ပန်းတိုင်ဆီအရောက်လှမ်းနိုင်မယ့်နည်းလမ်းများ
Written by Dr.Nu Myat Theingi Oo
ကိုယ်ရဲ့စိုက်ထူထားတဲ့ပန်းတိုင်ကို အောင်မြင်မှုတွေနဲ့ အရောက်လှမ်းနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက် ပါတယ်။
၁။ အတိအကျသတ်မှတ်ပါ။
သင်ဘာကို လိုချင်တာလဲဆိုတာ သေချာသိအောင်လုပ်ပါ။ “အားကစားလေ့ကျင့်ခန်း ပိုလုပ်ချင်တယ်”ဆိုတာမျိုး ဟာ ဝိုးတိုးဝါးတားနဲ့မရေရာပါဘူး။ “တစ်နေ့ကို မိနစ် ၃၀လောက် လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ချင်တယ်”ဆို တာမျိုးကတော့ ပိုတိကျသေချာပါတယ်။
၂။ ရေးမှတ်ထားပါ။
သင်ရောက်ချင်တဲ့ ပန်းတိုင်တွေကို ရေးချထားတာဟာ သင့်ရဲ့ဦးနှောက်ထဲ ပိုစွဲမြဲစေပြီး သင့်ကိုယ်သင် ကတိပြု ထားရာလည်း ရောက်ပါတယ်။ သင်နေ့စဉ် မြင်နိုင်တဲ့နေရာမှာ ထားသင့်ပါတယ်။
၃။ အလွယ်ကနေ စလုပ်ပါ။
သင့်ရဲ့ ရည်မှန်းချက်က တစ်နေ့ကို မိနစ်၃၀ကြာ လမ်းလျှောက်မယ်လို့ မှန်းထားပါက စစချင်းတစ်နေ့ကို ၁၀မိနစ်စာလောက်သာ လမ်းလျှောက်ပေးပါက ပိုသဘာဝကျပြီး ပိုပြီးဖြစ်နိုင်ခြေရှိပါတယ်။ တဖြည်းဖြည်းနဲ့ ကျင့် သားရအောင် လျှောက်ပြီး အချိန်တွေ တိုးတိုးလျှောက်ပေးပါ။ အကျင့်တစ်ခုကို နေ့စဉ်နေ့တိုင်းပြုလုပ်ပေးပါက နှစ်ပတ်ကျော်အကြာမှာ ကျင့်သားရလာပြီး ယုံကြည်မှုလည်း ပိုမိုမြင့်မားလာနိုင်ကာ တွန်းအားလည်း ဖြစ်စေပါ တယ်။
၄။ ခွဲခြားသတ်မှတ်ပါ။
သင့်ရဲ့ ရည်မှန်းချက်စာရင်းကို ကာလာတိုနဲ့ကာလရှည်ပန်းတိုင်များအလိုက် ခွဲခြားထားပြီး အဆင့်တွေ သတ် မှတ်ထားပါ။ တစ်ဆင့်ချင်းစီအတွက် အောင်မြင်ပြီးဆုံးရမယ့်အချိန်ကာလကိုလည်း သတ်မှတ်ထားပါ။
၅။ တစ်ယောက်ယောက်ကို ပြောပြပါ။
သင့်ရဲ့ ပန်းတိုင်တွေအကြောင်းကို သင့်မိသားစု ဒါမှမဟုတ် မိတ်ဆွေကောင်းတစ်ယောက်ကို ပြောပြထားခြင်း ဟာ ကိုယ်စကားနဲ့ကိုယ် ပြန်ချည်လိုက်သလိုဖြစ်စေပြီး အဲဒီပန်းတိုင်တွေဆီရောက်အောင် မသွားမိတော့တာမျိုး မဖြစ်အောင် ထိန်းချုပ်ပေးထားပါတယ်။
၆။ ကိုယ့်ကိုယ်ကိုယ် ဆုပေးပါ။
အဆင့်တစ်ခုစီ အောင်မြင်ပြီးဆုံးတိုင်း အသိအမှတ်ပြုပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ပိုမြတ်နိုး တန်ဖိုးထားစေပြီး ပိုကြိုးစားချင်စိတ်ပေါက်လာမှာပါ။
ဒေါက်တာနုမြတ်