ဆွဲကြိုးနှင့်ဘယက်များဝတ်ဆင်ရာမှာ
ဆွဲကြိုး၊ ဘယက်ဝတ်ဆင်တဲ့အခါ သတိထားရမှာကတော့ လည်ပင်းတိုသူတွေ၊ လေးထောင့်မျက်နှာကျ ရှိသူတွေ၊ ရင်သားကြီးသူတွေအနေနဲ့ ဆွဲကြိုးတွေသိပ်မဝတ်သင့်ဘူးဆိုတာကိုပါပဲ။ စိတ်မကောင်းစရာက လည် ပင်တိုသူတွေ အထူးသဖြင့် မေးနှစ်ထပ်၊ သုံးထပ်ဖြစ်နေသူတွေအနေနဲ့ ဘယက်တွေ ဆွဲတဲ့အခါ ကြည့်ရဆိုးပါ တယ်။
♦ လည်ပင်းရှည်သူတွေဟာ ကံကောင်းထောက်မစွာဖြင့် ဘယ်ဆွဲကြိုးနဲ့မဆို လိုက်ဖက်နေတာတွေ့ရပါ တယ်။ လည်ပင်းနဲ့ ကပ်နေတဲ့ ဘယက်၊ ဆွဲကြိုးတွေအပြင် ဆွဲကြိုးခပ်ရှည်ရှည်နဲ့ပါ လိုက်ပါတယ်။
♦ ဒါပေမဲ့ လည်ပင်းရှည်သူတွေအနေနဲ့ လည်ပင်းနဲ့ကပ်နေတဲ့ ဆွဲကြိုးသေးသေးမျှင်မျှင်ဆွဲပါက သစ်ကု လားအုပ်နဲ့တူကာ အလှပျက်သွားနိုင်ပါတယ်။ အဲဒီဆွဲကြိုးအစား တခြားဆွဲကြိုးပုံစံဆွဲပါက အများကြီး ပိုကြည့် ကောင်းသွားမှာပါ။
♦ လည်ပင်းရှည်သူတွေဟာ လည်ပင်းအဝိုင်းပုံစံအင်္ကျီကို ညှပ်ရိုးအရှည်လောက်ရှိတဲ့ ဆွဲကြိုးခပ်ကြီးကြီးနဲ့ တွဲဖက်ဝတ်ဆင်ပါက အလွန်လိုက်ဖက်လှပါတယ်။
♦ လည်ပင်းတိုသူတွေအနေနဲ့ ဆွဲကြိုးတွေနဲ့ မလိုက်ဖက်ဘူးဆိုပေမယ့် မေးစေ့နဲ့ ရင်အသားအကြား နေ ရာသိပ်မယူတဲ့ ဆွဲကြိုးသေးသေးမျှင်မျှင်နဲ့တော့ လိုက်ဖက်ပါတယ်။
♦ ရင်သားကြီးသူတွေအနေနဲ့ ဆွဲကြိုးဆွဲရာမှာ ရင်သားအပေါ်ထိသာရှည်သည့် ဆွဲကြိုးမျိုးတွေကိုသာ ဝတ်ဆင်ပါ။ ရင်သားအောက်ထိရှည်တဲ့ဆွဲကြိုးရှည်တွေနဲ့ဆို ဆွဲကြိုးပုံပျက်သွားနိုင်ပါတယ်။
♦ ရင်သားပြားသူတွေအနေနဲ့ကတော့ ဆွဲကြိုးဘယ်လောက်ရှည်ရှည် လိုက်ဖက်ပါတယ်။ ချက်ရောက်တဲ့ အထိ ဝတ်လို့အဆင်ပြေပါတယ်။
♦ ဆွဲကြိုးဆွဲတဲ့အခါ ဝတ်တဲ့အဝတ်အစားအရောင်အပြင် အကျီလည်ပင်းပုံစံနဲ့ပါ လိုက်ဖက်ညီတဲ့ ဆွဲကြိုးမျိုးကို ရွေးဆွဲပါ။ ရှုပ်ရှက်ခတ်နေတဲ့ အကျီလည်ပင်းမျိုးဝတ်ဆင်ထားပါက ဆွဲကြိုးအစား နားကပ်သာ ဝတ်ဆင်ပါ။
♦ ဆွဲကြိုးနဲ့ နားကပ်ဝမ်းဆက်မဟုတ်ပါက ပြူးတူးပြဲတဲဆွဲကြိုးနဲ့ နားဆွဲကြီးကြီးတွေကို တွဲမဝတ်ပါနဲ့။
With Love,
Dr. Nu Myat