အောက်ဆီဂျင်တက်စေနိုင်တဲ့
မှောက်လျှက်အိပ် အသက်ရှူနည်း
အခုတလော အောက်ဆီဂျင်အိုးတွေ ၀ယ်ရသိပ်ခက်တာကြောင့်အောက်ဆီဂျင် ကျတဲ့ ကိုဗစ်လူနာတွေ အောက်ဆီဂျင် ရှုဖို့လိုတဲ့အခါ ဒုက္ခရောက်ရပါတယ်။ ဒါကြောင့် အောက်ဆီဂျင်ကျတဲ့အခါ အောက်ဆီဂျင် ပြန်တက်အောင်လုပ်လို့ရတဲ့ သဘာဝနည်းကို ပြောပြပါမယ်။ အဲ့ဒါကတော့ #မှောက်လျှက်အိပ်ပြီးအသက်ရှူ တာပါ။ ဆေးပညာအရဆိုရင်တော့ #Proning လို့ ခေါ်ပါတယ်။ ဒီနည်းက အိမ်မှာရော၊ ဆေးရုံမှာရော ပိုက်ဆံမကုန်ဘဲ အောက်ဆီဂျင်တက်အောင်လုပ်တဲ့နည်းပဲ ဖြစ်ပါတယ်။
Proning ကို ဘာကြောင့်လုပ်သင့်လဲ 
ကိုဗစ်လူနာတွေမှာ အောက်ဆီဂျင်ကျမကျ Oximeter နဲ့ မကြာခဏ စစ်ပေးသင့်ပါတယ်။ အောက်ဆီဂျင်ပမာဏ ၉၄ အောက်ရောက်နေပြီဆိုရင် အောက်ဆီဂျင်ပြန်တက်လာအောင် မှောက်လျှက် အိပ်ပေးရပါမယ်။ Oximeter မရှိလို့ အောက်ဆီဂျင်တိုင်းမရဘူးဆိုရင်လည်း ကိုဗစ်သံသယဖြစ်နေပြီ၊ ကိုဗစ်ကူးစက်ခံနေရပြီဆိုရင် မှောက်လျှက် အသက်ရှူပေးတာ မမှားပါဘူး။မှောက်အိပ်တဲ့အခါ အဆုတ်တွင်းရှိ လေအိတ်တွေဆီကို အောက်ဆီဂျင် ပိုရောက်ပါတယ်။ အဲဒီအခါ ကိုယ်တွင်း အောက်ဆီဂျင်လည်း ပိုတက်လာပါတယ်။ နှလုံးကအဆုတ်အောက်ရောက်သွားလို့ အဆုတ်ပေါ် နှလုံးရဲ့ဖိအားလည်း မရှိတော့ပါဘူး။ ဒါကြောင့် နိုင်ငံတကာဆေးရုံတွေမှာ အောက်ဆီဂျင်ကျနေတဲ့ ကိုဗစ်လူနာတွေအတွက် မှောက်လျှက်အသက်ရှူနည်းကို အသုံးပြုလေ့ရှိကြပါတယ်။
ဘာတွေလိုအပ်မလဲ 
မှောက်လျှက်အိပ်တဲ့အခါ သက်တောင့်သက်သာရှိဖို့ ခေါင်းအုံး လေး-ငါးလုံးလောက် လိုပါမယ်။ တစ်လုံးကခေါင်းအောက်၊ တစ်လုံး (သို့) နှစ်လုံးက ရင်ဘတ်ကနေ ပေါင်ရင်းထိ၊ နှစ်လုံးက ညှို့သကြီးအောက် ပုံမှာပြထားတဲ့အတိုင်း ထားပေးရပါမယ်။ ညာဘက်စောင်းအိပ်တဲ့အခါမှာတော့ တစ်လုံးကခေါင်းအောက်၊ တစ်လုံးက ခါးအောက်၊ တစ်လုံးက ပေါင်ကြားညှပ်ကာ အိပ်ရပါမယ်။
ဘယ်လိုလုပ်ရမလဲ 
တကယ်တမ်း စနစ်တကျလုပ်မယ်ဆိုရင် အဆင့် လေးဆင့်ရှိပါတယ်။ ကိုယ်နိုင်တဲ့အပေါ်မူတည်ပြီး အဆင့်တစ်ဆင့်ကို အနည်းဆုံး နာရီဝက်ကနေ နှစ်နာရီကြာ လုပ်ပေးနိုင်ပါတယ်။ လေးဆင့်မလုပ်နိုင်ရင် မှောက်လျှက်သာ အိပ်ပေးပါ။ အဆင့် လေးဆင့်ကတော့.. (၁) မှောက်လျှက်အိပ်ပါ(၂) ညာဘက်စောင်းအိပ်ပါ(၃) ခေါင်းအုံးတွေကို ကျောမှီပြီးထိုင်ပါ (၄) ဘယ်ဘက်စောင်းအိပ်ပါအဆင့် (၄) အထိပြီးရင် အဆင့် (၁) ကိုပြန်လုပ်ပါ။ မှောက်လျှက်အိပ်တဲ့အခါ လူနာကို အောက်ဆီဂျင်ပိုက်နဲ့ အောက်ဆီဂျင်ပေးလက်စဆိုရင် ခေါင်းကို ဘယ်ဖြစ်ဖြစ် ညာဖြစ်ဖြစ်စောင်းကာ ဆက်ပေးပါ။ အောက်ဆီဂျင်ပိုက်တွေ ခေါက်နေတာမျိုး၊ ပြုတ်နေတာမျိုး မဖြစ်အောင် သေချာစစ်ဆေးပါ။
ဘယ်လိုလူတွေ မလုပ်သင့်ဘူးလဲ 
ကိုယ်ဝန်ဆောင်တွေ
ခြေထောက်သွေးကြောပိတ်ရောဂါရှိသူတွေ (၄၈နာရီအတွင်း ကုသမှုခံယူထားသူတွေ)
နှလုံးရောဂါရှိသူတွေ
ခါးရိုးဆစ်ပြဿနာရှိသူတွေ
ပေါင်ရိုး၊ တင်ပါးရိုး ကျိုးသူတွေ
လတ်တလော ရင်ဘတ်ထိခိုက်ဒဏ်ရာနဲ့ ဝမ်းဗိုက်ခွဲစိတ်ထားသူတွေကတော့ မှောက်ရက်မအိပ်သင့်ပါဘူး။
သတိထားရမယ့်အချက်တွေ 

အစာစားပြီး ၁ နာရီအတွင်း မမှောက်သင့်ပါ။
ကိုယ်ခံနိုင်သလောက် အချိန်အတွင်းသာ မှောက်ပါ။
ဖိအားနည်းဖို့နဲ့ သက်တောင့်သက်သာရှိဖို့ ခေါင်းအုံးကို ဟိုဘက်နည်းနည်းဒီဘက်နည်းနည်းတိုးပေးပါ။
အခန်းတွင်း လေဝင်လေထွက်ကောင်းနေပါစေ။
ဒဏ်ရာတွေ၊ ကြွက်သားနာကျင်တာတွေ ရှိနေရင် မလုပ်ပါနဲ့။
နေနိုင်ရင် တစ်နေ့ကို နှစ်နာရီတစ်ကြိမ်နဲ့ ၁၆နာရီထိ နေလို့ ရပါတယ်။
အောက်ဆီဂျင်တက်စေနိုင်မယ့် အခြားနည်းများ
အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။
အခန်းတွင်း လေကောင်းလေသန့်ရအောင်လုပ်ပါ။
ရေများများသောက်ပေးပါ။
သံဓာတ်ပြည့်ဝတဲ့အစားအစာတွေစားပေးပါ။
ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလုပ်ပေးပါ။
သတိပြုရမှာက မှောက်ရက်အသက်ရှူနေပါရက်နဲ့ အောက်ဆီဂျင်တက်မလာဘူး။ အမော မသက်သာဘူးဆိုရင်တော့ ဆက်မလုပ်သင့်ပဲ ဆေးရုံဆေးခန်းပြသင့်နေပါပြီ။
အားလုံးကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး ရောဂါကပ်ဆိုးကို အောင်မြင်စွာကျော်လွှားနိုင်ပါစေ
ဆုမွန်ကောင်းဖြင့်
ဒေါက်တာနုမြတ်သိင်္ဂီဦး
Dr. Nu Myat Theingi Oo#Oxygen#Proning#BreathingSee InsightsBoost Unavailable
6.5K6.5K77 Comments10K SharesLikeCommentShare