အကြားအာရုံအကြောင်း သင်ဘယ်လောက်သိပါသလဲ

အကြားအာရုံအကြောင်း သင်ဘယ်လောက်သိပါသလဲ

အသံတွေကို နေ့တိုင်းကြားနေရတယ်။ တချို့အသံတွေက သာယာနာပျော်ဖွယ် ရှိကောင်းရှိမယ်။ တချို့ကြတော့ ဌက်ဆိုးထိုးသံလို ဖြစ်ကောင်းဖြစ်မယ်။ ဒီအသ့တွေအားလုံးကို အကြားအာရုံကောင်းနေလို့သာ ကြားနေနိုင်တာပါ။ အကြားအာရုံနဲ့ ပတ်သက်ပြီးတော့ သင်ဘယ်လောက်သိရှိနားလည်သလဲဆိုတာကို အကဲခတ်လေ့လာကြည့်ကြရအောင်နော်။

6_s

၁။ သီချင်းသံကြားတဲ့အခါ ကြက်သီးထတာ ခန္ဓာကိုယ်က သင်ဘယ်လိုခံစားရတယ်ထင်လို့ပါလဲ။

(က) သာယာလို့

(ခ) အထင်ကြီးလို့

(ဂ) ကြောက်လို့

အဖြေ။ (ဂ) ကြောက်လို့

အော်ပရာအဆိုတော်တွေဟာ အမြင့်သံကို အကြိမ်ကြိမ်ရောက်အောင် လေ့ကျင့်ထားကြရပြီး ငယ်သံပါအောင်အော်တဲ့ အမြင့်သံနဲ့ခပ်ဆင်ဆင်တူပါတယ်။ ဒီသီချင်းသံတွေကြားလို့ သင့်စိတ်ထဲ မကြောက်နေရင်တောင်မှ ခန္ဓာကိုယ်က  သင်ကြောက်သင့်တယ်လို့ ယူဆလိုက်ပါတယ်။ ဒါကြောင့်ကြက်သီး အလိုလိုထလာတာပါ။ သီချင်းသ့ကသာ ကြက်သီးထစေတာမဟုတ်ပါ။ ရိုလာကိုစတာစီးခြင်း၊ ရေနွေးနဲ့ ရေချိုးခြင်း၊ တစ်ခုခုကို ကုတ်ခြစ်လို့ ထွက်လာတဲ့ အသံ စတာတွေဟာလည်း ကြက်သီးထစေပါတယ်။

၂။ အကြားအာရုံ အကောင်းဆုံး သတ္တ၀ါက

(က) လင်းနို့

(ခ) ခွေး

(ဂ) ပိုးဖလံ

အဖြေ။ (ဂ) ပိုးဖလံ

ဒီပိုးဖလံကောင်က ကြိမ်နှုန်း ၃၀၀ကီလိုဟတ်အထိ ကြားနိုင်ပါတယ်။ လင်းနို့တွေထက် ၁၀၀ကီလိုဟတ်ပိုကြားနိုင်တာပါ။ ခွေးတွေကတော့ ၆၀ကီလိုဟတ်အထိကြားနိုင်ပါတယ်။ လူတွေကတော့ ၂၀အထိသာကြားနိုင်တာပါ။

၃။ လူတွေရဲ့ အတွင်းနားတွေထဲမှာ ကျောက်လေးတွေရှိနေလား။

(က) ရှိ

(ခ) မရှိ

အဖြေ။ (က) ရှိ

ဟုတ်ပါတယ်။ အတွင်းနားထဲမှာ ကျောက်အကြည်ပိစိလေးတွေ ရှိနေပါတယ်။ ဒီကျောက်လေးတွေ နေရာရွေ့တဲ့အခါမှာ ခေါင်း မူးနောက်နောက်ဖြစ်ပြီး ချာချာလည်သလိုဖြစ်တတ်ပါတယ်။ ခေါင်းတစ်ခုခုနဲ့ထိခိုက်မိတဲ့အခါ၊ နားခွဲစိတ်မှုပြုလုပ်ရတဲ့အခါ၊ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါမျိုးတွေမှာ ကျောက်လေးတွေ နေရာရွေ့တတ်ပါတယ်။ အသက်အရွယ်ရလာတဲ့အခါမျိုးမှာ ပိုဖြစ်တတ်ပါတယ်။ သူ့အလိုလို ပျောက်သွားတတ်ပြီး မပျောက်ပါက ကုသနည်းတွေ လည်း ရှိပါတယ်။

၎။ အသံလှိုင်းတွေက နားစည်ကို ဘာဖြစ်စေပါသလဲ။

(က) ကျုံ့စေတယ်

(ခ)တုန်ခါစေတယ်

အဖြေ။ (ခ) တုန်ခါစေတယ်

အပြင်နားက အသံလှိုင်းတွေကို ဖမ်းယူကာ နားစည်ထဲ လမ်းလွှဲပေးပါတယ်။ ဒီတုန်ခါမှုတွေက အဲဒီနောက် အလည်နားရှိ အရိုးသေးသေးလေးတွေကို ဖြတ်ပြီးနောက် အတွင်းဘက်အကျဆုံး အပိုင်းဆီရောက်သွားပါတယ်။

၅။ နားရဲ့အတွင်းဘက်အကျဆုံး အစိတ်အပိုင်းပုံသဏ္ဏာန်က ဘာနဲ့တူသလဲ။

(က) ဘေ့စ်ဘောရိုက်တံ

(ခ) လတစ်ခြမ်းပဲ့

(ဂ) ခရုခွံ

အဖြေ။ (ဂ) ခရုခွံ

အတွင်းနားက ခရုခွံ ပုံသဏ္ဏာန်ရှိပါတယ်။ အဲ့ထဲမှာ အမွှေးနုလေးတွေနဲ့ အရည်တွေပြည့်နေပြီး နားစည်ကနေရိုက်ခတ်လာတဲ့ တုန်ခါမှုတွေကို လက်ခံယူကာ ဦးနှောက်ဆီကို အချက်ပေးလိုက်ပါတယ်။ ဦးနှောက်မှာကျတော့ ဒီအချက်တွေကို လူတွေနားလည်နိုင်တဲ့ အသံအဖြစ်ပြောင်းလဲပစ်လိုက်တာပါ။

 

၆။ နားတွေက သင့်ကို ဘယ်လိုနည်းနဲ့ ဟန်ချက်ညီအောင် ထိန်းပေးထားပါသလဲ။

(က) ဟန်ချက်ထိန်းပေးတဲ့ ဟော်မုန်း ထွက်ရှိစေခြင်းအားဖြင့်

(ခ) နားတစ်ဖက်ဆီမှာ နားတွင်းအရည်တွေ ပမာဏတူညီစွာ ရှိခြင်းအားဖြင့်

(ဂ) ခေါင်းဘယ်လိုလှုပ်လဲဆိုတာ သိခြင်းအားဖြင့်

အဖြေ။ (ဂ) ခေါင်းဘယ်လိုလှုပ်လဲဆိုတာ သိခြင်းအားဖြင့်

အတွင်းနားထဲရှိ လှိုဏ်ခေါင်းတွေ အင်္ဂါအစိတ်အပိုင်းတွေမှာ သင်ဟာငြိမ်နေလား၊ ဘေးတိုက်လှုပ်နေလား၊ အပေါ်အောက် ရွေ့နေလားကို ဦးနှောက်ဆီ သတင်းပေးပို့နိုင်တဲ့ အာရုံခံပြားတွေ ရှိနေပါတယ်။ အဲ့လိုသိနေခြင်းအားဖြင့် ဟန်ချက်ညီအောင်ထိန်းပေးထားတာပါ။

၇။ သီချင်းသံအကျယ်ကြီးကြောင့်နားကန်းသွားသူတွေ အနေနဲ့ အချိန်ကြာလာတာနဲ့ အမျှ တဖြည်းဖြည်းပြန်ကောင်းလာနိုင်ပါသလား။

(က) မှန်

(ခ)မှား

အဖြေ။ (ခ) မှား

နားကြပ်နဲ့ သီချင်းအကျယ်ကြီး အကြာကြီးနားထောင်တာမျိုး မလုပ်သင့်ပါဘူး။ အသံကျယ်တွေက အတွင်းနားထဲရှိ အမွှေးနုလေးတွေကို ထိခိုက်စေသလို အချက်အလက်တွေကလည်း ဦးနှောက်ဆီ ရောက်သင့်သလောက်မရောက်စေပါဘူး။  ဒီထိခိုက်မှုက တဖြည်းဖြည်းဖြစ်လာနိုင်တာကြောင့် အကြားအာရုံက တဖြည်းဖြည်း ချို့ယွင်းလာတာကို သတိမထားမိဘဲ ဖြစ်နေတတ်ပါတယ်။ နားအူတာတို့၊ နားထဲ တ၀ီဝီမြည်တာတို့လို ပုံမှန်မဟုတ်တာတွေကို သတိထားမိပါက ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

၈။ လေယာဉ်ပျံစီးတဲ့အခါမှာ နားအူခြင်းမဖြစ်ရအောင် လေယာဉ်ဆိုက်တဲ့အခါမှာ ဒါတွေ မလုပ်မိအောင်သတိပြုပါ။

(က) အစာစားခြင်း

(ခ)အိပ်ခြင်း

(ဂ) သန်းဝေခြင်း

အဖြေ။ (ခ) အိပ်ခြင်း

 

နားစည်၂ဖက်ပေါ်ကျရောက်တဲ့ လေဖိအားတွေ မတူညီတဲ့ အခါမျိုးမှာ နားတွေက အူသလိုလို ပိတ်နေသလိုလိုဖြစ်တတ်ပါတယ်။ သန်းဝေခြင်း၊ တံတွေးမျိုချခြင်းတို့က လေဖိအားကို ညီမျှစေနိုင်တဲ့ အပြုအမူတွေပါ။ အိပ်ပျော်နေပါက တံတွေးမျိုတာတို့ သကြားလုံးစားတာတို့ မလုပ်နိုင်တာကြောင့် လေဖိအားမညီမမျှဖြစ်ကာ နားပိတ်တတ်ပါတယ်။

၉။ ဘယ်အရာကို အစက်ချရင် နားဖာချေးပိတ်နေခဲနေတာတွေကို ပျော့စေပြီး ဖယ်ရှားပေးစေပါသလဲ။

(က) ဂလစ်စရင်းအလှဆီ

(ခ) Mineral Oil

(ဂ) ၂မျိုးလုံး

အဖြေ ။ (ဂ) ၂မျိုးလုံး

ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ ကလေးလိမ်းဆီတွေဟာလည်း နားဖာချေးနားထဲ ပိတ်ခြင်းကို သက်သျာေပာက်ကင်းစေနိုင်ပါတယ်။ နားထဲရေထည့်ဆေးလို့လည်းရပါတယ်။ ဒါပေမဲ့ ရိုးရိုးသာမာန်အခန်းတွင်း အပူချိန်လောက်ပဲ ရှိနေသင့်ပါတယ်။ ပူလွန်း အေးလွန်းပါက ခေါင်းမူးစေမှာပါ။ နားအတွင်းလှိုဏ်ခေါင်းထဲ နားကြပ်တံဟိုးအတွင်းထိထိုးထည့်သန့်စင်တာမျိုးတော့ မလုပ်သင့်ပါဘူး။

 

Dr Nu Myat Theingi Oo

Good Health Journal

The Chic Magazine

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s