၁။ ရုံးသုံးပစ္စည်းတွေထည့်လို့ရတယ်။
သင့်ရဲ့ ရုံးစားပွဲမျက်နှာပြင်မှာ ရှုပ်ပွနေတဲ့ စက္ကူညှပ်ကလစ်တွေ၊ တံဆိပ်ခေါင်းတွေ၊ ပင်အပ်တွေ အစရှိ တဲ့ တိုလီမုတ်စလေးတွေကို ရေခဲ ခဲတံခွက်လေးတွေထဲမှာ ထည့်ထားလိုက်တဲ့အခါ မျက်စိအမြင်ရှင်းနိုင်ပါ တယ်။
၂။ ကွတ်ကီးဖုတ်စားလို့ရတယ်။
ရေခဲခွက်လေးတွေထဲ ကွတ်ကီးလုပ်မယ့် မုန့်နှစ်တွေထည့်ကာ ရေခဲသေတ္တာထဲ အေးခဲနေအောင် ထားပါ။ စားချင်တဲ့အခါမှာ အခဲလိုက် အတုံးလေးတွေအတိုင်း ထုတ်ပြီး ဖုတ်စားလိုက်ပါ။
၃။ ဖန်စီပစ္စည်းလေးတွေ (Accessories)ထည့်လို့ရတယ်။
ကလစ်လှလှလေးတွေ၊ ခေါင်းစဉ်ကြိုးတွေကိုသာမက ဆွဲကြိုး၊ လက်စွပ်၊ ဟန်းချိန်း၊ နားကပ်လှလှလေးတွေကိုပါ ရောထွေးမသွားအောင် တစ်ကန့်ခြင်းဆီမှာထည့်ထားလို့ရပါတယ်။
၄။ ပန်းချီဆွဲတဲ့အခါမှာလည်း အသုံးတည့်တယ်။
အရောင်စုံကို တစ်ကန့်၊ တစ်ကန့်ချင်းစီမှာ ထည့်ထားခြင်းဖြင့် အရောင်တွေ ရောမသွားဘဲ ပန်းချီဆွဲရာမှာ အသုံး ဝင်ပါတယ်။
Nu Myat