Timeframe for Prevention of headaches

ခေါင်းကိုက်၊ ခေါင်းမူးမဖြစ်ပေါ်မီ ကြိုတင်ကာကွယ်ရအောင်

550px-Accept-Criticism-While-at-Work-Step-3

မနက်မိုးလင်းအိပ်ယာထကတည်းက အောက်ပါနည်းအတိုင်း ပြုမူကျင့်ကြံသွားမယ်ဆိုရင် နေ့စဉ်နေ့တိုင်းဆေးဝါး အကူအညီမလိုဘဲ ကိုက်ခဲနာကျင်မှုတွေမှ ကင်းဝေးနိုင်မှာပါ။

p05b6sfl

မနက် (၇) နာရီ

နှိုးစက်အကူအညီမယူပါနဲ့

တတ်နိုင်ရင် နှိုးစက်မပေးထားဘဲ သသာဝအတိုင်း နိုးထလာနိုင်အောင် ကြိုးစားပါ။ နေ့စဉ်နေ့တိုင်း ရုံးပိတ်ရက်တွေပါ မကျန် အချိန်မှန်အိပ်၊ အချိန်မှန်ထ လုပ်ပေးပါက မနက်မနက်ကျရင် အချိန်မှန် အိပ်ယာကနေ အလိုလို နိုးထလာမှာဖြစ်ပါ တယ်။ နှိုးစက်ပိတ်လိုက်ပြီး တစ်နာရီကျော်ကြာတဲ့အထိ ပြန်မှေးအိပ်နေတာမျိုးကလည်း သင်ရဲ့ အိပ်ချိန်စက်ဝန်းကို အနှောင့် အယှက်ဖြစ်စေပါတယ်။ သင့်ခန္ဓာကိုယ်ရဲ့ ပုံမှန်စည်းဝါးမကိုက်ညီတော့တဲ့အခါမှာ ကိုက်ခဲနာကျင်မှုတွေ ပိုမိုဖြစ်ပေါ်လာနိုင်ပါ တယ်။

 

မနက် ၈ နာရီ

ကော်ဖီ၊ လက်ဖက်ရည်သောက်ပါ

မနက်ဘက်မှာ တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေအောင် ကော်ဖီဖြစ်ဖြစ်၊ လက်ဖက်ရည်ဖြစ်ဖြစ် တစ်ခွက် သောက်ပေးသင့်ပါတယ်။ အဲဒီထဲမှာပါတဲ့ ကဖင်းဓာတ်ဟာ ဦးနှောက်ကို လန်းဆန်းတက်ကြွစေနိုင်ပါတယ်။

 

မနက် ၁၀နာရီခွဲ

ကိုယ်နေကိုယ်ဟန်မှန် မမှန်စစ်ဆေးပါ

ပခုံးကို မတ်မတ်ထားပြီး ကိုယ်ကိုဆန့်ထားကာ မတ်မတ်ထိုင်နေမနေ စစ်ဆေးကြည့်ပါ။ လျော့တိလျော့ရဲ ထိုင်နေမိပါ က ကိုယ်နေကိုယ်ဟန် ပြန်ပြင်ပြီးထိုင်ပါ။ နဖူးရဲ့ အာရုံခံစားမှုနဲ့ဆိုင်တဲ့ အဓိကကျတဲ့ နာ့ဗ်ကြောဟာ လည်ကုတ်မှာ အခြေခံ တဲ့အတွက် လည်ကုတ်ကြွက်သားတင်းမာခြင်း ဒါမှမဟုတ် ပခုံးကြွက်သားတင်းမာခြင်း၊ ဇက်ကြောတက်ခြင်းတို့ဖြစ်ပေါ်လာပါ က ခေါင်းကိုက်လာတာပဲဖြစ်ပါတယ်။

 

၁၁ နာရီခွဲ

ရေများများသောက်ပါ

ရေဓာတ်ခမ်းခြောက်ခြင်းဟာ ခေါင်းကိုက်ခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းအရာတစ်ရပ်ပါပဲ။ ဒါကြောင့် ရေများ များသောက်သင့်ပါတယ်။ သင့်အလုပ်စားပွဲမှာ ရေတစ်ဗူးအမြဲဆောင်ထားပြီး သတိရတိုင်း ရေသောက်ပေးပါ။

636610343961500870-GettyImages-508896288.jpg

၁၂နာရီခွဲ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေ့လယ်စာ စားပါ

ပြုပြင်ထားတဲ့ အသား(၀က်ပေါင်ခြောက်၊ ၀က်အူချောင်း၊ အသားပြား)တွေမှာပါတဲ့ Nitrate ဓာတ်များနဲ့ ချိစ်အပျော့ စားမှာပါတဲ့ Tyramine ဓာတ်များဟာ တချို့လူတွေမှာ ခေါင်းကိုက်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် နေ့လည်စာ အဖြစ် အဆာပြေမုန့်တွေမစားဘဲ အာဟာရညီမျှတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။

 

နေ့လည် ၃ နာရီ

ခဏအနားယူပါ

စိုးရိမ်ပူပန်စိတ်တွေ အရမ်းများပြီး စိတ်ဖိစီးမှုတွေ များပြားလာတဲ့အခါ စိတ်ဖိစီးမှုဟော်မုန်းတွေဖြစ်တဲ့ ကော်တီဇောနဲ့ အက်ဒရီနလင်ဟော်မုန်းတွေ များပြားလာပြီး ခန္ဓာကိုယ်မှာ သကြားဓာတ်တွေလျော့နည်းလာနိုင်ပါတယ်။ သကြားဓာတ်အ ပြောင်းအလဲလျှင်မြန်စွာဖြစ်ပေါ်လာပါက ခန္ဓာကိုယ်မှာ နာကျင်မှုတွေ ပိုလာနိုင်ပါတယ်။ ဒါပေမဲ့ မိနစ်အနည်းငယ်မျှ အနားယူ လိုက်ပါက စိတ်ဖိစီးမှုတွေဖြစ်ပေါ်လာမှာမဟုတ်တဲ့အတွက် ခေါင်းကိုက်လာတော့မှာ မဟုတ်ပါဘူး။

 

ညနေ ၆ နာရီ

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သွေးလည်ပတ်မှုကောင်းစေပြီး ကိုယ်ပိုင်ဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုတွေကိုလျော့ စေကာ ကောင်းကောင်းအိပ်ပျော်စေနိုင်တဲ့အတွက် ကိုက်ခဲနာကျင်မှုတွေကို ပြေပျောက်လာစေနိုင်ပါတယ်။

APTOPIX-Time-Fall-Back.jpg

ည ၈ နာရီခွဲ

ဖြည်းဖြည်းချင်းအနားယူပါ

အလုပ်ကနေ အိမ်ပြန်ရောက်တာနဲ့ အိပ်ယာထဲတစ်ခါတည်းလှဲအိပ်လိုက်တဲ့အခါ သင့်ဦးနှောက်ရဲ့ ဓာတုပစ္စည်းတွေ က နိုးကြားတက်ကြွနေဆဲဖြစ်တဲ့အတွက် မညီမျှမှုတွေဖြစ်ပေါ်ကာ ခေါင်းကိုက်လာနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်နဲ့စိတ်ကို ကူးပြောင်းဖို့အချိန်အနည်းငယ်ပေးကာ စိတ်ငြိမ်စေနိုင်တဲ့အလုပ်တစ်ခုခု လုပ်ပေးသင့်ပါတယ်။ စာအုပ်ဖတ်ခြင်း၊ တရားထိုင် ခြင်းတို့လိုမျိုးပါ။ အိပ်ဖို့အချိန်ရောက်ပြီဆိုမှ သင်ဟာ ကောင်းကောင်းအိပ်ပျော်ကာ နောက်ရက်တွေအတွက် အားသစ်မွေးနိုင် မှာဖြစ်ပါတယ်။

Dr.Nu Myat Theingi Oo

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s