ခွင့်လွှတ်ခြင်း အဆင့်(၁၀)ဆင့်

ခွင့်လွှတ်ခြင်း အဆင့်(၁၀)ဆင့်

Written by – Dr.Nu Myat Theingi Oo

တစ်စုံတစ်ယောက်ရဲ့ အမှားတွေအတွက် အဲဒီလူကို ခွင့်လွှတ်လိုက်ခြင်းဟာ ကျွန်မတို့ရဲ့ စိတ်ကို အံ့သြစရာကောင်း လောက်အောင် ပေါ့ပါးလွတ်လပ်စေတဲ့အတွက် ခွင့်လွှတ်ခြင်းဟာ ဘဝနေထိုင်မှု အနုပညာတစ်ရပ်လို့ပဲ ဆိုချင်ပါတယ်။ လူတိုင်းလူတိုင်းကတော့ တစ်ချိန်မဟုတ် တစ်ချိန် ကိုယ့်ရဲ့ဆွေမျိုးသားချင်း၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းတစ်ယောက် လောက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာ၊ စိတ်ပျက်စရာတွေကိုကြုံဆုံဖူးမှာပါ။ အဲဒီလိုကြုံဆုံလာတဲ့အခါတိုင်း သည်းခံ ခွှင့်လွှတ်ခြင်းဟာ နှစ်ဖက်စလုံးအတွက် အကျိုးရှိစေပြီး စိတ်ကိုသက်သာရာရစေကာ နှစ်ဦးနှစ်ဖက် ပေါင်းသင်းဆက်ဆံရေး ကိုလည်း ပိုပြီး အဆင်ပြေလာစေနိုင်ပါတယ်။

Relationship difficulties

ခွင့်မလွှတ်နိုင်ခြင်းကြောင့် ဘဝမှာ နာကြည်းမှုတွေ၊ နာကျင်မှုတွေနဲ့ အသက်ဆက်နေရင် ဘဝဟာ အဓိပ္ပာယ်မှ မရှိ တော့မှန်းကို လူအတော်များများက သတိမထားမိကြပါဘူး။ လေ့လာမှုတွေအရ ဘဝနေထိုင်မှုပုံစံမှာ ခွင့်လွှတ်ခြင်းဆိုတဲ့ အခန်းကဏ္ဍက အရေးပါလာတာကိုတွေ့ရပါတယ်။ ခွင့်လွှတ်ကြည့်ဖို့ မကြိုးစားတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် အကျဉ်းထောင် ထဲမှာ ပိတ်ထားသလိုပါပဲ။ အမုန်းတွေ၊ အာဃာတတွေနဲ့ ပြည့်နှက်နေတဲ့သူရဲ့ စိတ်ဓာတ်တွေ၊ အတွေးအခေါ်တွေ၊ အပြုအမူ တွေဟာ ဘယ်လိုမှ ပုံမှန်မဟုတ်နိုင်တော့ပါဘူး။ ဘဝတစ်လျှောက်လုံးလည်း ဘယ်လိုမှ ပျော်ပျော်ရွှင်ရွှင်နေနိုင်တော့မှာ မဟုတ်ပါဘူး။

ဒါကြောင့် ဘယ်လိုကိစ္စပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ဘယ်လိုအမှားတွေပဲ ပြုလုပ်ခဲ့ ပြုလုပ်ခဲ့ အတတ်နိုင်ဆုံး မေ့ဖျောက်ကာ ချက်ချင်းခွင့်လွှတ်နိုင်ဖို့ ကြိုးစားကြည့်ပါ။ တစ်ယောက်ယောက်ရဲ့ အမှားတွေကို ခွင့်လွှတ်ပေးဖို့ ဘယ်တော့မှ နောက်ကျ တယ်ဆိုတာမရှိပါဘူး။

o-FORGIVENESS-facebook

၁။ အမှားလုပ်သူက သင့်ကို စိတ်ညစ်အောင် လုပ်ခဲ့တဲ့ အဖြစ်အပျက်ကို ပြန်တွေးတောကြည့်ပါ။

၂။ သင့်ရဲ့ ခံစားချက်တွေကို သတိထားကြည့်ပါ။ အများစုက စိတ်အနှောင့်အယှက်ဖြစ်စရာတွေ၊ စိတ်ညစ်စရာတွေ ဖြစ်နေမှာပါ။

၃။ ဒီအဖြစ်အပျက်တွေကို မိသားစုဝင်ဖြစ်ဖြစ် ရင်းနှီးတဲ့သူငယ်ချင်းပဲဖြစ်ဖြစ် တစ်ယောက်ယောက်နဲ့ ရင်ဖွင့်တိုင်ပင်ကြည့်ပါ။ စိတ်လက်ပေါ့ပါးသွားမှာပါ။

၄။ ရန်လိုတဲ့ခံစားချက်တွေကို ဘေးဖယ်ထားကာ အကျိုးသင့် အကြောင်းသင့် စဉ်းစားကြည့်ကာ လက်ခံသင့်က လက်ခံ လိုက်ပါ။

၅။ ဒီပြဿနာဘာကြောင့်ဖြစ်ပေါ်လာသလဲဆိုတာကို ဆင်ခြင်သုံးသပ်ကြည့်ပြီး နားလည်အောင်ကြိုးစားကြည့်ပါ။ တခြား တစ်ဖက်လူရဲ့ အမြင်နဲ့ခံစားချက်ကိုလည်း သင့်အနေနဲ့ သဘောတူလက်မခံနိုင်ပေမယ့် နားလည်အောင် ကြိုးစားပေးပါ။

၆။ ဒီဖြစ်ရပ် ဖြစ်ပေါ်လာစေတဲ့ အကြောင်းအရာတွေကို နားလည်သဘောပေါက်လာတဲ့အခါ သင့်ရဲ့စိတ်ကို ဝန်ထုပ်ဝန်ပိုးဖြစ် စေတဲ့ အဲဒီအရာကိုဖြေလျော့အောင် အဲဒီကိစ္စကို မေးကြည့်ပြီး ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။

၇။ အခုအချိန်မှာ အဲဒီလူနဲ့ တွေ့ဆုံပြီး သူ့ကိုခွင့်လွှတ်ဖို့ အဆင်သင့်ဖြစ်နေသင့်ပါပြီ။

၈။ အဲဒီလူကို ခွင့်လွှတ်ဖို့ သင့်တော်မယ့်အချိန်ကို ရွေးချယ်ပါ။ အကောင်းဆုံးအချိန်ကတော့ လက်ထပ်မင်္ဂလာပွဲ၊ မွေးနေ့ပွဲ၊ အလှူ၊ အိမ်တက် အစရှိတဲ့ မင်္ဂလာရှိတဲ့ပွဲတွေ ကျင်းပနေတဲ့ အချိန်ပါပဲ။ အဲဒီအချိန်ကာလတွေမှာ ကျွန်မတို့ဟာ စိတ်လက် ကြည်သာပြီး ပျော်ရွှင်နေတတ်ကြလို့ပါ။

၉။ အဲဒီလူကိုတွေ့တဲ့အခါ သည်းခံခွင့်လွှတ်ဖို့ ဆုံးဖြတ်ချက်ချပြီး စိတ်ရှင်းရှင်းနဲ့သာ ပုံမှန်အတိုင်း ပြောဆိုဆက်ဆံပါ။ သင့် အနေနဲ့ ခံစားရကြောင်း ဒါမှမဟုတ် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတဲ့အကြောင်း သင့်အနေနဲ့ အဲဒီလူကို သိသွားကေင်းသိသွား စေချင်နိုင်ပါတယ်။

၁၀။ သင့်တို့ရဲ့ ခင်မင်မှုတွေကို ယုံကြည်မှုတွေ၊ မေတ္တာတွေနဲ့ ပြန်လည်တည်ဆောက်လိုက်ပါ။

Written by – Dr.Nu Myat Theingi Oo

Good Health Journal


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s