သင့်နှလုံးခုန်တာနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ
နေ့စဉ်အသက်ရှင်နေထိုင်နိုင်ဖို့ အရေးကြီးဆုံး အချက်ဖြစ်တဲ့ နှလုံးဘယ်လို အလုပ်လုပ်သလဲဆိုတာရယ်၊ နှလုံးခုန်နှုန်းရယ်နဲ့ ပတ်သက်ပြီး သင်ဘယ်လောက်သိသလဲ လေ့လာကြည့်ကြရအောင်။
၁။ ပုံမှန်ဆိုရင် တစ်မိနစ်ကို ဘယ်နှကြိမ်နှုန်း နှလုံးခုန်လေ့ရှိပါသလဲ
(က) ၂၀ကနေ ၆၀
(ခ) ၆၀ကနေ ၁၀၀
(ဂ) ၁၀၀ ကနေ ၁၄၀
အဖြေ။ (ခ)
အသက်အရွယ်၊ ကျန်းမာဖြတ်လတ်မှု၊ လှုပ်ရှားနေလား၊ နားနေလား စတာတွေပေါ်မူတည်ပြီး နှလုံးခုန်နှုန်း အမျိုးမျိုး ကွာခြားတတ်ပါတယ်။ ဒါပေမဲ့ ပုံမှန် သွေးခုန်နှုန်းကတော့ တစ်မိနစ်ကို အကြိမ် ၆၀ကနေ ၁၀၀ကြားရှိပါတယ်။ ကိုယ့်ရဲ့ နှလုံးခုန်နှုန်းကို တိုင်းချင်ရင် ဘယ်လက်ကောက်ဝတ် လက်မအောက်နားက အကြောကို ညာဘက်လက်ချောင်း၃ချောင်းနဲ့ ဖိပြီး နာရီကြည့်ကာ တစ်မိနစ်မှာ ဘယ်နှကြိမ်ခုန်လည်း စမ်းကြည့်နိုင်ပါတယ်။
၂။ သွေးခုန်နှုန်းမြန်နေရင် သွေးဖိအားပါအမြဲလိုက်တက်နေသလား။
(က) မှန်
(ခ) မှား
အဖြေ။ (ခ) မှား
သွေးတိုးတယ်ဆိုတာ သွေးဖိအား မြင့်တက်နေတာကို ဆိုလိုတာပါ။ သွေးဖိအားဆိုတာ သွေးတွေ ခန္ဓာကိုယ်အနှံ့ ဖြတ်သန်းစီးဆင်းရာမှာ သွေးလွှတ်ကြောနံရံတွေပေါ် သက်ရောက်တဲ့ သွေးရဲ့ဖိအားကို ဆိုလိုတာပါ။ သွေးခုန်နှုန်းဆိုတာကတော့ တစ်မိနစ်မှာခုန်တဲ့ နှလုံးခုန်နှုန်းကြိမ်ရေပဲ ဖြစ်ပါတယ်။ သွေးခုန်နှုန်းနဲ့ သွေးဖိအားတွေဟာ တခါတရံမှာ အတူတူတက်၊ အတူတူကျတက်ပါတယ်။ ဥပမာအားဖြင့် တစ်ခုခုကို စိုးရိမ်ထိတ်လန့်တဲ့ အခါမျိုးမှာပေါ့။ ဒါပေမဲ့ သွေးခုန်နှုန်းတက်ပြီး သွေးဖိအား မတက်လာတာမျိုးလည်း ရှိတတ်ပါတယ်။
၃။ သင့်နှလုံးခုန်နှုန်းဘယ်လို အခြေအနေမျိုးမှာ Pacemaker စက်လိုအပ်မလဲ
(က) အရမ်းနှေးနေရင်
(ခ) အရမ်းမြန်နေရင်
(ဂ) နှလုံးခုန်နှုန်း စည်းချက်မညီရင်
အဖြေ ။ (က)
နှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ်၆၀ထက်နည်းနေပါက Bradycardia လို့ခေါ်ပါတယ်။ စိုးရိမ်ရတဲ့ အခြေအနေမျိုးတွေမှာဆိုရင် သင့်နှလုံးက ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေဆီ သွေးအလုံအလောက် ညှစ်မထုတ်ပေးနိုင်တော့ပါဘူး။ တချို့ ရောဂါတွေဖြစ်တဲ့ သိုင်းရွိုက်ရောဂါတို့လိုမျိုးနဲ့ တချို့ဆေးဝါးတွေသုံးဆောင်နေရတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေဖြစ်နေခဲ့ပါက ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ အခြေအနေဆိုးရွားပါက ဘက်ထရီနဲ့ နှလုံးခုန်အောင်လုပ်ပေးတဲ့ Pacemaker ကို လည်ပင်းကော်လာရိုးအောက်နားထည့်ကာ နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။
၎။ ဘယ်အရာက နှလုံးခုန်စေနိုင်ပါသလဲ။
(က) လျှပ်စစ်စီးမှု
(ခ) ဖိအား
(ဂ) အလိုအလျောက်တုံ့ပြန်မှု
အဖြေ ။ (က)
Sinoatrial node အမည်ရှိ ဆဲလ်အစုအဝေးတွေက နှလုံးထိပ်ကနေ အောက်ခြေထိ လျှပ်စီး သင်္ကေတတွေ လွှတ်ထုတ်လေ့ရှိပါတယ်။ ဒါကြောင့်လည်း နှလုံးကို စည်းချက်ကျကျ ပုံမှန်ခုန်နိုင်အောင် ပြုလုပ်ပေးနေတာပါ။
၅။ နှလုံးကို ကပ်နားထောင်တဲ့အခါ ကြားရတဲ့ ဒုတ်ဒုတ် ဒုတ်ဒုတ်လို့မြည်နေတဲ့ နှလုံးခုန်သံက ဘာကြောင့်ထွက်လာတဲ့အသံလည်း။
(က) နှလုံးအဆို့ရှင်တွေ ပိတ်တဲ့ အသံ
(ခ) နှလုံးကြွက်သားတွေ နံရိုးကို ထိတဲ့ အသံ
(ဂ) နှလုံး သွေးလွှတ်ခန်းတွေထဲ သွေးစီးဆင်းတဲ့အသံ
အဖြေ ။ (က) (က) နှလုံးအဆို့ရှင်တွေ ပိတ်ဖွင့်တဲ့ အသံ
နှလုံး အဆို့ရှင်တွေက တံခါးတွေလိုပါပဲ။ နှလုံးဆီ သွေးရောက်အောင် ဖွင့်ပေးပြီး လမ်းမမှားအောင် ပိတ်ပေးပါတယ်။ ဒုတ်ဒုတ် ဒုတ်ဒုတ် အင်္ဂလိပ်လိုဆို Lub Dub လို့ မြည်နေတဲ့ အသံ၂ခုဟာ Mitral နဲ့ Aortic အဆို့ရှင် ၂ခုက နှလုံးကို ဖြတ်သန်းသွားတဲ့အခါမှာ ပိတ်တဲ့အသံတွေပဲ ဖြစ်ပါတယ်။
၆။ ပုံမှန်အားဖြင့် နှလုံးဟာ တစ်မိနစ်ကို သွေးပမာဏဘယ်လောက် ညှစ်ထုတ်ပေးနေပါသလဲ။
(က) ၁.၅ လီတာ
(ခ) ၁.၅ ဂါလန်
(ဂ) ၁.၅ ကွာတာ
အဖြေ ။ (ခ)
တစ်မိနစ်ကို ၁.၅ဂါလန်ဆိုတော့ တစ်ရက်ကို ဂါလန်၂၀၀၀ ရှိတာပေါ့။ ဒီသွေဒပမာဏအားလုံးကို ခန္ဓာကိုယ်အနှံ့ ညှစ်ထုတ်ပေးဖို့ဆိုရင် နှလုံးခုန်နှုန်း ကြိမ်ရေ ၁သိန်းလောက် လိုအပ်ပါလိမ့်မယ်။ အသက်၇၀အရွယ်မှာဆိုရင် သင့်နှလုံးခုန်တဲ့ ကြိမ်ရေဟာ ၂.၅ ဘီလီယံထက်ကို ပိုနေမှာပါ။
၇။ သင်အိပ်ပျော်နေချိန်မှာ နှလုံးခုန်နှုန်းကျတတ်သလား။
(က) မှန်
(ခ) မှား
When you snooze, your body doesn’t need to work as hard as it does when you’re awake. Heart rate, breathing, and blood pressure all take a dive below their normal numbers when you’re asleep.
အဖြေ။ (က) မှန်
သင်အိပ်ပျော်တဲ့အခါ သင့်ခန္ဓာကိုယ်က နိုးနေတဲ့ အခါလောက် အလုပ်လုပ်စရာမလိုပါဘူး။ အိပ်ပျော်နေတဲ့အခါမှာ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ သွေးဖိအား စတာတွေဟာ ပုံမှန်ထက် လျော့ကျနေတတ်ပါတယ်။
၈။ ဘယ်သူတွေမှာ နှလုံးခုန်နှုန်းပိုနှေးနေတတ်လဲ။
(က) ယောက်ျားလေး
(ခ) မိန်းကလေး
(ဂ) ကလေး
အဖြေ။ (က) ယောကျာ်းလေး
ပုံမှန်အားဖြင့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် တစ်မိနစ်ကို ၈ကြိမ်လောက်ပိုပြီး နှလုံးခုန်လေ့ရှိပါတယ်။ အသက်အရွယ်ပေါ် မူတည်ပြီး နှလုံးခုန်နှုန်းလည်း လျော့ကျလာတတ်ပါတယ်။ ကလေးငယ်တွေရဲ့ နှလုံးက ပိုပြီး သေးငယ်တတ်တာကြောင့် တစ်ခါခုန်ရင် သွေးနည်းနည်းသာ ညှစ်ထုတ်ပေးနိုင်ပါတယ်။ သွေးနည်းလေလေ ညှစ်ရတဲ့ ကြိမ်ရေ ပိုများလေ ဖြစ်တာကြောင့် ကလေးငယ်တွေရဲ့ နှလုံးခုန်နှုန်းတွေက ပိုမြန်နေတတ်တာပါ။
၉။ နှလုံးညည်းသံ (Heart Murmur ) ဆိုတာ
(က) နှလုံးမှာ ၀င်တဲ့ ရောဂါပိုး
(ခ) နှလုံးခုန်ရာမှာ ထွက်လာတဲ့ အသံပို
(ဂ) နှလုံးခုန်နှုန်းကို တိုင်းတဲ့ ကိရိယာ
အဖြေ။ (ခ)
နှလုံးခုန်တဲ့အသံကြားထဲ ညည်းသံလို အသံလေးပါလာတာကို Heart Murmur လို့ခေါ်ပါတယ်။ တစ်ခါတလေမှာ ထွက်လာတတ်ပြီး အဲ့အသံကြားတိုင်း စိုးရိမ်စရာမလိုပါဘူး။ ကလေးငယ် ၉၀ရာခိုင်နှုန်းမှာ တစ်ကြိမ်မဟုတ်တစ်ကြိမ် ဒီလိုအသံမျိုးကြားမိမှာပါ။ ဒါပေမဲ့ ဒီလို ညည်းသံအများစုက နှလုံး အဆို့ရှင်မှာ ပြသနာတစ်ခုခုရှိနေတာ ဖြစ်နိုင်တာကြောင့် စစ်ဆေးကုသဖို့လိုပါလိမ့်မယ်။
Dr.နုမြတ်သိင်္ဂီဦး
Good Health Journal