မိ တ် က ပ် အေ ကြာ င်း သိ ကောင်း စ ရာ အ ဖြာ ဖြာ
===================================
♥ ဒေါက်တာ နုမြတ်သိင်္ဂီဦး
ခုခေတ်မှာ အလှကုန်ဈေးကွက်ထဲ မိတ်ကပ်အမျိုးအစား မျိုးစုံပေါ်လာတာ မယုံနိုင်စရာပါပဲ။ အသားအရေဖြူဝင်းစေတဲ့ မိတ်ကပ်၊ အိုမင်း ရင့်ရော်မှုကို ကာကွယ်ပေးတဲ့ မိတ်ကပ်၊ ၀င်းဝါစိုပြည်စေတဲ့ မိတ်ကပ်စသဖြင့် အမျိုးအစားစုံ Brand စုံ ရှိပါတယ်။ အဲဒီအစား အရောင်တွေ ရွေးချယ်စရာ ပိုများရင်တော့ ပိုကောင်းပါလိမ့်မယ်။
ဒီတော့ ရှုပ်ယှက်ခတ်ကာ ရွေးချယ်ရခက်တဲ့အလှကုန်ဖြစ်တဲ့ မိတ်ကပ်ကို ရွေးချယ်ဝယ်ယူရာမှာ လွယ်ကူစေဖို့ ရှင်းလင်းတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
#အသားအရေအမျိုးအစား
▬▬▬▬▬▬▬▬▬▬
မိတ်ကပ် ၀ယ်ယူတော့မယ်ဆိုရင် သင့်အသားအရေကို ဆန်းစစ်ပြီး အောက်ပါအမျိုးအစားနှစ်ခုထဲက တစ်ခုအောက်ထည့်ရပါမယ်။
ပုံမှန်/အဆီပြန်/၀က်ခြံထွက် အသားအရေ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အောက်ခံမိတ်ကပ် မလိမ်းမီ အသားအရေကို ပြင်ဆင်ဖို့လိုပါလိမ့်မယ်။ သင့်အသားအရေမှာ အဆီတွေရှိနေပြီးသားဆိုတော့ ရေဓာတ်အခြေခံတဲ့ မိတ်ကပ်သာ အကောင်းဆုံးပါ။ ရေဓာတ်အခြေခံတဲ့ Moisturiser ဒါမှမဟုတ် Primer ကို အဆီသိပ်မပြန်တဲ့ နေရာတွေမှာ လိမ်းပေးပါ။
အဆီပြန်လို့ဆိုပြီး အမှိန်သားမိတ်ကပ်ဖြစ်တဲ့ (Matte Foundation) ကို မသုံးပါနဲ့။ သင့်သဘာဝ အသားအရေနဲ့ သတ်သတ်စီဖြစ်နေပါလိမ့်မယ်။
မိတ်ကပ်လိမ်းတဲ့အခါ နေ့လယ်နေ့ခင်းတွေမှာ T-Zone ဖြစ်တဲ့ နဖူးနဲ့ နှာခေါင်းတစ်ဝိုက်တော့ အဆီပြန်လာပါလိမ့်မယ်။ ပေါင်ဒါမပါတဲ့ အဆီစုပ် စက္ကူလေးဖိဖိပြီး သုတ်ပေးလိုက်ရင် အဆီတွေရှင်းပြီး သက်သာလာ ပါလိမ့်မယ်။ (ပေါင်ဒါပါတဲ့ အဆီစုပ်စက္ကူလည်း အသုံးပြုနိုင်ပေမယ့် သူ့မှာ ပါတဲ့ ပေါင်ဒါအရောင်နဲ့ သင့်အသားအရောင် မကိုက်ညီရင် အဆင်မပြေတာကြောင့်ပါ။) ဒါက သင့်အသားကို စိုစိုပြည် ပြည်လေးလည်းဖြစ်စေတာကြောင့် လိုအပ်ရင် လိုအပ်သလို အောက်ခံမိတ်ကပ်ရည်နဲ့ Concealer ကို ထပ်လိမ်းပေးလို့လည်း ရပါတယ်။ ပေါင်ဒါထပ်ဖို့ဖြစ်ခဲ့ရင်တော့ အပေါ်က မိတ်ကပ်ရည် ပြန်ထပ်လို့မရတော့ဘဲ လိမ်းထားသမျှ အကုန်ပျက်ကာ အစက ပြန်လိမ်းရမှာပါ။
ကတ္တီပါသားလို မှုန်မှုန်ညက်ညက်အသား အရေလေးဖြစ်ချင်ရင်တော့ ပေါင်ဒါမလိမ်းခင် မိတ်ကပ်လိမ်းအပြီး အဆီစုပ်စက္ကူနဲ့ ဖိပေးပါ။ ဒါပေမဲ့ မိတ်ကပ်တာရှည်မခံတာကြောင့် နေ့လယ်ဘက်ရောက်ရင် မိတ်ကပ်အကုန်ဖျက်ပြီး အစကနေ အသစ်ပြန်လိမ်းပေးဖို့ လိုပါလိမ့်မယ်။ Foundation အမျိုးအစားကောင်းဆိုရင် သုံးမိနစ်တောင် မကြာဘဲ ပြန် လိမ်းနိုင်သလို မျက်လုံးမိတ်ကပ်တွေကိုလည်း တာရှည်ခံစေနိုင်ပါတယ်။
ပုံမှန်/ခြောက်သွေ့အသားအရေ
▬▬▬▬▬▬▬▬▬▬▬▬
ဒီအသားအရေပိုင်ရှင်မျိုးဆိုရင်တော့ ကံဆိုးတဲ့ သူလို့ကိုယ့်ကိုယ်ကိုယ် ထင်ကောင်းထင်မိနေပါလိမ့် မယ်။ ဘာကြောင့်လဲဆိုတော့ အဆီပြန်မှ နုပျိုစိုပြည်တဲ့ အသားအရေမျိုးလို့ တချို့ကပြောတတ်ကြလို့ပါ။ ဒါ ပေမဲ့ပုံမှန် သို့မဟုတ် ခြောက်သွေ့တဲ့အသားအရေက သာ မိတ်ကပ်ကိုပိုပြီး တာရှည်ခံစေနိုင်တာပါ။ ကြမ်းတဲ့ နေရာတွေ ချောမွေ့သွားအောင် တစ်ပတ်တစ်ကြိမ် မျက်နှာကြေးချွတ်ဆေးနဲ့ ချွတ်ပေးပြီး အစိုဓာတ်ထိန်း သိမ်းတဲ့ ခရင်(မ်)များများလိမ်းပေးရပါမယ်။
မိတ်ကပ်မလိမ်းခင် Primer လည်း ခံသင့်ခံရပါမယ်။ အောက်ခံမိတ်ကပ်ရည်ကိုတော့ အဆီအခြေခံ မိတ်ကပ် ရည်သုံးပေးပါ။ အဆီတွေကို သင့်အသားအရေက ရေမြှုပ်တစ်ခု လိုစုပ်ယူသွားပါလိမ့်မယ်။ မျက်နှာကို ကတ္တီပါလို မှုန်မှုန်လေးဖြစ်ချင်ရင် ဒီနည်းသုံးပါ။ သင့် အသားအရေက ခြောက်သွေ့နေပေမယ့် နှာခေါင်းနဲ့ နဖူးတစ်ဝိုက်မှာတော့ အဆီအနည်းငယ်ပြန်နေနိုင်ပါတယ်။ အဲဒီနေရာတွေကို ပေါင်ဒါမဖို့ခင် ပေါင်ဒါမပါတဲ့ အဆီစုပ်စက္ကူနဲ့ အဆီအရင်စုပ်ပေးလိုက်ပါ။ ဒါပေမဲ့ ခြောက်သွေ့တဲ့ အသားရေပိုင်ရှင်တွေအနေနဲ့ပေါင်ဒါမသုံးလည်းရပါတယ်။
SKIN TEXTURE
▬▬▬▬▬▬▬
အောက်ခံမိတ်ကပ်ရည် ရွေးချယ်တဲ့အခါ နံပါတ်တစ်ဦးစားပေးအနေနဲ့ စဉ်းစားရမယ့် အချက်တစ်ချက် ရှိပါတယ်။ ဒါကတော့ ဘယ်လို အသားအရေသွင်ပြင်ကို လိုချင်သလဲဆိုတာကိုပါ။
အောက်မှာဖော်ပြထားတာတွေကတော့ အသားအရေ သွင်ပြင်အမျိုးအစားအမျိုးမျိုးပါ။ မှားယွင်းတဲ့ သွင်ပြင်ကို ရွေးချယ်မိရင် အသက်အရွယ်ဆယ်နှစ်စာလောက် အိုမင်းသွားပါ လိမ့်မယ်။ အောက်ခံမိတ်ကပ် အမျိုးအစားက သင့်ရုပ်ရည်သွင်ပြင်ကို ဘယ်လောက် တောင်ပြောင်းလဲစေနိုင်သလဲဆိုတာ နမူနာပြရမယ်ဆို ရင် ပေါ်ပြူလာအဖြစ်ဆုံး မျက်လုံးမိတ်ကပ်ခြယ်သတဲ့ အိုင်းလိုင်နာအရည် အနက်ရောင်ကို စဉ်းစားကြည့်ပါ။ ဒီအိုင်းနာတစ်မျိုးတည်းကို ၁၉၄၀ပြည့်နှစ်များက မိတ် ကပ်ဖုံနေအောင် အထူကြီးလိမ်းထားတာရယ်၊ အိန်ဂျ လီနာဂျိုလီရဲ့ နူးညံ့စိုပြည်တဲ့ မိတ်ကပ်သွင်ပြင်ရယ်နဲ့ ယှဉ်တွဲကြည့်ပါ။ ပြီးတဲ့အခါ ဂျနီဖာလိုပက်ဇ်ရဲ့ စိုပြည် လန်းဆန်းတဲ့ မိတ်ကပ်သွင်ပြင်နဲ့ယှဉ်ကြည့်ရင်း အောက် ခံမိတ်ကပ်အမျိုးအစားက မိတ်ကပ်အပြင်အဆင်ကို ပြောင်းလဲစေနိုင်တာကို တွေ့လာရပါလိမ့်မယ်။
အောက်ဖော်ပြပါ မိတ်ကပ်အမျိုးအစားတွေကို လေ့လာကြည့်ပြီး လိုချင်တဲ့အမျိုးအစား ရွေးချယ်လိုက် ပါ။ စမ်းသပ်ကြည့်ဖို့ ၀န်မလေးပါနဲ့။
FOUNDATION TEXTURE
▬▬▬▬▬▬▬▬▬▬▬
အောက်ခံမိတ်ကပ်အမျိုးအစားတွေကို မိတ်ကပ်ဘူးခွံတွေမှာ အမျိုးအစားအလိုက် ခွဲပြီးဖော်ပြလေ့ရှိပါတယ်။ တွေ့ရလေ့ရှိတဲ့ အမျိုးအစားတွေကတော့-
♥ Sheer
မိတ်ကပ်မလိမ်းထားသယောင် ခပ်ပါးပါးလေးဖြစ်နေတဲ့ မိတ်ကပ်အမျိုးအစားပါ။ နဂိုအသား အရေလှပစိုပြည်သူ အပြစ်အနာအဆာမရှိသူတွေအတွက် အသင့်တော်ဆုံးပါ။
♥ Soft dewy / Creamy
ခပ်ပါးပါးကနေ အလယ်အလတ်အထိ ဖုံးအုပ်ပေးနိုင်တဲ့ မိတ်ကပ်အမျိုးအစားပါ။ နူးညံ့စိုပြည်တဲ့ သွင်ပြင်ပေးစွမ်းနိုင်ပါတယ်။
♥ Glowing / Luminous
စိုပြည်ဝင်းဝါတဲ့သွင်ပြင်ဖြစ်ပေါ်စေလို့ ခြောက်သွေ့တဲ့အသားအရေ ပိုင်ရှင်တွေ အသုံးပြုသင့်ပါတယ်။
♥ Velvety Finish
မျက်နှာပြောင်ပေါ် ဒါမှမဟုတ် အောက်ခံမိတ်ကပ်ပေါ် အလွန်ပါး လွှာပြီး ဖောက်ထွင်းမြင်ရတဲ့ ပေါင်ဒါဖို့ထားတဲ့ သွင်ပြင်ပါ။ ကတ္တီပါသားလို မှုန်မှုန်ညက်ညက်လေး ဖြစ်စေနိုင်ပါတယ်။
♥ Heavy Coverage
ပျစ်ပျစ်နှစ်နှစ် စိုစိုပြည်ပြည်ရှိစေလို့အမာရွတ်တွေဝက်ခြံ အဖုအပိမ့်တွေကို ဖုံးကွယ်ဖို့ သင့် တော်ပါတယ်။
♥ Heavy Coverage
မိတ်ကပ်ခပ်ထူထူနဲ့ အပြစ်အနာအဆာအကုန်ဖုံးပေးထားနိုင်ပါတယ်။ ဒါပေမဲ့ လိမ်းထားမှန်း သိသားစေလို့ သဘာဝတော့ မကျပါဘူး။
သတိပြုရမှာက အောက်ခံမိတ်ကပ်အမျိုးအစားက မိတ်ကပ်အပြင်အဆင် တစ်ခုလုံးကိုပြောင်း လဲစေနိုင်တာကြောင့် အသင့်တော်ဆုံး အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။
POWDER
▬▬▬▬
အောက်ခံမိတ်ကပ်နဲ့ပတ်သက်ပြီး ကျွန်မအနေနဲ့ နံပါတ်(၁) စည်းမျဉ်းစည်းကမ်းအဖြစ် သတ်မှတ်ထားတာကတော့ မိတ် ကပ်တာရှည်ခံ လိုတာနဲ့ အောက်ခံမိတ်ကပ်ရည်ပေါ် ပေါင်ဒါ ဘယ်တော့မှ မထပ်မိပါစေနဲ့။ ကတ္တီပါလို မှုန်မှုန်လေးဖြစ်ချင်ရင် အဆီတွေမပြန်စေချင်ရင် မိတ်ကပ်ထူထူဖြစ်ချင်ရင် စတဲ့ အကြောင်းအရာတွေမှသာ ပေါင်ဒါဖို့ပေးပါ။
ဘာကြောင့်လဲဆိုတော့ အောက်ခံမိတ်ကပ်ရည်ဟာလိမ်းပြီး သုံးနာရီအတွင်း အရေပြားပေါ် ကျကျနနလှပနေပေမယ့် အဲဒီ နောက်မှာတော့ ပျက်တဲ့နေရာက ပျက်ကွက်တဲ့ နေရာကကွက်နဲ့ စဖောက်ချင်လာပါပြီ။ ဒီတော့ သင့်အနေနဲ့ တစ်နေကုန်တာရှည် ခံမယ်ထင်ပြီး ပေါင်ဒါယူဖို့မိတော့ပြီပေါ့။ ဒါပေမဲ့ တကယ်ခံဖို့ဆို တာမဖြစ်နိုင်ပါဘူး။ ပေါင်ဒါဖို့လိုက်မှ ငယ်ရွယ်နုပျိုစိုပြည်တဲ့ အသားအရေကနေပေါင်ဒါဖို့ထားတဲ့ မိတ်ကပ်မျက်နှာကြီးဖြစ်သွားပါလိမ့်မယ်။ ဘေးလူတွေအမြင်မှာလည်း “သူလိမ်းထားတဲ့ မိတ် ကပ်က ခံလိုက်တာ”လို့ မတွေးဘဲ “သူ မိတ်ကပ်တွေ လိမ်းထား တာ ထူလပျစ်ပါလား”လို့ ထင်နေကြမှာပါ။
အောက်ခံမိတ်ကပ်ရည်ပေါ် ပေါင်ဒါထပ်တာ မိတ်ကပ်အ နည်းငယ် ပိုပြီးတာရှည်ခံကောင်းခံပေမယ့် သင်မှန်းထား သလောက်တော့ မဟုတ်ပါဘူး။ အလွန်ဆုံးပိုခံတစ်နာရီ နှစ်နာရီ လောက်ပေါ့။ ပြီးတော့ မိတ်ကပ်ပျက်လို့ ပြန်ပြင်ရာမှာလည်း အခက်တွေ့နိုင်ပါတယ်။ ပေါင်ဒါလိမ်းထားပါက မိတ်ကပ်ပြန်ပြင် ရာမှာ ပေါင်ဒါကနေ Foundation အရည်တွေ၊ Concealer တွေ ပြန်ထပ်ဖို့မဖြစ်နိုင်ဘဲ ပေါင်ဒါပဲ ပြန်ထပ်ပေးရတော့မလို ဖြစ် တတ်ပါတယ်။
တချို့အလှကုန်တွေက ဘယ်လောက်ပဲ ကောင်းကောင်း မျက်နှာမှာ ကြာကြာမခံပါဘူး။ ဥပမာ အားဖြင့် ရွှန်းစိုတောက်ပတဲ့ အနီရောင် Lip Gloss တွေဟာ မကြာခဏ ပြန်ဆိုးပေးဖို့လိုသလို အဆီ ပြန်တဲ့ အသားရေပေါ် လိမ်းထားတဲ့ Creamy Foundation တွေဟာလည်း အဆီစုပ်စက်္ကူနဲ့ အဆီစုပ်ပေးဖို့ မကြာခဏပြန် လိမ်းပေးဖို့ လိုပါလိမ့်မယ်။ Creamy Eyeshadow တွေဟာလည်း အရောင် ဘယ်လောက်လှလှ မိနစ်ပိုင်းအတွင်း မျက်ရစ်တစ် လျှောက် စုပြုံနေတာတွေ့ရပါလိမ့်မယ်။
ပြီးတော့ သင်လိုချင်တဲ့ Texture အမျိုးအစားက တခြား အမျိုးအစားတွေလောက် တာရှည်ခံချင်မှ ခံမယ်ဆိုတာကိုလည်း သတိရသင့်ပါတယ်။ မျက်နှာပေါ် ကြာကြာခံတဲ့ အမျိုးအစား တွေက အရမ်းကို ထူပျစ်နေပြီး မိတ်ကပ်လိမ်းထားမှန်း အရမ်း သိသာစေကာ မျက်နှာကို ရင့်ရော်စေနိုင်ပါတယ်။ ဒီတော့ မကြာ ခဏ ပြန်လိမ်းပေးရပေမယ့် နုပျိုလန်းဆန်းတဲ့ သွင်ပြင်မျိုးလိုချင် လားတာရှည်မခံပေမဲ့ ကြီးရင့်တဲ့ သွင်ပြင်မျိုးလိုချင်လား ပြန်ဆန်း စစ်ကြည့်လိုက်ပါ။
ANTI-SHINE PRIMER
▬▬▬▬▬▬▬▬▬▬
အဆီပြန်တဲ့ အသားအရေအတွက် အဖြေရှိပါတယ်။ ပေါင်ဒါမပါတဲ့ အဆီစုပ်စက္ကူတစ်ထုပ်ဆောင်ထားပါ။ ဒါမှမဟုတ် အဆီပြန်ခြင်းကို ကာကွယ်တဲ့ မိတ်ကပ်အောက်ခံ (Anti-Shine Primer)ကိုသုံးပေးပါ။ ပိုလျှံနေတဲ့ အဆီတွေကို အငွေ့ပြန်သွားစေနိုင်တဲ့ တကယ့်ကို ကောင်းတဲ့ ခရင်(မ်)တစ်မျိုးပဲဖြစ်ပါတယ်။သင့်အသားအရေက တစ်ခဏအတွင်း မှုန်ညက်ညက်လေးဖြစ် သွားပါလိမ့်မယ်။ အရင်က မိတ်ကပ်ဆရာတွေသာ အသုံးပြုတဲ့ ဒီ Primer ဟာ ခုဆိုဈေးကွက်တွင်း ၀င်ရောက်လာလို့ ဘယ် သူမဆိုဝယ်သုံးနိုင်ပါပြီ။ အဆီပြန်တဲ့ အသားအရေ ဒါမှမဟုတ် နဖူးနဲ့နှာ ခေါင်းတစ်လျှောက် သုံးပေးနိုင်ပါတယ်။ ရေမြှုပ်သို့မ ဟုတ် င်္Foundation Brush နဲ့ သုံးပေးပါ။
ဒီ Primer ကို နဂိုက အဆီပြန်တဲ့ အသားအရေရှိတဲ့ အမျိုးသားတွေ မှာ မိတ်ကပ်အစားထိုးသုံးပေးပါတယ်။ အဆီတွေလည်း စုပ်ပေးသလို မိတ်ကပ်လိမ်းသလိုလည်းမဖြစ်တော့ အသုံးပြုရအဆင်ပြေပါတယ်။ အထူး သဖြင့် ထိပ်ပြောင်နေသူ အမျိုးသားများ နဖူးထိပ်မှာ အဆီပြန်ခြင်းကင်း ဝေးအောင်လည်း အသုံးပြုတတ်ကြပါတယ်။
MINERAL FOUNDATIONS
▬▬▬▬▬▬▬▬▬▬▬▬
သတ်္တုအမှုန်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ Mineral မိတ်ကပ်ဟာ ထိခိုက်လွယ်တဲ့ တော်ရုံနဲ့မတည့်တတ်တဲ့ Sensitive Skin ပိုင်ရှင်တွေအတွက် အင်မတန်ကောင်းမွန်လှပါတယ်။ Chemical တွေ သိပ်မပါရှိလို့ အသားအရေကျန်းမာရေးအတွက် လည်း ကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် နောင်တစ်ချိန်မှာ မိတ်ကပ်အလှကုန်ပစ်္စည်းအားလုံးလိုလို နှုတ်ခမ်းနီကအစ မျက် ကောင်ကော့ဆေးအဆုံး Mineral အမျိုးအစား တစ်ခေတ်ဆန်း တဲ့အထိ အကြိုက်တွေ့ကြမယ်လို့ ယူဆမိပါတယ်။
ဒါပေမဲ့ Mineral မိတ်ကပ်သုံးမယ်ဆိုရင်တော့ Mineral မိတ်ကပ်အတွက် ထုတ်ထားတဲ့ သီးသန့်ဘရပ်(ရှ်)မျိုးကို သုံးရပါ လိမ့်မယ်။ Mineral မိတ်ကပ်မှာ ပေါင်ဒါက ကတ္တီပါလိုမှုန်ညက် နေတဲ့ အသားအရေမျိုးပိုင်ဆိုင်စေပြီး အရည်ကတော့ စိုပြည်ဝင်းလက်တဲ့ အသားအရေမျိုး ပိုင်ဆိုင်စေမှာပါ။
Mineral ပေါင်ဒါတွေက သူတို့အတွက် ဘရပ်(ရှ်)သီးသန့် လာပါတယ်။ ဘာကြောင့်လဲဆိုတော့ အရေပြားထဲ သေချာစိမ့်ဝင် သွားအောင်ပါ။ တော်ရုံဘရပ်(ရှ်)နဲ့ဆို အရေပြားပေါ် တံမြက် စည်းလှဲသလို ဖြစ်နေမှာပါ။ Mineral မိတ်ကပ်လိမ်းရင် Day Cream တို့ Moisturiser တို့ကို ခပ်ထူထူမလိမ်းသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဆီများနေတဲ့ အရေပြားနဲ့ Mineral မိတ်ကပ်ထိတွေ့ တဲ့အခါ ကော်နဲ့ကပ်ထားသလို ဖြစ်နေမှာ ကြောင့်ပါ။ ဒါကြောင့် Mineral မိတ်ကပ်လိမ်းမယ်ဆိုရင် Mois-turiser ကို ခပ်ပါးပါးသာ လိမ်းပေးပါ။ ပြီးတော့ Moisturiser လိမ်းပြီး အရေပြားထဲစိမ့်ဝင်တဲ့အထိ မိနစ်အနည်းငယ်ကြာထားပြီးမှ မိတ်ကပ်လိမ်းပေးသင့်ပါတယ်။
LUMINISERS
▬▬▬▬▬▬
မျက်နှာလေး ရွှေရုပ်လေးလို ၀င်းဝါစိုပြည်စေမယ့် အလှကုန် ပါ။ ရွှေရောင်အမှုန်လေးတွေပါတဲ့ ခရင်(မ်)တစ်မျိုးပါ။ အသုံးပြု ရတာလည်း လွယ်ကူပါတယ်။ ကိုယ်လိမ်းမယ့် မိတ်ကပ်အရည်ထဲ Luminisers ခရင်(မ်)တစ်စက်နှစ်စက်ထည့်ပြီး ရောမွှေကာ လိမ်းပေးလိုက်ရုံပါ။ တကယ်ကို ၀င်းဝါစိုပြည်လာပါလိမ့်မယ်။ ဟောလိဝုဒ်က ဂျနီဖာလိုပက်ဇ်၊ အန်းဟက်သဝေးနဲ့ မရန်ဒါကားရ်တို့ကို မြင်ယောင်ကြည့်လိုက်ပါ။
#လိုက်ဖက်သော အရောင်ရှာဖွေခြင်း
▬▬▬▬▬▬▬▬▬▬▬▬▬▬
တစ်သားတည်းကျတဲ့ မိတ်ကပ်အရောင်ရဖို့ အခြေခံအချက်တစ်ချက်ရှိပါ တယ်။ အဲဒါကတော့ မိတ်ကပ်အရောင်ကို ရင်ဘတ် ရိုးအပေါ်က (Collor Bone အပေါ်က) အသားရောင်နဲ့တိုက်ပြီး ၀ယ်ယူဖို့ပါ။ ဒါမှသာ မျက်နှာနဲ့ ခန်္ဓာကိုယ် အရောင်တူဖြစ်နေမှာပါ။ အသားက နေလောင်လို့ ညိုသွားတာပဲဖြစ်ဖြစ် အရောင် ပြောင်းပါက မိတ်ကပ်အရောင်ပါ လိုက်ပြောင်းသင့်တာကြောင့် မိတ်ကပ်ကို နှစ် ရောင်လောက်တော့ ဆောင်ထားသင့်ပါတယ်။ မိတ်ကပ် အရောင်အသားအရောင်နဲ့ ကိုက်ညီမှုရှိ၊မရှိ ဒီလိုစစ်ကြည့်နိုင်ပါတယ်။ အရင်ဆုံးကိုယ်လိမ်းနေကျ မိတ်ကပ်ကို လိမ်းကာ မှန်ရှေ့ဘေးစောင်းရပ်ပြီး ခေါင်းလှည့်ကာ မေးစေ့ကိုပုခုံးပေါ်တင်လိုက်ပါ။ သင့်နဖူးဟာ မေးစေ့ရယ်၊ ပုခုံးရယ်၊ လက်ရယ်နဲ့ အရောင်တူနေသင့်ပါတယ်။
မိတ်ကပ်အရောင်ရွေးရာမှာ သတိထားရမယ့်အချက်တစ်ချက်ကတော့ မေး ရိုးနဲ့အရောင်မကိုက်သင့်တဲ့အချက်ပါ။ ခန်္ဓာကိုယ်မှာမေးရိုးနဲ့ အောက်နား တစ် ၀ိုက်က အရောင်အဖျော့ဆုံးဖြစ်နေတတ်တာကြောင့်ပါ။
#မိတ်ကပ် လိမ်းခြယ်ခြင်း
▬▬▬▬▬▬▬▬▬▬
မိတ်ကပ်လိမ်းခြယ်ရာမှာ တချို့က ဘရပ်(ရှ်) သို့မဟုတ် ရေမြှုပ် တုံးကို အသုံးပြုသလို တချို့ကတော့ လက်နဲ့သာ လိမ်းခြယ်တတ်ကြပါတယ်။ ရေမြှုပ်တုံးက မိတ်ကပ်ပိုညီစေတယ် ထင်ရပေမယ့် သူ့ထဲ မိတ်ကပ်တွေ ပိုစိမ့်ဝင်ပြီး မျက်နှာပေါ်သိပ် မကျန်တော့တာကြောင့် မိတ်ကပ်မြန်မြန် ကုန် စေနိုင်ပါတယ်။ ပြီးတော့ အသုံးပြုပြီးတိုင်း ဆေးကြောခြင်း မပြုလုပ်နိုင်ပါက ရေမြှုပ်တုံးထဲ မိတ်ကပ်ရည်တွေ စိမ့်ဝင်ထားတာကြောင့် စိုစိစိဖြစ်ကာ ဘက် တီးရီးယားပိုးမွှားတွေလည်း ပေါက်ဖွားနိုင်ပါတယ်။ ဘရပ်(ရှ်)ကတော့ ရေ မြှုပ်တုံးလိုပဲ မိတ်ကပ်ညီညာစေပေမယ့် သူ့ကိုလည်း မကြာခဏ ဆေးကြော ပေးရပါမယ်။ လက်နဲ့လိမ်းတာက လည်း လွယ်ကူပြီး အဆင်ပြေပါတယ်။ ဘက်တီးရီးယားပိုးတွေ မ၀င်အောင်လက်ကိုတော့ ဆေးကြောသန့်စင် ထားသင့်ပါတယ်။
မိတ်ကပ်လိမ်းရာမှာ သဘာဝအလင်းရောင်က အကောင်းဆုံးပါ။ သ ဘာဝအလင်းရောင်ထဲ ကိုယ်လိမ်းထားတဲ့ မိတ်ကပ် ဘယ်လိုရှိလဲ မစစ် ဆေးဘဲ အပြင်မထွက်ပါနဲ့။ အခန်းအလင်းရောင်မှိန်မှိန်ထဲ လှတယ်ထင်ရ ပေမယ့် တကယ်တမ်းမှာ မိတ်ကပ်တွေ ထူပျစ်နေတာ အရောင်ကွက်နေတာ ချွေးထွက်နေတာတွေဖြစ်တတ်တာကြောင့်ပါ။ မျက်နှာမိတ်ကပ်စစ်ဆေးဖို့ အကောင်း ဆုံးနေရာကတော့ ကားနောက်ကြည့်မှန်ပါ။ ဘာကြောင့်လဲဆိုတော့ မျက်နှာပေါ် သဘာဝအလင်းရောင်ကျရောက်နေတာကြောင့် အရှိ အရှိ အတိုင်းမြင်ရလို့ပါ။
(THE CHIC MAGAZINE – JUNE 2016)
#The_Chic_Magazine_Facebook_Page တွင် ယခုကဲ့သို့ ဖက်ရှင်၊ အလှအပ၊ ကျန်းမာရေး၊ လူမှုရေး ဆောင်းပါးများကို ၀င်ရောက် ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/thechicmagazinemyanmar/
What’s Going down i’m new to this, I stumbled upon this I’ve found It positively helpful and it has helped me out loads. I am hoping to contribute & help other customers like its helped me. Great job.
LikeLike
Thanks for some other great post. The place else could anybody get that type of info in such an ideal means of writing? I have a presentation next week, and I’m at the look for such info.
LikeLike