သင့်ခြေလှမ်းမှပြောသော သင့်အကြောင်း

သင့်ခြေလှမ်းမှပြောသော သင့်အကြောင်း
————————————————————————–

ဒေါက်တာနုမြတ်

 

IMG_4198.jpg
လမ်းလျှောက်တဲ့အခါ ခပ်မြန်မြန်လှမ်းလေ့ရှိလား ဒါမှမဟုတ် ခြေလှမ်းစိပ်စိပ်လှမ်းတတ်သလား။ သင်ရဲ့ လမ်းလျှောက်ပုံ၊ ခြေလှမ်းလှမ်းပုံပေါ် မူတည်ပြီး သင့်ကျန်းမာရေးကို ခန့်မှန်းလို့ ရပါတယ်။ ဒါ့အပြင် လမ်းလျှောက်တဲ့အခါ လက်ကို များများလွှဲသလား၊ အလေးမ,ထားသလို ဒီအတိုင်းပဲ တွဲလောင်းထားပြီး လျှောက်တတ်သလားဆိုတာကလည်း ကျန်းမာရေးနဲ့ဆက်စပ်နေပါတယ်။ ဒီဆောင်းပါးကနေပြီး သင်ရဲ့ လမ်းလျှောက်ပုံလမ်း လျှောက်နည်းက သင့်ကျန်းမာရေး အကြောင်း၊ သင့်အကြောင်း ဘယ်လိုဖော်ပြနေသလဲဆိုတာ လေ့လာကြည့်ကြရအောင်…

……………………………………………………………………………………………………………………………………………………..
ခြေလှမ်းစိပ်စိပ် လှမ်းတတ်ရင်

ခြေလှမ်းခပ်စိပ်စိပ်လှမ်းကာ လမ်းလျှောက်ခြင်းက တင်ပါးနဲ့ ပေါင်ရှိ ကြွက်သားတွေ တင်းရင်းနေတာကို ဖော်ပြနေပြီး ဒူးခေါင်းပေါ် အားပြုကာ လျှောက်နေရတာကြောင့် ကြာလာပါက ဒူးခေါင်း ပြဿနာတွေ ကြုံတွေ့လာနိုင်ပါတယ်လို့
လေ့လာသူတွေက ပြောပါတယ်။ ခြေလှမ်းစိပ်ခြင်းက ကြွက်သားပြဿနာကြောင့်သာမက အာရုံကြောနဲ့လည်း သက်ဆိုင်နိုင်တယ်လို့ သိရပါတယ်။ ဟန်ချက်ထိန်းတဲ့ အစိတ်အပိုင်းဖြစ်တဲ့ နားအတွင်းပိုင်းမှာ ဒဏ်ရာ၊ နာကျင်မှု ဒါမှမဟုတ်
ရောဂါတစ်ခုခုရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။
……………………………………………………………………………………………………………………………………………………..
လက်လှုပ်တာ နည်းနေရင်

လမ်းလျှောက်ရာမှာ လက်ကို သိပ်မလွှဲပါက ဒါမှမဟုတ် လက်နှစ်ဖက်ကို ဘေးနှစ်ဖက်မှာ ကပ်ပြီး လျှောက်တတ်ပါက ကျောရိုးဆစ်အောက်ပိုင်း ဒါမှမဟုတ် လမ်းလျှောက်ရာမှာ အရေးပါတဲ့ ပေါင်ကြွက်သားမာတောင့်နေရာက ဖြစ်လာတတ်တဲ့ ခါးရွေ့လျားနိုင်စွမ်းချို့ယွင်းခြင်းဖြစ်နေတတ်ပါတယ်။ လက်ရှိလူနေမှုပုံစံတွေမှာ အထိုင်များတာကြောင့် ပေါင်ကြွက်သားတွေက လုံလောက်တဲ့ ဆန့်ထုတ်မှုတွေ မရရှိဘဲ ဖြစ်နေကာ ကြွက်သားသန်မာမှု လျော့နည်းလာတတ်ပါတယ်။ ဒီလိုမဖြစ်အောင် ရုံးမှာ တစ်နေကုန်မထိုင်ဘဲ မကြာခဏ လမ်းလျှောက်ပေးပါ။ အိမ်ပြန်ရောက်တဲ့အခါမှာလည်း ဒီယောဂကျင့်စဉ် ကျင့်ကြည့်ပါ။ မှောက်လျက်နေကာ လက်ဖ၀ါးနှစ်ဖက်ကို ပခုံးအောက်မှာထားပြီး ပခုံးကို ကြမ်ြး
ပင်ကနေ ကြွကာ လက်ဆန့်တန်းလိုက်ကာ ခန္ဓာကိုယ်ကို ဆန့်ထုတ်ပါ။
……………………………………………………………………………………………………………………………………………………..
ခြေလှမ်းနှစ်ဖက်မညီရင်

သဲစိုစိုပေါ်မှာ ခြေဗလာနဲ့ လမ်းလျှောက်တဲ့အခါ သဲပေါ်မှာ တင်ကျန်နေခဲ့တဲ့ ခြေရာတွေကို လေ့လာကြည့်ပါ။ ဘယ်ဘက်နဲ့ ညာဘက်လေ့လာကြည့်ပါ။ ဘယ်ဘက်နဲ့ ညာဘက်ခြေလှမ်းလှမ်းတဲ့ အကွာအဝေး မတူညီရင် ဒါဟာ သင်ရဲ့ ဒူးခေါင်း၊ တင်ပဆုံနဲ့ ခြေချင်းဝတ်တို့မှာ ဖြစ်တတ်တဲ့ အဆစ်ရောင်ရောဂါရဲ့ အစပျိုးလက္ခဏာရပ်တွေ ဖြစ်နိုင်ပါတယ်။
……………………………………………………………………………………………………………………………………………………..
လမ်းမြန်မြန်လျှောက်ရင်

လေ့လာချက်တွေအရ အသက်ကြီးသူတွေမှာ လမ်းမြန်မြန်လျှောက်ပေးခြင်းဖြင့် အရိုးကို သန်စွမ်းစေနိုင်ကြောင်း သိရပါတယ်။ တချို့အရာတွေမှာ သန်မာအောင် ဖိအားပေးရတာမျိုးရှိပါတယ်။ လမ်းမြန်မြန်လျှောက်ရာမှာ မြေပြင်နဲ့ ထိတွေ့ပြီး ပြန်ကန်ထွက်လာတဲ့အားက အသက်ကြီးလာတာနဲ့အမျှ အရိုးအတွက် ကောင်းစေပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ အရိုးပွရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။
……………………………………………………………………………………………………………………………………………………..
လမ်းဖြည်းဖြည်းလျှောက်ရင်

လမ်းဖြည်းဖြည်းလျှောက်ခြင်းက နာတာရှည်နာကျင်မှုနဲ့ အဆစ်ရောင်ရောဂါတို့ကြောင့် ဖြစ်နိုင်ပါတယ်။ လေ့လာချက်အသစ်အရ ဒါဟာ ဦးနှောက်စွမ်းရည် လျော့နည်းလာခြင်းရဲ့ အစောပိုင်း လက္ခဏာရပ်တစ်ခုလည်း ဖြစ်နိုင်ကြောင်း သိရပါတယ်။ သင်ရဲ့ မိခင် ဒါမှမဟုတ် အသက်ကြီးသူတစ်ယောက်ဟာ နဂိုထက်လမ်းလျှောက်တာ ပိုပြီးနှေးလာပါက သူတို့ရဲ့ ဦးနှောက်ကျန်းမာရေးကို စစ်ဆေးသင့်ကြောင်းလည်း အကြံပေးထားကြပါတယ်။
……………………………………………………………………………………………………………………………………………………..
မကြာခဏ ခလုတ်တိုက်ရင်

မကြာခဏ ခြေခေါက်လာတာတို့၊ ခလုတ်တိုက်တာတို့ ဖြစ်နေရင် ခြေလှမ်းကျဲကျဲလှမ်းရာမှာ ဒူးက လိုသလောက် ကွေးနိုင်၊ ဆန့်နိုင်ခြင်း မပြုလုပ်နိုင်တာကြောင့် ဖြစ်နိုင်တယ်လို့ သိရပါတယ်။
……………………………………………………………………………………………………………………………………………………..

လမ်းလျှောက်ပုံနဲ့ ကိုယ်ရည်ကိုယ်သွေးဆက်စပ်မှု

သင်ရဲ့လမ်းလျှောက်ပုံက သင့်ကျန်းမာရေးအခြေအနေကို ပြောပြနိုင်ရုံသာမက သင်ရဲ့ စိတ်နေသဘောထားနဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ ခန့်မှန်းနိုင်ပါတယ်။ ခန္ဓာကိုယ်က လှုပ်ရှားမှုမှန်သမျှဟာ စိတ်အခြေအနေကို ထင်ဟပ်ပြီး ဖြစ်ပေ
ါ်လာတာပါ။ ဒါကြောင့် လမ်းလျှောက်ဟန်ကို မူတည်ပြီး စိတ်နေစိတ်ထားကို ခန့်မှန်းကြည့်နိုင်တာပဲဖြစ်ပါတယ်။ ဒီမှာတော့ လမ်းလျှောက်ဟန်ကို လေးမျိုး ခွဲခြားပြထားပါတယ်။
……………………………………………………………………………………………………………………………………………………..
တိုက်ရိုက်တည့်တည့်လျှောက်ဟန်

ဒီလျှောက်နည်းလျှောက်ဟန်က တစ်နေရာကို ခပ်လောလောနဲ့ သွားနေသူမှာ တွေ့ရတတ်ပါတယ်။ သွားစရာတွေ ရှိနေ၊ လုပ်စရာတွေ ကျန်နေ၊နောက်ကျနေတဲ့အခါမျိုး၊ အလုပ်တွေများနေတဲ့အခါမျိုးတွေမှာ ဒီလိုလျှောက်တတ်ပါတယ်။
တည့်တည့်မတ်မတ်ကိုသာ လျှောက်တတ်ပြီး သင်လျှောက်နေတဲ့ လမ်းကြောင်းကနေ တခြားလူတွေကို ဖယ်ပေးဖို့မျှော်လင့်နေတတ်ပါတယ်။
……………………………………………………………………………………………………………………………………………………..
ပွင့်လင်းလွတ်လပ်စွာ လျှောက်ဟန်

လမ်းကြောင်း တည့်တည့်မလျှောက်တတ်သလို လက်ကိုလည်း လွှဲတတ်၊ ဘေးဘီဝဲယာကိုလည်း မကြာခဏကြည့်တတ်ကာ လမ်းလျှောက်ရင်း တန်းလန်း ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ယမ်းနေတတ်ပါတယ်။ ဒီလမ်းလျှောက်ဟန်ဟာ လွတ်လပ်ပေါ့ပါးတဲ့ ဟန်ဖြစ်ပြီး ဒီလိုလျှောက်တတ်သူဟာ ခင်မင်ရင်းနှီးလွယ်သူ၊ ပွင့်လင်းသူ၊ အခွင့်အရေးကောင်းတွေ ရှာဖွေတတ်သူပဲ ဖြစ်ပါတယ်။
……………………………………………………………………………………………………………………………………………………..
တွယ်တာစွာ လျှောက်ဟန်

လမ်းလျှောက်ရာမှာ လက်ပိုက်ပြီး လျှောက်တတ်တယ်။ ဒါမှမဟုတ် လက်ဖ၀ါးနှစ်ဖက်ဆုပ်ကိုင်ပြီး လျှောက်တတ်တယ်။ တခြားသူတွေနဲ့ အတူတူ လျှောက်ရာမှာလည်း သူတို့ရဲ့ ဘေးကပ်လျက်ကနေ လျှောက်တတ်တယ်။ သူတို့ရဲ့
လက်ကို ဆွဲထားတတ်၊ လက်မောင်းကို ကိုင်ထားတတ်တယ်။ ဒါဆိုရင်တော့ သင်ဟာ စိတ်ခံစားမှုလွယ်သူ၊ တွယ်တာတတ်သူပါ။ သင်နဲ့တွဲနေသူက သင့်ကိုယ်သင်ထက် ပိုစိတ်ဝင်စားကာ သူဘယ်လိုခံစားရသလဲ၊ သူဘယ်သွားနေသလဲဆိုတာကို မကြာခဏ သိချင်နေတတ်ပါတယ်။
……………………………………………………………………………………………………………………………………………………..
တွေးခေါ်ပြီး လျှောက်ဟန်

စည်းမျဉ်းစည်းကမ်းတွေအားလုံးကို လိုက်နာတတ်သူပါ။ ကားမောင်းရင် သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း မောင်းတတ်သလို လမ်းလျှောက်ရာမှာလည်း မှန်ကန်တဲ့ခြေလှမ်းတွေနဲ့သာ လှမ်းတတ်ပါတယ်။ လမ်းပြင်နေတုန်း မြေကြီးပေါ်မှာ ဘယ်လိုလျှောက်ပါဆိုပြီး ညွှန်ပြတာတို့၊ စက်လှေကားမှာ ညာဘက် ကပ်ပါဆိုပြီး ညွှန်ပြတာတို့ကို တွေ့ရင် တစ်သဝေမတိမ်း လိုက်နာတတ်သူပါ။ ဒါဟာ သင့်အနေနဲ့ စည်းကမ်းလိုက်နာတတ်သူဖြစ်ကြောင်း ပြသလို ရပ်တည်ချက် မပြင်းထန်ဘဲ သူများပြောစကားနားယောင်တတ်ကြောင်း၊ သိမ်းသွင်းရလွယ်ကြောင်းလည်း ပြပါတယ်။
……………………………………………………………………………………………………………………….

IMG_4462.jpg

လမ်းလျှောက်နည်း လျှောက်ဟန်ကို ဘယ်လိုပိုကောင်းစေမလဲ

……………………………………………………………………………………………………………………….
ဒဏ်ရာအနာတရတွေ လုံးဝပျောက်ကင်းနေပါစေ
…..
လမ်းလျှောက်တဲ့အခါ ခြေချင်းဝတ် အဆစ်နားတစ်ဝိုက်ကနေ အများဆုံး အားထုတ်ရတာပါ။ ဒီအဆစ်မှာ ဒါမှမဟုတ် ခြေသလုံးကြွက်သားမှာ ဒဏ်အနည်းငယ်ဖြစ်ရုံနဲ့ တင်ပါးတောင့်တင်းတာ၊ ခါးနာတာ၊ ဒူးနာတာတွေဖြစ်တတ်ပါတယ်။
ဒါကြောင့် အဲဒီနားတစ်ဝိုက် ဒဏ်ရာရပါက သေချာပျောက်ကင်းအောင် ကုသသင့်ပါတယ်။ မပျောက်သေးဘဲ လမ်းလျှောက်တာမျိုး မပြုလုပ်သင့်ပါဘူး။

လေ့လာချက်တစ်ခုအရ ခြေချင်းဝတ်လည်သွားသူတွေကို ရေခဲအုပ်၊ နားခိုင်းပြီး ခြေထောက်ကို အမြင့်တစ်နေရာပေါ် တင်ထားတာထက် Physiotherapy နည်းနဲ့ ကုသတာက ပိုပြီး အနာကျက်မြန်ဆန် ကောင်းမွန်စေပါတယ်။ ဒဏ်ရာလုံးဝပျောက်ကင်းခြင်းမရှိသေးဘဲ ခြေထောက်ကို အသုံးပြုပါက နေရာ အနည်းငယ်ပြောင်းလဲရာကနေ အချိန်ကြာလာတာနဲ့အမျှ နဂိုပုံမှန်နေရာကနေ အကုန် ပြောင်းလဲကုန်ပါလိမ့်မယ်။ အဲဒီအခါ ဟန်ချက်မထိန်းနိုင်တာတို့၊ ခြေခေါက်လဲ
တာတို့၊ အဆစ်ရောင်ရောဂါတို့ ဖြစ်လာနိုင်ပါတယ်။
……………………………………………………………………………………………………………………………………………………..
ခြေလှမ်းအကျယ် တိုင်းပါ

နံရံကို မျက်နှာမူရပ်ကာ ဒူးတစ်ဖက်ကို နံရံနဲ့ ထိတဲ့အထိ ကွေးကာ တခြားခြေထောက်တစ်ဖက်ကိုတော့ အနောက်ဘက်ကို ဆန့်နိုင်သမျှ ဆန့်ထုတ်ပါ။ ခြေဖမိုးက ကြမ်းပြင်နဲ့ ထိနေရမှာပါ။ ခြေသလုံး ကြွက်သားတွေ၊ Achilles အရွတ်တွေ တင်းနိုင်သမျှ တင်းအောင် ခံနိုင်တဲ့အထိ ဆန့်ထုတ်ပါ။

နံရံကနေ အနောက်ကို ဆန့်ထုတ်ထားတဲ့ ခြေထောက်၊ ခြေမအထိ အကွာအဝေးကို တိုင်းတာပါ။ ခြေနှစ်ဖက်ကို ဘက်ပြောင်းပြီး ဒီနည်းအတိုင်း ထပ်လုပ်ကာ အကွာအဝေးကို တိုင်းကြည့်ပါ။ အကွာအဝေးနှစ်ခုက နှစ်ဖက်စလုံးမှာ တူညီမှုမရှိပါက သင်ဟာ လမ်းလျှောက်ရာမှာ ဒါမှမဟုတ် ပြေးရာမှာ နှစ်ဖက်ညီမျှစွာ ပြေးလျှောက်လေ့မရှိတာကြောင့်ပဲ ဖြစ်ပါတယ်။

‪#‎ဒေါက်တာနုမြတ်‬
(Good Health Journal 581)

‪#‎Good_Health_Journal_Facebook_Page‬ တွင် ယခုကဲ့သို့ ကျန်းမာရေးနှင့်အလှအပဆောင်းပါးများကို ဖတ်ရှုနိုင်ပါသည်။

https://www.facebook.com/Good-Health-Journal-3907742110236…/

12821491_734533126647782_5926863395006726053_n

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s