပုံမှန်အတိုင်းဖြစ်နေတာမျိုးတွေ့ရပါတယ်။ ခြောက်ခြားဖွယ်ဇာတ်ကားတွေရဲ့ ဇာတ်ဝင်တေးသွားတွေ နားဆင်ရတဲ့ အခါမျိုးမှာ ပိုလို့တောင်ဆိုးရွားနေတာကိုလည်း တွေ့ရပါတယ်။ ၂။ ဒီထဲက ဘယ်အစားအစာက စိတ်ခံစားမှုကောင်းစေနိုင်သလဲ (က)သံလွင်ဆီ (ခ)ဆယ်လ်မွန်ငါး (ဂ)Walnuts (ယ)အပေါ်ကအစာအားလုံး အဖြေ (ယ) အပေါ်ကအစာအားလုံး သံလွင်ဆီများစွာစားသုံးသူတွေမှာ စိတ်ကျရောဂါဖြစ်နိုင်ချေနည်းတာမျိုးတွေ့ရပါတယ်။ ဆယ်လ်မွန်ငါးနဲ့ Walnut တွေကတော့ စိတ်ခံစားမှုကောင်းစေတဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်တွေ များစွာ ကြွယ်ဝနေပါတယ်။ တချို့လေ့လာချက်တွေအရ … More How much do you know about Mood?

မျက်နှာလေး နုပျိုဖို့ ယောဂကျင့်ကြစို့

မျက်နှာလေး နုပျိုဖို့ ယောဂကျင့်ကြစို့ မျက်နှာယောဂကျင့်စဉ်ဟာ မျက်နှာအသားအရေကို အရေးအကြောင်းကင်းပြီး တင်းရင်းလှပစေတဲ့အတွက် ကမ္ဘာတစ်ဝန်းမှာ ခေတ်စားနေပြီဖြစ်ပါတယ်။ မျက်နှာကို လေ့ကျင့်ခန်းမလုပ်တဲ့အခါ ဖြေလျော့မှုမရှိတဲ့ တင်းအားတွေဟာ မေးရိုးဆီကို ရောက်ရှိသွားပြီး မျက်နှာတွဲကျကာ အတွန့်အခေါက်တွေဖြစ်ပေါ်လာနိုင်ပါတယ်။ မျက်နှာကို ယောဂလေ့ကျင့် ခန်းတွေ လုပ်ပေးတဲ့အခါ မျက်နှာကြွက်သားတင်းအားတွေ လျော့နည်းသွားတဲ့အတွက် အရေးအကြောင်းတွေဖြစ်ပေါ် မလာနိုင်တဲ့အပြင် မျက်နှာကြွက်သားတွေကို ဆွဲဆန့်လိုက်တဲ့အခါမှာလည်း မျက်နှာအသားအရေ တင်းရင်းသွားနိုင်ပါသေးတယ်။ ဒါပေမဲ့ ဘယ်အရာပဲလုပ်လုပ် မဇ္ဇိမပဋိပဋာ ဆိုတဲ့အတိုင်း အလယ်အလတ် လုပ်တာပဲ ကောင်းပါတယ်။ မျက်နှာကို ခဏ ခဏ အရမ်းကြီး တွန့်လိမ်ရှုံ့ခေါက်နေရင်တော့ အကြောဆွဲသွားနိုင်ပြီး ပြန်ပြင်လို့ မရနိုင်တော့တဲ့အတွက် သတိထားပါ။ အနည်းငယ် လုပ်ရင်တော့ စိုးရိမ်စရာမလိုဘဲ သင်စိတ်ပူထိတ်လန့်နေတဲ့ အရေးအကြောင်းတွေလည်း ပေါ်လာတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပုံပါအတိုင်း မျက်နှာယောဂတွေ … More မျက်နှာလေး နုပျိုဖို့ ယောဂကျင့်ကြစို့

မိ တ် က ပ် အေ ကြာ င်း သိ ကောင်း စ ရာ အ ဖြာ ဖြာ

မိ တ် က ပ် အေ ကြာ င်း သိ ကောင်း စ ရာ အ ဖြာ ဖြာ =================================== ♥ ဒေါက်တာ နုမြတ်သိင်္ဂီဦး ခုခေတ်မှာ အလှကုန်ဈေးကွက်ထဲ မိတ်ကပ်အမျိုးအစား မျိုးစုံပေါ်လာတာ မယုံနိုင်စရာပါပဲ။ အသားအရေဖြူဝင်းစေတဲ့ မိတ်ကပ်၊ အိုမင်း ရင့်ရော်မှုကို ကာကွယ်ပေးတဲ့ မိတ်ကပ်၊ ၀င်းဝါစိုပြည်စေတဲ့ မိတ်ကပ်စသဖြင့် အမျိုးအစားစုံ Brand စုံ ရှိပါတယ်။ အဲဒီအစား အရောင်တွေ ရွေးချယ်စရာ ပိုများရင်တော့ ပိုကောင်းပါလိမ့်မယ်။ ဒီတော့ ရှုပ်ယှက်ခတ်ကာ ရွေးချယ်ရခက်တဲ့အလှကုန်ဖြစ်တဲ့ မိတ်ကပ်ကို ရွေးချယ်ဝယ်ယူရာမှာ လွယ်ကူစေဖို့ ရှင်းလင်းတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။ ‪#‎အသားအရေအမျိုးအစား‬ ▬▬▬▬▬▬▬▬▬▬ မိတ်ကပ် ၀ယ်ယူတော့မယ်ဆိုရင် … More မိ တ် က ပ် အေ ကြာ င်း သိ ကောင်း စ ရာ အ ဖြာ ဖြာ

သင့်နှလုံးခုန်တာနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ

သင့်နှလုံးခုန်တာနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ နေ့စဉ်အသက်ရှင်နေထိုင်နိုင်ဖို့ အရေးကြီးဆုံး အချက်ဖြစ်တဲ့ နှလုံးဘယ်လို အလုပ်လုပ်သလဲဆိုတာရယ်၊ နှလုံးခုန်နှုန်းရယ်နဲ့ ပတ်သက်ပြီး သင်ဘယ်လောက်သိသလဲ လေ့လာကြည့်ကြရအောင်။ ၁။ ပုံမှန်ဆိုရင် တစ်မိနစ်ကို ဘယ်နှကြိမ်နှုန်း နှလုံးခုန်လေ့ရှိပါသလဲ (က) ၂၀ကနေ ၆၀ (ခ) ၆၀ကနေ ၁၀၀ (ဂ) ၁၀၀ ကနေ ၁၄၀ အဖြေ။ (ခ) အသက်အရွယ်၊ ကျန်းမာဖြတ်လတ်မှု၊ လှုပ်ရှားနေလား၊ နားနေလား စတာတွေပေါ်မူတည်ပြီး နှလုံးခုန်နှုန်း အမျိုးမျိုး ကွာခြားတတ်ပါတယ်။ ဒါပေမဲ့ ပုံမှန် သွေးခုန်နှုန်းကတော့ တစ်မိနစ်ကို အကြိမ် ၆၀ကနေ ၁၀၀ကြားရှိပါတယ်။ ကိုယ့်ရဲ့ နှလုံးခုန်နှုန်းကို တိုင်းချင်ရင် ဘယ်လက်ကောက်ဝတ် လက်မအောက်နားက အကြောကို ညာဘက်လက်ချောင်း၃ချောင်းနဲ့ ဖိပြီး နာရီကြည့်ကာ တစ်မိနစ်မှာ ဘယ်နှကြိမ်ခုန်လည်း စမ်းကြည့်နိုင်ပါတယ်။ … More သင့်နှလုံးခုန်တာနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ

HOW MUCH DO YOU KNOW ABOUT EXERCISE?

HOW MUCH DO YOU KNOW ABOUT EXERCISE? ===================================== ‪#‎လေ့ကျင့်ခန်းအကြောင်းဘယ်လောက်သိသလဲ‬ ♣ ဒေါက်တာနုမြတ်သိင်္ဂီဦး အဆင့်မြင့်အားကစားခန်းမတွေ Gym တွေ၊ Fitness Center တွေပေါ်လာပြီးနောက် Exercise တွေ Wor­kout တွေလုပ်နေပေမယ့် ကိုယ်လုပ်တာတွေ တကယ် ကော ထိရောက်ရဲ့လား ဗဟုသုတကောလုံလုံလောက် လောက်ရှိရဲ့လား ဆန်းစစ်ကြည့်ကြပါစို့။ ▄▄ 1 ▄▄ အနာမခံ အသာမစံဆိုတာ အမြဲမှန်လား ♣ မှန် ♣ မှား အဖြေ – မှား နာကျင်မှုခံစားရပါက လုပ်နေတာတွေရပ်လိုက်ပါ။ နောက် တစ်ခါထပ်မလုပ်ခင် ဆရာဝန်နဲ့ပြသတိုင်ပင်ပါ။ ကြွက်သားနာကျင်ရုံ သက်သက်ဆိုရင်တော့ တစ်မျိုးပေါ့။ ခုမှ လေ့ကျင့်ခန်းစလုပ်သူတွေ၊ မလုပ်ဘဲအကြာကြီးနေပြီးမှ ပြန်လုပ်သူတွေဆို ကြွက်သားတွေ တစ်ပတ် … More HOW MUCH DO YOU KNOW ABOUT EXERCISE?

သင့်ခြေလှမ်းမှပြောသော သင့်အကြောင်း

သင့်ခြေလှမ်းမှပြောသော သင့်အကြောင်း ————————————————————————– ဒေါက်တာနုမြတ်   လမ်းလျှောက်တဲ့အခါ ခပ်မြန်မြန်လှမ်းလေ့ရှိလား ဒါမှမဟုတ် ခြေလှမ်းစိပ်စိပ်လှမ်းတတ်သလား။ သင်ရဲ့ လမ်းလျှောက်ပုံ၊ ခြေလှမ်းလှမ်းပုံပေါ် မူတည်ပြီး သင့်ကျန်းမာရေးကို ခန့်မှန်းလို့ ရပါတယ်။ ဒါ့အပြင် လမ်းလျှောက်တဲ့အခါ လက်ကို များများလွှဲသလား၊ အလေးမ,ထားသလို ဒီအတိုင်းပဲ တွဲလောင်းထားပြီး လျှောက်တတ်သလားဆိုတာကလည်း ကျန်းမာရေးနဲ့ဆက်စပ်နေပါတယ်။ ဒီဆောင်းပါးကနေပြီး သင်ရဲ့ လမ်းလျှောက်ပုံလမ်း လျှောက်နည်းက သင့်ကျန်းမာရေး အကြောင်း၊ သင့်အကြောင်း ဘယ်လိုဖော်ပြနေသလဲဆိုတာ လေ့လာကြည့်ကြရအောင်… …………………………………………………………………………………………………………………………………………………….. ခြေလှမ်းစိပ်စိပ် လှမ်းတတ်ရင် … ခြေလှမ်းခပ်စိပ်စိပ်လှမ်းကာ လမ်းလျှောက်ခြင်းက တင်ပါးနဲ့ ပေါင်ရှိ ကြွက်သားတွေ တင်းရင်းနေတာကို ဖော်ပြနေပြီး ဒူးခေါင်းပေါ် အားပြုကာ လျှောက်နေရတာကြောင့် ကြာလာပါက ဒူးခေါင်း ပြဿနာတွေ ကြုံတွေ့လာနိုင်ပါတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ခြေလှမ်းစိပ်ခြင်းက … More သင့်ခြေလှမ်းမှပြောသော သင့်အကြောင်း