What color should you wear today?

ဒီနေ့ ဘာအရောင် သုံးသင့်သလဲ ?

Dr.Nu Myat Theingi Oo

images

အရောင်တွေဟာ ကျွန်မတို့ရဲ့ စိတ်နေစိတ်ထားနဲ့ စိတ်ခံစားမှုတို့အပေါ် အကျိုးသက်ရောက်မှုရှိစေတယ်ဆိုတာ သတိထားမိကြမှာပါ။ အရောင်တွေဟာ ကျွန်မတို့ကို အားရှိစေနိုင်တယ်။ တည်ငြိမ်စေနိုင်တယ်။ ရဲရင့်စေနိုင်တယ်။ ပျော်ရွှင်စေနိုင်တယ်။ ဒါကြောင့် အရောင်တွေရဲ့အစွမ်းနဲ့ ကျွန်မတို့ကို ဘယ်လိုအကျိုးရှိစေ နိုင်မလဲဆိုတာ စမ်းကြည့်ရအောင်။

ပထမဆုံးအောက်ဖော်ပြပါ မေးခွန်းတွေကို ဖြေကြည့်ပြီး အခုဖြစ်ပေါ်နေတဲ့ သင့် စိတ်အခြေအနေနဲ့ လိုက်ဖက်တဲ့ အရောင်တွေကို ၀တ်ဆင်အသုံးပြုကြည့်ပါ။ အောက်ပါ စာကြောင်းတွေအနက် သင်နဲ့ကိုက်ညီတဲ့ စာကြောင်းတွေကို မှတ်ထားပါ။

၁။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ လျော့နည်းနေပြီး လူတွေဟာ တစ်ခါတစ်ရံမှာ ကိုယ့်အပေါ် အခွင့်အရေး ယူတတ်ကြသလို ခံစားနေရတယ်။

၂။ ကိုယ့်ရဲ့ ဘ၀မှာ မေတ္တာတွေ၊ စိတ်လှုပ်ရှားမှုတွေကို အခုထက်ပိုပြီး လိုလားတောင့်တနေမိတယ်။

၃။ နှေးနေသလို ခံစားနေရတယ်။ ပိုပြီးလှုပ်ရှားဖို့ လိုနေပြီထင်တယ်။

၎။ နည်းနည်းပိန်နေသလိုပဲ။ အစာစားချင်စိတ် သိပ်မရှိသလို အစာလည်း များများမစားနိုင်ဘူး။

၅။ ပိုပြီး ချစ်ဖို့ကောင်းချင်၊ ပျော်ချင်၊ လူဝင်ဆံ့ချင်နေမိတယ်။

၆။ ပိုပြီး ရှင်းရှင်းလင်းလင်း တွေးတောဖို့လိုသလို အလုပ်အများကြီးလည်း လုပ်ပြီးနေချင်တယ်။

၇။ စိတ်ဖိစီးမှုတွေနဲ့ တင်းကျပ်နေသလို ခံစားရတဲ့အတွက် ပျော်ပျော်ရွှင်ရွှင်နေချင်တယ်။

၈။ သဘာဝပတ်ဝန်းကျင် စိမ်းစိမ်းစိုစိုတွေ၊ လေကောင်းလေသန့်တွေကို လိုလားတောင့်တနေတယ်။

၉။ ပိုပြီး လန်းဆန်းတက်ကြွချငတယ်။

၁၀။ စိတ်ဓာတ်တွေ တင်းမာနေပြီး စိတ်လှုပ်ရှားမှုတွေနဲ့ ကတုန်ကယင်ဖြစ်ဖြစ်နေတတ်တယ်။

၁၁။ သွေးပေါင်ချိန် မြင့်တက်နေပြီ။

၁၂။ ငြိမ်းချမ်းမှုကို ခံစားရဖို့ ခက်ခဲနေတတ်ပြီး တစ်ခါတစ်ရံမှာ အိပ်လို့တောင် မပျော်ဘူးဖြစ်နေတယ်။

၁၃။ အစားအသောက်ကို ခုံမင်နေပြီး အစာအရမ်းစားချင်နေတယ်။

ဘာအရောင်လဲ?

စာကြောင်း ၁၊ ၂ ဒါမှမဟုတ် ၃ဟာ သင်နဲ့ကိုက်ညီနေပါက အနီရောင်က သင့်ကို ကူညီပါလိမ့်မယ်။

စာကြောင်း ၄ ဒါမှမဟုတ် ၅ ဟာ သင်နဲ့ကိုက်ညီနေပါက လိမ္မော်ရောင်က အသုံးတည့်ပါ လိမ့်မယ်။

စာကြောင်း ၆ ဒါမှမဟုတ် ၇ ဟာ သင်နဲ့ကိုက်ညီနေပါက အ၀ါရောင်ဟာ သင့်ကို တက်ကြွပျော်ရွှင်စေပါ လိမ့်မယ်။

စာကြောင်း ၈ ဒါမှမဟုတ် ၉ဆိုပါက အစိမ်းရောင်ကို အသုံးပြုသင့်ပါတယ်။

စာကြောင်း ၁၀၊ ၁၁၊ ၁၂ ဒါမှမဟုတ် ၁၃ဟာ သင်နဲ့ကိုက်ညီနေပါက အပြာရောင်က အသုံးတည့်ပါလိမ့် မယ်။

 

ဒေါက်တာနုမြတ်သိင်္ဂီဦး

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s