မျက်နှာလေး နုပျိုဖို့ ယောဂကျင့်ကြစို့

မျက်နှာလေး နုပျိုဖို့ ယောဂကျင့်ကြစို့

မျက်နှာယောဂကျင့်စဉ်ဟာ မျက်နှာအသားအရေကို အရေးအကြောင်းကင်းပြီး တင်းရင်းလှပစေတဲ့အတွက် ကမ္ဘာတစ်ဝန်းမှာ ခေတ်စားနေပြီဖြစ်ပါတယ်။ မျက်နှာကို လေ့ကျင့်ခန်းမလုပ်တဲ့အခါ ဖြေလျော့မှုမရှိတဲ့ တင်းအားတွေဟာ မေးရိုးဆီကို ရောက်ရှိသွားပြီး မျက်နှာတွဲကျကာ အတွန့်အခေါက်တွေဖြစ်ပေါ်လာနိုင်ပါတယ်။ မျက်နှာကို ယောဂလေ့ကျင့် ခန်းတွေ လုပ်ပေးတဲ့အခါ မျက်နှာကြွက်သားတင်းအားတွေ လျော့နည်းသွားတဲ့အတွက် အရေးအကြောင်းတွေဖြစ်ပေါ် မလာနိုင်တဲ့အပြင် မျက်နှာကြွက်သားတွေကို ဆွဲဆန့်လိုက်တဲ့အခါမှာလည်း မျက်နှာအသားအရေ တင်းရင်းသွားနိုင်ပါသေးတယ်။

ဒါပေမဲ့ ဘယ်အရာပဲလုပ်လုပ် မဇ္ဇိမပဋိပဋာ ဆိုတဲ့အတိုင်း အလယ်အလတ် လုပ်တာပဲ ကောင်းပါတယ်။ မျက်နှာကို ခဏ ခဏ အရမ်းကြီး တွန့်လိမ်ရှုံ့ခေါက်နေရင်တော့ အကြောဆွဲသွားနိုင်ပြီး ပြန်ပြင်လို့ မရနိုင်တော့တဲ့အတွက် သတိထားပါ။ အနည်းငယ် လုပ်ရင်တော့ စိုးရိမ်စရာမလိုဘဲ သင်စိတ်ပူထိတ်လန့်နေတဲ့ အရေးအကြောင်းတွေလည်း ပေါ်လာတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပုံပါအတိုင်း မျက်နှာယောဂတွေ လုပ်ကြည့်လိုက်ပါ။ သင့်မျက်နှာလေး နုပျိုလှပလာတာတွေ့ရပါ လိမ့်မယ်။

၁။ မျက်နှာပေါ်ရှိ ကြွက်သားတွေအားလုံးကို ရှုံ့နိုင်သမျှ ရှုံ့ထားကာ ခဏအကြာမှာ ပြန်ဖြေလျော့လိုက်ပါ။

၂။ မျက်နှာကို ခပ်ပြုံးပြုံးလေးထားပြီး မျက်စိကို မှိတ်ထားကာ မျက်နှာပေါ်ရှိ ကြွက်သားတွေအားလုံးကို ဖြေလျော့လိုက်ပါ။

၃။ ပူဖောင်းမှုတ်သလို ပါးကို ဖောင်းနိုင်သမျှ ဖောင်းထားခြင်းဟာ အသားအရေကို တင်းရင်းလှပစေပါတယ်။

၎။ မျက်လုံးကို ရှေ့ကြည့်၊ နောက်ကြည့်၊ အပေါ်ကြည့်၊ အောက်ကြည့် စသဖြင့် အကြည့်မျိုးစုံ ရွှေ့ပေးပါက ကျီးခြေထောက် လို့ ခေါ်တဲ့ မျက်လုံးအပြင်ဘက်ထောင့်မှာ အရစ်တွေ မပေါ်လာနိုင်တော့ပါဘူး။

၅။ မျက်နှာအပေါ်သို့ မော့ထားခြင်းဟာ ပါး၊ မေးစေ့နဲ့ လည်ပင်တို့က တင်းရင်းလှပစေနိုင်ပါတယ်။

၆။ (ကလေးငယ်လေးတွေ ဆော့သလို နှုတ်ခမ်းကို တုန်ခါနေအောင် “ဗူး”မှုတ်ခြင်းဟာ နှုတ်ခမ်းတစ်ဝိုက်နဲ့ ပါးပြင်ကို တင်းရင်းလှပစေကာ မေးရိုးတင်းအားတွေကိုလည်း ဖြေလျော့ပေးပါတယ်။)

‪#‎နုမြတ်‬
‪#‎GoodHealthJournal‬
‪#‎DrNuMyat‬

fumiko-takatsu-face-yoga-1

Advertisements

2 thoughts on “မျက်နှာလေး နုပျိုဖို့ ယောဂကျင့်ကြစို့

  1. You actually make it appear really easy along with your presentation however I find this matter to be actually one thing that I feel I would never understand. It kind of feels too complicated and extremely large for me. I’m looking ahead on your subsequent put up, I will try to get the grasp of it!

    Like

  2. Wow, awesome weblog format! How lengthy have you been blogging for? you make blogging look easy. The total look of your site is excellent, let alone the content material!

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s