အခွံမာသီးများကို စားသင့်တဲ့ အကြောင်းပြချက် ၁၄ ချက်

အခွံမာသီးများကို စားသင့်တဲ့ အကြောင်းပြချက် ၁၄ ချက် Dr Nu Myat Theingi Oo သုတေသနပြုချက်များအရ အခွံမာသီးများကို မကြာခဏစားပေးပါက နှလုံးကိုအကာအကွယ်ပေးနိုင်တယ်လို့ သိရပါ တယ်။ တစ်ပတ်ကို ငါးကြိမ်နဲ့အထက် အခွံမာသီးစားသူတွေဟာ တစ်ပတ်ကို နှစ်ကြိမ်နဲ့အောက် စားသူတွေထက် နှလုံးသွေး ကြောကျဉ်းရောဂါဖြစ်နိုင်ချေ ၅၀ ရာခိုင်နှုန်းလျော့နည်းတာ တွေ့ရပါတယ်။ သီဟိုဠ်စေ့၊ ဗန်ဒါစေ့၊ Pecan နဲ့ Pistachio လို့ခေါ်တဲ့ အစေ့တွေမှာ ကိုလက်စထရောစုပ်ယူမှုလျော့ကျစေပြီး နှလုံး ရောဂါဖြစ်နိုင်ချေလျော့ကျစေတဲ့ အပင်စတီရောဓာတ်တွေ အမြောက်အမြားပါရှိပါတယ်။ အခွံမာသီးတွေမှာ သန်မာတဲ့ ဆဲလ်တွေဖြစ်ပွားထိန်းသိမ်းနိုင်ဖို့ လိုအပ်တဲ့ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတချို့ဖြစ်နိုင် ချေကို လျှော့ချရာမှာ အရေးကြီးတဲ့ ကျန်းမာသန်စွမ်းတဲ့ဆံပင်နဲ့ စိုပြေလှပတဲ့ အသားအရေဖြစ်ပေါ်စေနိုင်တဲ့ အလွန် အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant)တစ်မျိုးဖြစ်တဲ့ … More အခွံမာသီးများကို စားသင့်တဲ့ အကြောင်းပြချက် ၁၄ ချက်

ဘယ်လိုမျိုးပင်ပန်းနေပါသလဲ

================== ♥ ဒေါက်တာနုမြတ်သိင်္ဂီဦး ပင်ပန်းပြီး နွမ်းနယ်လွန်းနေပါသလား။ ပင်ပန်းမှုတွေ ပျောက်စေဖို့ ဘာကြောင့် ပင်ပန်းတယ်၊ ဘယ်လိုပင်ပန်းတယ်ဆိုတာသိဖို့လိုအပ်ပါ တယ်။ သင်ရဲ့ အင်အားတွေကို မြှင့်တင်ပေးပြီး ပင်ပန်းမှုပျောက် ကင်းစေနိုင်မယ့် နည်းလမ်းပေါင်းများစွာရှိပါတယ်။ #ဖျားနာပြီးပင်ပန်းခြင်း ▬▬▬▬▬▬▬▬▬ အမြဲတမ်းပင်ပန်းနွမ်းနယ်နေတဲ့အပြင် အအေးမိ၊ တုပ်ကွေးရောဂါပါ မကြာခဏကူးစက်နေတတ်ပါတယ်။ #ဘာလုပ်သင့်လဲ မောပန်းခြင်းဟာ ရေဓာတ်ခန်းခြောက်ခြင်းရဲ့ လက္ခဏာ တစ်ရပ်ဖြစ်တဲ့အတွက် ရေများများသောက်ပေးသင့်ပါတယ်။ ငါးနဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်သုံးဆောင်ခြင်းဟာလည်း ကာလရှည်မောပန်းခြင်းနဲ့ ကိုယ်ခံအားကျဆင်းခြင်းကို ကုသရာမှာထိရောက်မှုရှိပါတယ်။ ဇင့်အားဆေးတွေဟာ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းနဲ့ ဝမ်းဗိုက်ရှိ ကူးစက်ရောဂါ ပိုးများဝင်ရောက်မလာနိုင်အောင် ကာကွယ်ပေးပါတယ်။ Antioxidants ဖြစ်တဲ့ ဗီတာမင်အီးနဲ့ ဘီတာကရိုတင်းဓာတ် များစွာပါဝင်တဲ့ အစာတွေ စားသောက်သူဟာ ရောဂါပိုးကူးစက်မှု နှုန်း ၃၀ ရာခိုင်နှုန်းလျော့နည်းတာကိုတွေ့ရပါတယ်။ ဒါကြောင့် … More ဘယ်လိုမျိုးပင်ပန်းနေပါသလဲ

အကြားအာရုံအကြောင်း သင်ဘယ်လောက်သိပါသလဲ

အကြားအာရုံအကြောင်း သင်ဘယ်လောက်သိပါသလဲ အသံတွေကို နေ့တိုင်းကြားနေရတယ်။ တချို့အသံတွေက သာယာနာပျော်ဖွယ် ရှိကောင်းရှိမယ်။ တချို့ကြတော့ ဌက်ဆိုးထိုးသံလို ဖြစ်ကောင်းဖြစ်မယ်။ ဒီအသ့တွေအားလုံးကို အကြားအာရုံကောင်းနေလို့သာ ကြားနေနိုင်တာပါ။ အကြားအာရုံနဲ့ ပတ်သက်ပြီးတော့ သင်ဘယ်လောက်သိရှိနားလည်သလဲဆိုတာကို အကဲခတ်လေ့လာကြည့်ကြရအောင်နော်။ ၁။ သီချင်းသံကြားတဲ့အခါ ကြက်သီးထတာ ခန္ဓာကိုယ်က သင်ဘယ်လိုခံစားရတယ်ထင်လို့ပါလဲ။ (က) သာယာလို့ (ခ) အထင်ကြီးလို့ (ဂ) ကြောက်လို့ အဖြေ။ (ဂ) ကြောက်လို့ အော်ပရာအဆိုတော်တွေဟာ အမြင့်သံကို အကြိမ်ကြိမ်ရောက်အောင် လေ့ကျင့်ထားကြရပြီး ငယ်သံပါအောင်အော်တဲ့ အမြင့်သံနဲ့ခပ်ဆင်ဆင်တူပါတယ်။ ဒီသီချင်းသံတွေကြားလို့ သင့်စိတ်ထဲ မကြောက်နေရင်တောင်မှ ခန္ဓာကိုယ်က  သင်ကြောက်သင့်တယ်လို့ ယူဆလိုက်ပါတယ်။ ဒါကြောင့်ကြက်သီး အလိုလိုထလာတာပါ။ သီချင်းသ့ကသာ ကြက်သီးထစေတာမဟုတ်ပါ။ ရိုလာကိုစတာစီးခြင်း၊ ရေနွေးနဲ့ ရေချိုးခြင်း၊ တစ်ခုခုကို ကုတ်ခြစ်လို့ ထွက်လာတဲ့ အသံ စတာတွေဟာလည်း … More အကြားအာရုံအကြောင်း သင်ဘယ်လောက်သိပါသလဲ

သင့်နှလုံးခုန်တာနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ

သင့်နှလုံးခုန်တာနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ နေ့စဉ်အသက်ရှင်နေထိုင်နိုင်ဖို့ အရေးကြီးဆုံး အချက်ဖြစ်တဲ့ နှလုံးဘယ်လို အလုပ်လုပ်သလဲဆိုတာရယ်၊ နှလုံးခုန်နှုန်းရယ်နဲ့ ပတ်သက်ပြီး သင်ဘယ်လောက်သိသလဲ လေ့လာကြည့်ကြရအောင်။ ၁။ ပုံမှန်ဆိုရင် တစ်မိနစ်ကို ဘယ်နှကြိမ်နှုန်း နှလုံးခုန်လေ့ရှိပါသလဲ (က) ၂၀ကနေ ၆၀ (ခ) ၆၀ကနေ ၁၀၀ (ဂ) ၁၀၀ ကနေ ၁၄၀ အဖြေ။ (ခ) အသက်အရွယ်၊ ကျန်းမာဖြတ်လတ်မှု၊ လှုပ်ရှားနေလား၊ နားနေလား စတာတွေပေါ်မူတည်ပြီး နှလုံးခုန်နှုန်း အမျိုးမျိုး ကွာခြားတတ်ပါတယ်။ ဒါပေမဲ့ ပုံမှန် သွေးခုန်နှုန်းကတော့ တစ်မိနစ်ကို အကြိမ် ၆၀ကနေ ၁၀၀ကြားရှိပါတယ်။ ကိုယ့်ရဲ့ နှလုံးခုန်နှုန်းကို တိုင်းချင်ရင် ဘယ်လက်ကောက်ဝတ် လက်မအောက်နားက အကြောကို ညာဘက်လက်ချောင်း၃ချောင်းနဲ့ ဖိပြီး နာရီကြည့်ကာ တစ်မိနစ်မှာ ဘယ်နှကြိမ်ခုန်လည်း စမ်းကြည့်နိုင်ပါတယ်။ … More သင့်နှလုံးခုန်တာနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ

‪‎လေ့ကျင့်ခန်းအကြောင်း ဘယ်လောက်သိသလဲ‬

‪‎လေ့ကျင့်ခန်းအကြောင်း ဘယ်လောက်သိသလဲ‬ ===================================== ♣ ဒေါက်တာနုမြတ်သိင်္ဂီဦး အဆင့်မြင့်အားကစားခန်းမတွေ Gym တွေ၊ Fitness Center တွေပေါ်လာပြီးနောက် Exercise တွေ Wor­kout တွေလုပ်နေပေမယ့် ကိုယ်လုပ်တာတွေ တကယ် ကော ထိရောက်ရဲ့လား ဗဟုသုတကောလုံလုံလောက် လောက်ရှိရဲ့လား ဆန်းစစ်ကြည့်ကြပါစို့။ ▄▄ 1 ▄▄ အနာမခံ အသာမစံဆိုတာ အမြဲမှန်လား ♣ မှန် ♣ မှား အဖြေ – မှား နာကျင်မှုခံစားရပါက လုပ်နေတာတွေရပ်လိုက်ပါ။ နောက် တစ်ခါထပ်မလုပ်ခင် ဆရာဝန်နဲ့ပြသတိုင်ပင်ပါ။ ကြွက်သားနာကျင်ရုံ သက်သက်ဆိုရင်တော့ တစ်မျိုးပေါ့။ ခုမှ လေ့ကျင့်ခန်းစလုပ်သူတွေ၊ မလုပ်ဘဲအကြာကြီးနေပြီးမှ ပြန်လုပ်သူတွေဆို ကြွက်သားတွေ တစ်ပတ် လောက်တော့ နာကျင်နေတတ်တာ ပုံမှန်ပါ။ ဒါကြောင့် စလုပ်သူတွေ အရမ်းမလုပ်ဘဲ … More ‪‎လေ့ကျင့်ခန်းအကြောင်း ဘယ်လောက်သိသလဲ‬

ရင်သားအကြောင်းဘယ်လောက်သိသလဲ

ရင်သားအကြောင်းဘယ်လောက်သိသလဲ •••••••••••••••••••••••••••••••••••••••••• ♥ ဒေါက်တာနုမြတ်သိင်္ဂီဦး ဒီမေးခွန်းလေးတွေဖြေကြည့်ရင်း အမျိုးသမီးတိုင်းအတွက် အရေးပါလှတဲ့ ရင်သားအကြောင်း သင်ဘယ်လောက်သိလဲ ဆန်းစစ်ကြည့်ကြရအောင်။ #ရင်သားနှစ်ဖက် အရွယ်အစားတူညီသင့်တယ် ◘ မှန် ◘ မှား အဖြေ – မှား အမျိုးသမီးတစ်ယောက်ရဲ့ ရင်သား တစ် ဖက်နဲ့တစ်ဖက် အရွယ်အစားမတူညီတာ ရှက်စရာ မဟုတ်ပါဘူး။ လေ့လာချက်အရ အမျိုးသမီး ၄၄ရာ ခိုင်နှုန်းဟာ သူတို့ရဲ့ ရင်သားတစ်ဖက်က တစ်ဖက် ထက်ပိုပြီးသေးနေတယ်လို့ ထင်တတ်ကြပါတယ်။ ဒါက ရင်သား အရွယ်အစားပဲရှိပါသေးတယ်။ နို့သီး ခေါင်းအရွယ်အစားနဲ့ရင်သားပုံစံကိုပါ ထည့်တွက် မယ်ဆိုရင် ၈၈ ရာခိုင်နှုန်းက မတူညီဘူးလို့ဖြေကြ မှာပါ။ #နို့သီးခေါင်းအပိုတွေဟာ ◘ ဘယ်နေရာမဆိုထွက်နိုင်တယ်။ မျက်နှာပေါ်တောင် ရှိနေတတ်တယ်။ ◘ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုရှိတတ် … More ရင်သားအကြောင်းဘယ်လောက်သိသလဲ

ကျန်းမာရွှင်လန်းစေနိုင်တဲ့ အသက်ရှူနည်းအမျိုးမျိုး

အသက်ရှူလေ့ကျင့်ခန်းတွေဟာ ရင်ကြပ်ရောဂါရှိသူတွေကို ရင်ကြပ်သက်သာတဲ့ ရှူဆေး(Inhaler)တွေ သုံးစွဲရနှုန်း လျော့နည်းစေပါတယ်။ ဒါ့အပြင် တချို့အသက်ရှူနည်းတွေဟာ စိတ်ပူပန်မှုတွေကို လျော့နည်းသက်သာစေရုံမျှမက လုပ်ဆောင်မှုတွေကိုပါ ကောင်းမွန်စေတာကို တွေ့ရပါတယ်။ ♥ အိပ်ပျော်စေဖို့ ( အသံထွက်အသက်ရှူနည်း ) အသံထွက်ခြင်းဟာ အသက်ရှူထုတ်ရာမှာ ပိုမိုလွယ်ကူချောမွေ့စေပါတယ်။ အသက်ပြင်းပြင်းရှူသွင်းကာ အသက် ရှူထုတ်တဲ့အခါ “အွမ်း”(mmm)ဆိုတဲ့အသံနဲ့ ရှူထုတ်ပြီး စိတ်ပြေလျှော့အနားရတဲ့အထိ ပြုလုပ်ပါ။ ဘေးပတ်ဝန်းကျင်မှာ လူတွေရှိလို့ အသံထွက်ရခက်ခဲနေရင်တော့ အသက်ပြင်းပြင်ရှူသွင်း၊ ရှူထုတ်ကာ ခဏရပ်ပြီးမှ နောက်ထပ်တစ်ခါထပ်ရှူ သွင်း၊ ရှူလုပ်ပါ။ ♥ လုပ်ဆောင်မှုတွေကောင်းမွန်စေဖို့ ( နှာခေါင်းပေါက်တစ်ဖက်စီအလှည့်ကျအသက်ရှူပါ ) ဒီလိုမျိုးအသက်ရှူနည်းဟာ စိတ်တွေကို အာရုံစိုက်စေတဲ့အတွက် အသိဉာဏ်ပညာကောင်းမွန်စေပြီး အားကစား လုပ်ဆောင်မှုတွေကိုပါ ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ ညာဘက်နှာခေါင်းပေါက်ကို ညာဘက်လက်မဖြင့် ပိတ်ကာ အသက်ရှူ ထုတ်ပါ။ ပြီးရင် … More ကျန်းမာရွှင်လန်းစေနိုင်တဲ့ အသက်ရှူနည်းအမျိုးမျိုး