ကျန်းမာဖို့ မတ်တတ်ရပ်ကြစို့

“ကျန်းမာဖို့ မတ်တတ်ရပ်ကြစို့”

သတိပေးချက်
ဒီစာကိုဖတ်နေစဉ် သင်ထိုင်နေတဲ့ ထိုင်ခုံဟာ သင့်ရဲ့ကျန်းမာရေးကို ထိခိုက်ကောင်း ထိခိုက်နိုင်ပါတယ်။

ကျန်းမာရေးအတွက် သတ်မှတ်ထားတဲ့ ကိုယ်လက်လူပ်ရှားမူဖြစ်တဲ့ တစ်နေ့ကို မိနစ် ၃၀စာ အနည်းဆုံး တစ်ပတ်ငါးရက် အလယ်အလတ်ကနေ ပြင်းပြင်းထန်ထန်ပြုလုပ်ရတဲ့ ကိုယ်လက် လူပ်ရှားမူကို ပြုလုပ်နေရင်တောင် တစ်နေ့တာရဲ့ ကျန်တဲ့အချိန် ၂၃နာရီခွဲကို ဘယ်လို အချိန်ဖြုန်းသလဲ ဆိုတာလည်း အရေးကြီးပါတယ်။ တစ်နေ့လုံး လူပ်ရှားမူ ကောင်းစွာမရှိဘဲ ထိုင်ပြီးသာ အလုပ်လုပ်နေရရင်တော့ မဟုတ်သေးပါဘူး။ တစ်နေ့တာမှာ အချိန်အကြာကြီးထိုင်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေ များစွာရှိနေတာကြောင့် ထိုဆိုးကျိုးတွေမဖြစ်အောင် ကာကွယ်သင့်ပါတယ်။

အကြာကြီးထိုင်ခြင်း၏ ဆိုးကျိုးများ

လေ့လာချက်တွေအရ သွေးထဲက အဆီတွေကို အပြင်ထုတ်ပေးတဲ့ ခြေထောက်ရှိ အရေးကြီးအင်ဇိုင်းတွေဟာ ထိုင်နေတဲ့အခါမှာ ထွက်မလာတော့ဘဲ ဖြစ်တတ်ပါတယ်။ သွေကြေားတွင်းအဆီပိုတွေ မျောပါနေခြင်းကြောင့် ကိုလက်စထရောပမာဏ တက်လာနိုင်သလို နှလုံးရောဂါ ဖြစ်နိုင်ခြေလည်း များလာတတ်ပါတယ်။ ဒါ့အပြင် အဝလွန်ခြင်းနဲ့ အမျိုးအစား(၂) ဆီးချိုရောဂါလည်း ဖြစ်လာတတ်ပါတယ်။

အကြာကြီးထိုင်ခြင်းက ကြွက်သားတောင့်တင်းမူကိုလည်း လျော့စေပါတယ်။ အားကစား ခန်းမမှာ လေ့ကျင့်ခန်းသွားလုပ်နေကျဆိုရင်တော့ ကျန်တဲ့အချိန်မှာ အကြာကြီးထိုင်ခြင်းကြောင့် လုပ်သလောက် အရာမထင်နိုင်ပါဘူး။ ဒါပေမဲ့ တစ်နေ့တာ လုပ်ဆောင်ချက်များထဲ မတ်တတ်ပိုရပ်ခြင်းနဲ့ ကိုယ်လက်လူပ်ရှားမူ အနည်းငယ်ထည့်သွင်းလိုက်ရုံဖြင့် ထိုအင်ဇိုင်းတွေကို ပြန်ထွက်ရှိစေကာအဆီကျစေနိုင်ပြီး ကျန်းမာရေးအတွက် ကောင်းစေပါတယ်။

ဒါကြောင့် အောက်ပါအချက်များအတိုင်း လုပ်ကြည့်ပြီး ထိုင်တဲ့အချိန်ကို လျှော့ချကြရအောင် …

၁) စူပါမားကတ်တွေမှာ တွန်းလှည်းမသုံးပါနဲ့

ဈေးဝယ်ထွက်တဲ့အခါ ဝယ်စရာပစ္စည်းသိပ်မရှိ၊ ပစ္စည်းသိပ်မရှိ၊ သိပ်မလေးပါက တွန်းလှည်းမသုံးဘဲ ခြင်းတောင်းပဲသုံးပါ။ ခြင်းတောင်းဆွဲခြင်းဖြင့် ခန္ဓာကိုယ်မှ အားပိုသုံးရပြီး အဆီကျစေနိုင်ပါတယ်။ ဒါ့အပြင် တင်ပါးနဲ့ ခြေထောက်ကြံ့ခိုင်စေနိုင်သလို ပခုံးနဲ့ လက်မောင်းသားတွေကိုလည်း သန်မာစေပါတယ်။

တွန်းလှည်းတွန်းတဲ့အခါမှာ လူတွေကွန်ပျူတာသုံးနေစဉ် ဒါမှမဟုတ် ကားမောင်းနေစဉ်မှာ ဖြစ်သွားတတ်တဲ့ ကိုယ်ဟန်အနေအထားအတိုင်း ရှေ့ကုန်းနေကာ ပခုံးတွေ၊ လက်ဖျံတွေ ကုန်းကုန်းကြီး ဖြစ်နေတတ်ပါတယ်။

ခြင်းတောင်းကို ဘယ်လက်၊ ညာလက် တစ်လှည့်စီ ပြောင်းကိုင်ပေးခြင်းကလည်း ကိုယ်လက်လူပ်ရှားမူ ပြုလုပ်နေသလိုပါပဲ။

၂) မတ်တတ်ရပ် အလုပ်လုပ်ပါ

သက်သောင့်သက်သာရှိတဲ့ အလုပ်နရာက အလုပ်အတွက်ကောင်းပေမယ့် ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ အရမ်းကိုထိုင်လို့ ကောင်းတဲ့ခုံမှာ ထိုင်နေရရင် တော်ရုံနဲ့ မတ်တပ်ရပ်ချင်တော့မှာ မဟုတ်ပါ။ ဒါဆိုရင်တော့ တစ်န့ကို အလုပ်ချိန် ရှစ်နာရီစာလောက် လူပ်ရှားမူမရှိဘဲ ဖြစ်နေတော့မှာပါ။ အဲဒီအခါ ကိုယ်ကိုယ်တိုင် ကိုယ်လက်လူပ်ရှားမူလုပ်ချင်စိတ်ရှိမှ ဖြစ်မှာပါ။

ထိုင်လုပ်လို့မှရမယ့် အလုပ်မျိုးကိုတော့ ထိုင်လုပ်ပြီး မတ်တတ်ရပ်လုပ်လို့ရတဲ့ အလုပ်မျိုးဆိုရင် မတ်တတ်ရပ်ကာ လုပ်ပေးပါ။ ဥပမာအားဖြင့် စာရေး၊ စာရိုက်ရတာမျိုးဆို ထိုင်လုပ်ရပေမယ့် ဖုန်းပြောတဲ့အခါ၊ ကွန်ပျူတာထဲက email စစ်တဲ့အခါမျိုးမှာ မတ်တတ်ရပ်ပေးလို့ ရပါတယ်။

၃) အိမ်မှာလည်း မတ်တတ်ရပ်ပါ

အိမ်ရောက်တဲ့အခါမှာလည်း အခွင့်အရေးရရင် ရသလို မတ်တတ်ရပ်ပေးပါ။ တီဗီကြည့်တဲ့ အခါမျိုးမှာ မတ်တတ်ရပ်ပြီး ကြည့်ပါ။ လေ့လာချက်အရ အိမ်မှာ တစ်နာရီကြာ မတ်တတ်ရပ်ခြင်းဖြင့် ကယ်လိုရီ ၅၀၀ ကီလိုဂျူး လောင်ကျွမ်းသွားနိုင်ကြောင်း တွေ့ရပါတယ်။ တွက်ကြည့်ပါက တစ်နေ့ကို နှစ်နာရီလောက် မတ်တတ်ရပ်ချိန်ပေးပါက တစ်လအကြာမှာ ခန္ဓာကိုယ်အဆီနှစ်ပေါင်ကျော်လျော့ကျသွားနိုင်ပါတယ်။

၄) ပင်လယ်ကမ်းခြေမှာ လမ်းလျှောက်ပါ

ဆောင်းတွင်းကာလ ရုံးပိတ်ရက်တွေမှာ ကမ်းခြေသွားလည်တဲ့အခါ ကမ်းခြေတစ်လျှောက် သဲသောင်ပြင်ပေါ် လမ်းလျှောက်ထွက်ပါ။ နူးညံ့တဲ့သဲပေါ်လမ်းလျှောက်ခြင်းက မာကျောတဲ့ ကြမ်းပြင်ပေါ် လျှောက်ခြင်းထက် ကြွက်သားနဲ့ အရွတ်ကို ပိုသန်မာစေနိုင်သလို ကယ်လိုရီ ၃၀မှ၅၀ ကီလိုဂျူး ပိုလောင်ကျွမ်းစေနိုင်တာကိုလည်း တွေ့ရပါတယ်။

၅) မိသားစုနဲ့ အချိန်ဖြုန်းပါ

ကလေးတွေရဲ့ အားကစားပြိုင်ပွဲ သွားကြည့်တဲ့အခါမျိုး၊ ကစားကွင်းခေါ်သွားတဲ့အခါမျိုးမှာ ထိုင်ကြည့် နေတာမျိုးထက်စာရင် မတ်တတ်ရပ်ကာ အားပေးတာမျိုး၊ ကိုယ်ကပါ အတူတူဝင်ဆော့ကစားတာမျိုး လုပ်ပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် လျော့ကျစေနိုင်သလို ကလေးတွေနဲ့လည်းပိုပြီး ရင်းနှီးချစ်ခင်လာနိုင်ပါတယ်။

၆) အချောင်ခိုတာ လျှော့ပါ

တစ်နေ့တာလုပ်ငန်းချိန်ထဲ ကိုယ်သက်သာအောင် နေထိုင်တဲ့အပြုအမူတွေ လျှော့ချပါ။ လှေကားနဲ့တက်ရင် ရတာကို ဓာတ်လှေကားသုံးခြင်းမျိုး၊ လမ်းလျှောက်သွားရင် နီးတဲ့နေရာကို ကားနဲ့ သွားခြင်းမျိုးလျှော့ပါ။ အများသုံးယာဉ်တွေ အသုံးပြုခြင်းက ပိုက်ဆံချွေတာရာ ရောက်သလို ကျန်းမာရေးအတွက် လည်းကောင်းပါတယ်။ အိမ်ကနေ ဘတ်စကားမှတ်တိုင်ဆီ လမ်းလျှောက်သွားပြီး ကားပေါ်မှာလည်း ထိုင်ခုံပေါ်မထိုင်ဘဲ မတ်တတ်ရပ်စီးပါ။ ဒါဆိုရင်တော့ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ပြီး ကိုယ်အလေးချိန်လျော့ကျသွားမှာပါ။

ဒေါက်တာနုမြတ်

Nu Myat Theingi Oo
Dr Nu Myat Theingi Oo
Good Health Journal


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s