နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ စမတ်ဖုန်းတွေ၊ I Pad နဲ့ Tablet တွေ ကို အသုံးပြုလာကြပါတယ်။ တချို့ဆို ကွန် ပျူတာမသုံးဘဲ ဖုန်းတို့၊ Tablet တို့နဲ့တင် ပြီး ပြည့်စုံနေပြီလို့ ဆိုသူများတောင် ရှိပါတယ်။ ဖုန်းတို့၊ Tablet တို့နဲ့ အားနေရင် Facebook ကြည့်တာတို့၊ ဂိမ်းဆော့တာတို့ကို စဉ်ဆက်မပြတ် ပြု လုပ်လေ့ရှိကြသူများမှာ “Tablet ဇက်”လို့ တင်စားပြီး ခေါ်လို့ ရတဲ့ ဇက်ကြောတက်ခြင်း ဖြစ်လာတတ်ပါတယ်။ မျက်နှာပြင်သေးသေး လေးထဲက စာတွေကို တစ်ချိန်လုံး ခေါင်းငုံ့ ပြီး ဖတ်လိုက်၊ စာပြန်လိုက်၊ ဂိမ်းဆော့လိုက် လုပ်လေ့ရှိတာကြောင့် ဇက်ကြောက မခံနိုင် ဖြစ်လာတာပါ။ ကိုယ်နေဟန်ထား မှန်မှန်နဲ့ သာ အသုံးပြုရင် ဒီလောက်ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီလို“Tablet ဇက်”မဖြစ်ပေါ် အောင် ရှောင်ရှားနိုင်တဲ့ နည်းလမ်းတချို့ရှိပါ တယ်။

၁။ ခေါင်းကိုမတ်မတ်ထားကာ Tablet ကို အပေါ်မြှောက်ကာ မျက်လုံးနဲ့ တည့်တည့် ထားကိုင်ပါ။ ဒါမှ ခေါင်းငုံ့စရာမလိုတော့ဘဲ လည်ပင်းနဲ့ ဇက်အကြား ဒဏ်မဖြစ်တော့ မှာပါ။
၂။ အောက်မှ ချသုံးမယ်ဆိုရင်လည်း ပေါင် ပေါ် ခေါင်းအုံး ဒါမှမဟုတ် အိတ်တင်ကာ သုံးပါ။ ဒါမှ တံတောင်ဆစ်ထားစရာနေရာ ရှိ ပြီး သက်သောင့်သက်သာရှိမှာပါ။
၃။ ဖုန်းနဲ့ message ပို့စရာရှိတာတို့၊ စာရိုက်စရာရှိတာတို့ ရှိရင် ကျောမှီကာ လှဲပြီး ရိုက်ပါ။ ဖုန်းကိုတော့ မျက်နှာနဲ့ တည့်တည့်ရောက် အောင် မြှောက်ပေးထားဖို့တော့ လိုပါလိမ့် မယ်။
၄။ လက်နှစ်ဖက်စလုံး အသုံးပြုကာ လက်မ နှစ်ဖက်စလုံးနဲ့ စာရိုက်ပါ။ ဒါမှသာ ခန်္ဓာကိုယ် က ဘက်ညီမျှမှာပါ။
၅။ နာကျင်မှုကို လျစ်လျူမရှုပါနဲ့။ နာကျင် ခြင်းက ခန်္ဓာကိုယ်မှာ တစ်ခုခု မှားယွင်းနေ ကြောင်း ပြတဲ့ လက်္ခဏာတစ်ရပ်ပါ။ ဇက် ကြောတက်တာ မပျောက်ဘဲ နာကျင်နေပါက ဆရာဝန်နဲ့ ပြသင့်နေပါပြီ။
၆။ ရွေ့လျားနေတဲ့ ကား၊ ရထားတို့လို ယာဉ် တွေပါ်မှာ အသုံးမပြုပါနဲ့။ ရွေ့လျားနေစဉ်မှာ အာရုံစူးစိုက်ထားရတာကြောင့် ဇက်ကြော တက်ခြင်းကို ပိုပြီး ဖြစ်ပေါ်စေမှာပါ။
ဒေါက်တာနုမြတ်